စပျစ်သီး

in #writing6 years ago

စပျစ်သီးကို လတ်လတ်ဆတ်ဆတ်စားလျှင် အရသာရှိသလို၊ တာရှည်ခံအောင် စည်သွတ်ပုလင်းသွတ်ပြီး ဖြစ်စေ၊ စပျစ်သီးခြောက်၊ စပျစ်ယို (Jam)၊ ဂျယ်လီ (Jelly) စသဖြင့် ပြုလုပ်ပြီး စားလျှင်ဖြစ်စေ၊ အရသာရှိပါတယ်။ စပျစ်သီးဖျော်ရည်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူတွေရှိသလို စပျစ်သီးဝိုင်ကို ဆေးဖြစ်ဝါးဖြစ်ရော၊ အပျော့စား ယမကာအဖြစ်ပါ မှီဝဲသူတွေလည်းရှိပါတယ်။ စပျစ်သီးမှာ ဗီတာမင်အမျိုးမျိုး၊ သံဓာတ် စတဲ့ သတ္တုအာဟာရဓာတ် အမျိုးမျိုးသာမက ဖိုက်တိုခယ်မီကယ် (Phytochemical) ဆိုတဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်နေပြီး ကျန်းမာရေးကို နည်းအမျိုးမျိုးနှင့် အကျိုးပြုပါတယ်။ စပျစ်စေ့က ထုတ်လုပ်တဲ့ ဆီ (Grape Seed Oil) ဟာ အသုံးဝင်သလို စပျစ်သီးအစေ့က ထုတ်ယူလို့ရတဲ့ အနှစ် (Extract) ကိုလည်း ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ သုံးကြပါတယ်။ခုချိန်ခါမှာ ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြားမှာ စပျစ်သီးကို သစ်သီးအနေနဲ့ စားသုံးဖို့၊ စပျစ်ယိုလုပ်ဖို့၊ စပျစ်သီး ဖျော်ရည်လုပ်ဖို့ ဝိုင်အရက်ထုတ်လုပ်ဖို့ စသဖြင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေကြပါပြီ။ စပျစ်သီးစိုက်ပျိုးတဲ့ နိုင်ငံတွေကို စိုက်ပျိုးတဲ့မြေ အကျယ်အဝန်းအလိုက် အောက်ပါ ဇယား (လက်ဝဲ)မှာ ဖော်ပြထားပါတယ်။

        ၂ဝ၁၂ ခုနှစ်အတွင်း စပျစ်သီး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေကိုလည်း တစ်နှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ ပမာဏအနည်းအများအလိုက် ဇယားနှင့် ဖော်ပြထားပါတယ်။

        ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (Food and Agriculture Organization-FAO) ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းမှာ စပျစ်သီး စိုက်ပျိုးထုတ်လုပ်နေတဲ့ မြေဧရိယာစုစုပေါင်းဟာ ၇၅၈၆၆ စတုရမ်းကီလိုမီတာ လောက်ရှိပါတယ်။ နှစ်စဉ်စိုက်ပျိုးဧရိယာဟာ ၂% လောက် တိုးတက်နေပါတယ်။ ထွက်လာတဲ့ စပျစ်သီး စုစုပေါင်းရဲ့ ၇ဝ% လောက်ကို စပျစ်ဝိုင် ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ၂၇% လောက်ကို သစ်သီးအနေနဲ့ လတ်လတ်ဆတ်ဆတ် စားသုံးကြပါတယ်။ ကျန်တာကို စပျစ်သီးခြောက်အဖြစ်လည်းကောင်း၊ စပျစ်ရည်အဖြစ်လည်းကောင်း၊ စည်သွတ်ပြီးတော့လည်းကောင်း ထုတ်လုပ်ရောင်းချကြပါတယ်။ စပျစ်ရည်ထုတ်လုပ်ရာမှာ အပို သကြားထုပ်မထည့်ဘဲ စပျစ်ရည်စစ်စစ်နှင့်သာ ထုတ်လုပ်ကြတာရှိသလို စပျစ်သီးကို စည်သွတ်ပုလင်းသွတ်တဲ့အခါမှာလည်း အပိုဆောင်း သကြားထပ်မထည့်ဘဲ သဘာဝစပျစ်ရည် (Own Juice) နဲ့ပဲ စည်သွတ်ပြီး ရာနှုန်းပြည့် စပျစ်သီးစစ်စစ် (Fruits canned “with no added sugar” and “100% natural”) ဆိုတဲ့ အာမခံချက်နဲ့ ထုတ်လုပ်ရောင်းချကြတာ ရှိပါတယ်။  ရှေးလူတွေ သဘာဝအတိုင်းပေါက်နေတဲ့ စပျစ်သီးကို မျိုးယူပြီး၊ ကိုယ်ပိုင်ဥယျာဉ်ခြံအနေနဲ့ စတင်စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ဝဝဝ ကနေ ၈ဝဝဝ လောက်ရှိပါပြီ။ အဏုဇီဝပိုး (Microorganism) တစ်မျိုးဖြစ်တဲ့ Yeast တွေဟာ စပျစ်သီးရဲ့အခွံပေါ်မှာ သဘာဝအလျောက် ရှိနေခြင်းကြောင့် စပျစ်သီးဟာ အချဉ်ပေါက်လာတာကို ကြည့်ပြီး၊ လူတွေဟာ စပျစ်သီးကို အချဉ်ဖောက်ပြီး ဝိုင် (Wine) နှင့် အခြားယမကာတွေ လုပ်တတ်လာပါတယ်။ ခုခါမှာ စပျစ်ဝိုင်ကို အဖျော်ယမကာအနေနဲ့သာမက ဆေးဖက်ဝင်အရည် တစ်မျိုးအနေနဲ့လည်း သောက်သုံးနေကြပါတယ်။ လူတွေဟာ ဝိုင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝဝ လောက်ကတည်းက ဂျော်ဂျီယာဒေသ (Georgia) မှာ ထုတ်လုပ်သုံးစွဲခဲ့ကြကြောင်း ရှေးဟောင်းသုတေသန အထောက်အထားတွေ တွေ့ရပါတယ်။ ခရစ်တော်မပေါ် မီ (ဘီစီ) ၄ဝဝဝ လောက်လို့ ခန့်မှန်းရတဲ့ ရှေ့အကျဆုံး ဝိုင် အရက်ပြုလုပ်ရာနေရာ (Winery) ကို အာမေးနီးယားမှာ တွေ့ရပါတယ်။ ခရစ်တော်ပေါ်ပြီး အေဒီ ၉ ရာစုမှာတော့ အရှေ့အလယ်ပိုင်းဒေသက Shiraz မြို့တော်ဟာ အကောင်းဆုံး ဝိုင်အရက်ထုတ်လုပ်ရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဂရိလူမျိုးတွေ၊ ရောမလူမျိုးတွေနှင့် ဖိုနီးရှန်း (Phoenicians) တွေဟာ ခရမ်းရောင် စပျစ်သီးတွေကို စိုက်ပျိုးပြီး သစ်သီးအနေနဲ့ စားသုံးခဲ့ရုံသာမက ဝိုင်အရက်အနေနဲ့လည်း မှီဝဲခဲ့တဲ့သမိုင်းကြောင်း အထင်ရှားရှိခဲ့ပါတယ်။ စပျစ်သီးစိုက်ပျိုးစားသုံးမှုဟာ အဲဒီကမှ ဥရောပတိုက်ရဲ့ အခြားဒေသတွေနှင့် အာဖရိက၊ အမေရိကဒေသတွေကို ပျံ့နှံ့သွားပုံရပါတယ်။
        စပျစ်သီး ၁ဝဝ ဂရမ် (၆-ကျပ်တစ်မတ်သား)မှ အင်အား ၉၆ ကီလိုကယ်လိုရီ လောက်သာ ရနိုင်တဲ့အတွက် စပျစ်သီးဟာ အခြားသစ်သီးအများစုလိုပဲ ကယ်လိုရီ မများဘူးဆိုတာ တွေ့ရပါတယ်။ အခြားသစ်သီး အများစုလိုပဲ အဆီမပါသလောက်နည်း (ဝ.၁၆ ဂရမ်သာပါ)တဲ့အတွက် ဝမှာကြောက်သူတွေ စားနိုင်တဲ့ အစားအစာမျိုးဖြစ်ပါတယ်။ စပျစ်သီးမှာ အများဆုံးပါနေတဲ့ အာဟာရဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ် ၁၈ ဂရမ်အနက် သကြားအမျိုးမျိုးက အများဆုံး (၁၅.၅ ဂရမ်လောက်) ဖြစ်ပါတယ်။ စပျစ်သီးဟာ ပန်းသီး၊ သစ်တော်သီး၊ မာလကာသီး စတဲ့ သစ်သီးတွေနဲ့ ယှဉ်လိုက်ရင် ကာဗိုဟိုက်ဒရိတ် (သကြား) ပိုများတဲ့ အသီးမျိုးဖြစ်ပါတယ်။ စပျစ်သီးမှာပါနေတဲ့ အစာမျှင်ပမာဏက ၁ ဂရမ်ပင်မပြည့် (ဝ.၉ ဂရမ်သာရှိ)တဲ့အတွက် ပန်းသီး၊ သစ်တော်သီး၊ မာလကာသီး စတဲ့ သစ်သီးတွေလောက် အစာမျှင်ကြွယ်တဲ့ အသီးမျိုးတော့ မဟုတ်ပါဘူး။ စပျစ်သီးမှာ ပရိုတင်းလည်း မများပါဘူး။ စပျစ်သီး ၁ဝဝ ဂရမ်မှာ ပရိုတင်း ဝ.၇၂ ဂရမ်သာ ရှိပါတယ်။![Screenshot_20181206-113947.jpg](https://cdn.steemitimages.com/DQmNNgrj9U16zXWaEfSqCFfPMT6MTBBoejDPpDRUhb1NVGP/Screenshot_20181206-113947.jpg)![Screenshot_20181206-113954.jpg](https://cdn.steemitimages.com/DQmcHuh2jrjTi1Jn8b39G2zw5jrAvgpdysT4dmB7LCmCYv7/Screenshot_20181206-113954.jpg)![Screenshot_20181206-113950.jpg](https://cdn.steemitimages.com/DQmWsNRFoV2qnnvHcgyCfQaXrHEJc5iQpJiwz8tPNNB8p7P/Screenshot_20181206-113950.jpg)
Sort:  

Congratulations @thaythaylay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 10 upvotes. Your next target is to reach 50 upvotes.
You published your First Post
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @thaythaylay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!