ပ်ား

in #writing6 years ago

ရို့စ်မာရီ (rosemary) ရွက်မွှေးပန်းတွေ ရာသီကုန်သွားသော်လည်း ပူစရာမလို ပါ။ ကလျာဏီ
(sage) ပန်းတွေ ပင်လုံး ကျွတ် ပွင့်နေကြပြီ။ ဂရိနိုင်ငံတောင်ပိုင်း၊ ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသော
'ပီလိုပွန်နိစ်' တောင် ကုန်းပေါ်တွင်ကွေ့ကာပတ်ကာ ဖြတ် မောင်းလာသော နီကော့စ်ရက်ပတ်စ်၏
ကားအိုလေးသည် သမိုင်းမတင်မီ ရှေးဟောင်း 'မိုင်ဆင်နေ' မြို့ဟောင်း အပျက်အစီးအနီးရှိ ခရမ်း
ရောင် 'တိုင်းဟားဆင်' ပန်းခင်းကြီးရှိရာ ပျားဂေဟာသို့ ရောက်ရှိလာသည်။ကျွန်တော်တို့ ဂရိနိုင်ငံမှာတော့ ဒီပြသနာမတွေ့ကြံုရသေးပါဘူး" ဟု အေသင်စိုက်ပျိုးရေး
တက္ကသိုလ် ပါမေက္ခ ပါစချာလစ်က ဆိုသည်။ ဂရိ ပျားမွေးမြူရေးဂေဟာများသည် စီးပွားဖြစ်လယ်
ယာစိုက်ခင်းများနှင့် ကွာ လှမ်းသောနေရာများတွင် ရှိနေကြသည် ဖြစ်ရာ ပိုးသတ်ဆေးအန္တရာယ်မှ
ကင်းဝေးနေသဖြင့် ပျားများ အန္တရာယ် ကင်းနေကြရခြင်းဖြစ်သည်။

ဂရိနိုင်ငံ အကျယ်အဝန်းဧရိယာ၏ ၂၉ ဒသမ ၃၂ ရာခိုင်နှုန်းကိုသာ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း
တွင် အသုံးပြုလျက်ရှိပြီး ကျန်ဧရိယာများမှာ သစ်တောနှင့် သဘာဝဂေဟစနစ်အောက်၌သာ ရှိနေ
သဖြင့် ဂရိနိုင်ငံထွက် ပျားရည်များသည် ထူးခြားသော အနံ့အရသာနှင့် တစ်မူ ထူးခြားနေခြင်းဖြစ်
သည်ဟု ဂရိပျားမွေး မြူရေးသမားများ အသင်းဝင် OMSE ကပြောပြသည်။ရှေးပဝေသဏီကတည်းက ရှိခဲ့သော ဂရိဒဏ္ဍာရီတွင် အချစ်နတ်သား အီးရော့စ် သည် သူ၏
လေးနှင့်မြားကို မပစ်မီ သူ၏မြားကို ပျားရည်တွင် နှစ်ပြီးမှ ပစ်ခတ်သည်ဟုဆိုရာ ဤတိုင်းပြည်
တွင် ဤရွှေအဆင်းနှင့် ပျားရည်တို့သည် ကျယ်ပြောလှသော မြေလွတ်မြေရိုင်း တစ်ကြောတွင်
မျိုးရိုးဗီဇပြုပြင်ခြင်း မပြုရဘဲ အလျံအပယ် စီးဆင်းနေခဲ့ပုံ ရလေသည်။

နိုင်ငံများစွာတွင် ပျားများသေဆုံးမှု နှုန်း များနေသဖြင့် ကမ္ဘာတစ်ဝန်းရှိ ပျားမွေးမြူရေးသမားများ
အခက်တွေ့နေ စဉ်တွင် ကြွေးအကျပ်အတည်း ရင်ဆိုင် နေရသော ဂရိနိုင်ငံတွင် ဤအန္တရာယ်မှ
ကင်းဝေးနေလျက်ပင်ရှိသည်။ပျားအုပ်များ ပြိုကျပျက်စီးမှုသည် အမေရိကန်ပြည်ထောင်စုနှင့် ဂျာ
မနီ၊ စပိန်တို့ကဲ့သို့သော ဥရောပနိုင်ငံများတွင် ပြဿနာတစ်ရပ်ဖြစ်နေသည်။"ဂရိနိုင်ငံက ဆန့်ကျင်မဲပေးလိုက်တာ အတော်ကို စိတ်ပျက်စရာကောင်းပါ တယ်။ ကျွန်တော်တို့
နားမလည်နိုင် အောင်ပါပဲ" ဟု OMSE ဖက်ဒရေးရှင်း က ပြောသည်။

"ပိုးသတ်ဆေးသုံးစွဲမှုကို ပိတ်ပင်ခြင်း မပြုတာဟာ စိုက်ပျိုးရေးကို အထောက် အကူမပြုပါဘူး။
ဇီဝမျိုးပွားမှု ထိန်းသိမ်း စောင့်ရှောက်ရေးကိုလည်း အကျိုးမပြု ဘူး။ လူသားတွေနဲ့ အင်းဆက်ပိုးမွှား
တွေကိုလည်း အထောက်အကူမပြုဘူး။ ပျားတွေသေဆုံးနေကြတာ ဘယ်သူ့ ကိုမှ အကျိုးမပြုပါ
ဘူး"ဟု Greenpeace Greece အဖွဲ့မှ အယ်လ်လီနာဒါနာလီ က ပြောသည်။ဂရိနိုင်ငံသည် တစ်နှစ်လျှင် ပျားရည် တန်ချိန် ၁၂,၀၀၀ မှ ၁၇,၀၀၀ ထိ ထုတ်လုပ်ရာ ဥရောပတွင်
စပိန်နိုင်ငံ ပြီးလျှင် ပျားရည်ဒုတိယအများဆုံး ထုတ်လုပ်သောနိုင်ငံဖြစ်သည်။ သို့နှင့်တိုင် မနှစ်က
ဂရိနိုင်ငံမှ ပြည်ပ သို့တင်ပို့သော ပျားရည်မှာ တန် ၈၀၀ သာရှိပြီး ပြည်ပမှ ပျားရည်တင်သွင်းမှု မှာ
တန်ချိန် ၂,၀၀၀ ကျော်ရှိခဲ့သည်။

"ပျားမွေးမြူရေးကို ကျွန်တော် ကြိုက်တယ်။ ဒီအလုပ်က ၀ါသနာမပါ ရင်လုပ်နိုင်မှာမဟုတ်ပါဘူး။
ကျွန်တော့် ဖခင်က ရ၇ နှစ်ကျော်လို့ ရ၈ နှစ်ထဲ ရောက်နေပြီ။ ပျားမွေးမြူရေးလုပ်နေ တုန်းပဲ။ ပျား
မွေးမြူရေးသမားတစ် ယောက်အနေနဲ့ မွေးလာပြီး ပျားမွေး သမားတစ်ယောက်အနေနဲ့ သေမယ့်လူ
ပဲ"ဟု နီကော့စ်ရတ်ပတ်ခ်က ပြောကြား လိုက်သည်။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://myanmar.mmtimes.com/world-news/4860-2013-05-02-07-59-49.html

Congratulations @waywaymoee! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!