ကျွန်တော်တို့ငယ်ရွယ်တုန်းမှာအချိန်တွေသိပ်ပေါတယ်။
အဲဒါကိုကိုယ်တိုင်ကတန်ဖိုးထားပြီးအကျိုးရှိရှိအသုံးချမှကျွန်တော်တို့တွေဟာ တော်လာမယ်တတ်လာမယ်ထက်မြက်လာမယ်အများအတွက်အလုပ်တွေ ပိုလုပ်လာနိုင်မယ်။လူငယ်ဘဝကတစ်နာရီနဲ့လူကြီးဘ၀တစ်နာရီဟာ တန်ဖိုးချင်းမတူတော့ဘူး။အကျိုးပြုနိုင်ပုံချင်းမတူတော့ဘူး။ ရတဲ့အကျိုးအမြတ်ချင်းလည်းကွာသွားပြီ။ဒါကြောင့်မို့ငယ်ရွယ်စဉ်မှာ ကိုယ့်အချိန်ကိုတန်ဖိုးထားပြီးကြိုးစားပါ။ဒါမှနောင်တစ်ချိန်မှာကိုယ့်အချိန်တွေကို လူတွေကလည်းတန်ဖိုးလိုက်ထားကြပါလိမ့်မယ်။
Sort: Trending