မမေ့နိုင်တဲ့ ချင်းပြည်နယ်အမှတ်တရ အပိုင်း( ၂ )

in #travel7 years ago (edited)

တစ်စတစ်စ ခရီးတွင်လာသလို တောင်အမြင့်ကြီးပေါ်သို့ တက်ရပြန်တယ်။ တစ်ချို့နေရာတွေမှာ မိုးသည်းထန်သလောက် တစ်ချို့နေရာတွေမှာတော့ နူးညံ့လှပသော မိုးနှင်းလေးတွေဝေ့ဝဲနေတာ တွေ့မြင်နေရပါတယ်။မိုးရာသီမှာ မိုးနှင်းလို့ ခေါ်ရပေမယ့် နှင်းမှိုင်းကြောင့် တစ်လောကလုံး မှောင်ပိတ်နေအောင်မှိုင်းတိုက်နေတာမို့ ဆောင်းရာသီအလား မှတ်ထင်ရပါတယ်။ ဒီလို ထုထည်ကြီးမားလှတဲ့ ဆီးနှင်းမိုးကျတဲ့အခါမျိုးမှာတော့ ကားမီးရဲ့ အလင်းရောင်လေးနဲ့ ခရီးဆက်ရပြန်ပါတယ်။တောင်ထိပ်အမြင့်ပေါ်သို့ရောက်လေလေ ၊ကောင်းကင်ကြီးနဲ့နီးလေလေဟူ၍ ခံစားရပြန်ပါတယ်။ မိုးမရွာ၊နေမပူတဲ့ အရပ်မှာတော့ ကျယ်ပြောလှတဲ့ တောင်တန်းတွေကြား တိမ်ခိုးငွေ့တွေ လူးလာခေါက်ပြန်သွားနေကြတာကိုလည်း သာယာကြည်နူးဖွယ်ရာ တွေ့မြင်နေရပါတယ်။သဘာဝလောကကြီးရဲ့ အလှတရားတွေဟာ အင်မတန်မှ မှင်တက်စရာကောင်းလှပါတယ်။ကျွန်တော်တို့သွားခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာတော့ နေပူတာကို ရံဖန်ရံခါသာတွေ့ခဲ့ရပါတယ်။
image
ခရီးတစ်လျှောက်လုံး ကျွန်တော်တို့အားလုံးဟာ သီချင်း ပြိုင်တူ အော်ဆိုလိုက်၊ရယ်လိုက်မောလိုက်နဲ့ ပျော်စရာ အလွန်ကောင်းလှပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ခံစားချက်နဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ် တိတ်ဆိတ်သွားကြပါသေးတယ်။တစ်ယောက်က သီချင်းတစ်ပုဒ်အစပျိုးပေးလိုက်ရင် အားလုံး ပြိုင်တူ ရသမျှ အော်ဆိုကြတာကလည်း မမောနိုင်မပန်းနိုင်ပါ။တစ်ယောက်ကိုတစ်ယောက်ကျီစား စနှောက်ကြပြီး ထိတ်လန့်စရာခရီးကို အတွေးများ၊ ပျော်စရာများနဲ့ ဖြေဖျောက်ခဲ့ရပါတယ်။ချမ်းအေးတဲ့ရာသီဥတုအရှိန်ဒဏ်ကြောင့် သဘာဝရဲ့တောင်းဆိုမှုဟာ မကြာခဏဆိုသလိုပြဿ နာရှိတာမို့ ခရီးတစ်ထောက်နားခဲ့ရပါတယ်။ကျန်းမာရေးသွားချင်တဲ့အခါမျိုးဆိုရင် ကားဆရာကြားအောင် သူငယ်ချင်းများမှ အော်ပေးကြပြန်ပါတယ်။သူတို့အော်လိုက်တဲ့ စကားကိုလည်း အခုထိ အမှတ်ရနေပါတယ်။"ကားဆရာရေ ပေါက်တောတဲ့"။ ဘယ်လို စကားမျိုးမှန်းမသိပေမယ့် အဓိပ္ပါယ်နားလည်ရှာတဲ့ ကားဆရာကတော့ စိတ်ရှည်သည်းခံပြီး ကားရပ်ပေးရပြန်ပါတယ်။ကွ
ျန်တော်ရဲ့ သူငယ်ချင်းအများစုဟာ ချင်းတိုင်းရင်းသားများဖြစ်ကြတဲ့အတွက် ရိုးသားပွင့်လင်းစွာပြောကြတာလည်း မဆန်းပါဘူး။
image
လမ်းမှာ ခရီးတစ်ထောက် နားကြတဲ့အခါမျိုးဆိုရင် သူငယ်ချင်းတွေနဲ့ အရင်ဦးဆုံး ခေါင်ရည်ဆိုင်ကို တန်းပြေးကြပါတယ်။ချမ်းလွန်းတဲ့အတွက်ကြောင့် တောင်ပေါ်ခေါင်ရည်လေးကို အချမ်းပြေ သောက်ကြပါတယ်။ ကျောင်းသူတွေနဲ့ ဆရာမတွေကတော့ မသောက်ကြလို့ အချမ်းဒဏ်ကို ကြိတ်မှိတ်ခံစားနေကြဟန်ရှိပါတယ်။သူတို့ကတော့ ရေနွေး၊အာပူလျာပူ နှင့် စာဗူးသီး အစားအစာနဲ့သာ တင်းတိမ်နေကြရှာပါတယ်။ စာဗူးသီး အစားအစာနဲ့ ခေါင်ရည်ကတော့ ချင်းပြည်နယ်ရဲ့ ရိုးရာ အစားအစာတစ်ခု ဖြစ်တာနဲ့အညီ အတော်လေး အရသာရှိလှပါတယ်။ချိုမြမြနဲ့ အရသာရှိလှတဲ့ ခေါင်ရည်ကို အိုးထဲမှ တစ်ကျို့စီ သူငယ်ချင်းတွေနဲ့ စုတ်သောက်ကြပါတယ်။လေး၊ငါးခေါက်လောက်စုတ်သောက်ကြပြီးရင် အဆာပြေ စားကြပါတယ်။ယောကျာ်းလေးများဟာ ဇိမ်ယူတတ်တဲ့အတွက်ကြောင့် ဆရာမနဲ့ အခြား မိန်ကလေးများရဲ့ ငြူ စူခြင်းကို ခံကြရပါတယ်။ကားပေါ်သို့ အရင်ရောက်ရှိသော မိန်းကလေးများဟာ ကားဆရာနဲ့စပယ်ရာ ကို ဟွန်းတီးခိုင်း၍ ယောက်ျားလေးများကို အပူတိုက်ကြပြန်တယ်။ ဘယ်လောက်ပဲ ဂျီကျနေပါစေ ယောကျာ်းလေးများဟာ လမ်းမှာ အနားပေးတိုင်း အခွင့်အရေးကို အပြည့်အဝအသုံးချကြပါတယ်။လူအားလုံးစုံလျှင် ခရီးရှည်ကို စူပါဒိုင်နာဖြင့် စတင် ခုတ်မောင်းပါတော့တယ်။
image
ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မလျှော့သောလုံ့လဖြင့် တက်ညီလက်ညီ ချီတက်လိုက်တာ ခရီးပန်းတိုင်ကို ဆိုက်ရောက်ခဲ့ပါတယ်။ကျွန်တော်တို့အဖွဲ့ ပျော်စရာကောင်းတဲ့ လေ့လာရေးခရီး၊အပျော်ခရီး ပန်းတိုင်ကတော့ ချင်းပြည်နယ်၊သိုင်းငင်းရွာအလွန် လေထန်ကုန်းဆိုတဲ့နေရာလေးပါ။အဲ့ဒီနေရာဟာ အနည်းငယ် မြင့်ပြီး သူ့ရဲ့ အောက်မှာတော့ တောင်အထပ်ထပ်နဲ့ ရှုချင်စဖွယ်ကောင်းလှပါတယ်။(အဲ့ဒီနေရာဟာ လေဘယ်လောက်ထန်လဲဆိုတော့ တောင်အောက်ကို ချလိုက်တဲ့ ဦးထုတ်ဟာ လေပေါ်မှာသာ ဝဲပျံနေတတ်ပါတယ်) ။၁၂နာရီခွဲလောက်မှာရောက်ရှိပြီး ရာသီဥတုအနေဖြင့် နေလည်းသိပ်မပူသလို၊ မိုးလည်းမရွာတော့ပါဘူး။ကောင်းကင်ယံမှာခုန်ပေါက်ပြေးလွှားနေတဲ့ တိမ်လွှာတွေကိုသာ အရှင်းသားမြင်နေရပါတယ်။ ရောက်ရောက်ချင်း ဗိုက်ရဲ့ အလိုဆန္ဒဖိတ်ခေါ်မှုကြောင့် ပါလာသောထမင်းဘူးလေးတွေကို တစ်ယောက်တစ်ဘူးဆီ ဝေငှစားသောက်ကြပါတယ်။ကားဆောင့်လွန်းလို့ ဗိုက်ထဲမှာရှိတဲ့ အစာတွေဟာလည်း ဘယ်နားကပျောက်လိုပျောက်မှန်းမသိဖြစ်ပြီး ဆာလောင်မွတ်သိပ်နေကြလေရဲ့ ။ဒါကြောင့် ထမင်းစားတဲ့အချိန်ကို ငါးမိနစ်တောင်ပေးလိုက်ရမယ်မထင်ပါဘူး။တစ်ချို့လည်း ဗိုက်မဝလို့ ပါလာသော အသင့်စားမုန့်ကြွပ်ကလေးတွေ ထုတ်ယူစားသောက်ကြပါတယ်။ တော်ရုံတန်ရုံ အဆာခံနိုင်တဲ့ကျွန်တော်တောင် အာသာမကျေလို့ ဝေငှပေးသော မုန့်၊အအေးတွေတင်မက ကိုယ်တိုင်ဝယ်လာသော ၅၀၀တန်ကိတ်ခြောက်လေးဖြင့် သူငယ်ချင်းတွေနဲ့ လုယက်စားသောက်ကာ ဗိုက်ကို ထပ်မံဖြည့်တင်းလိုက်ပါတယ်။ပျော်ပျော်ပါးပါး စားသောက်ကြပြီးနောက် တောင်ပေါ်သို့ ခြေလျင် တက်ရောက်ရန် အားမွေးနေကြပါတယ်။
image
တောင်ပေါ်က မမြင့်လွန်းပေမယ့် တက်ဖူးတက်ဆ မရှိတဲ့လူတွေကို စောင့်ရင်း တဖြည်းဖြည်းတက်ကြရတဲ့အတွက် ၁၀မိနစ်လောက်တက်ခဲ့ရပါတယ်။တောင်ပေါ်သို့ ရောက်လျှင် ရောက်ချင်း ရှုခင်းလှသောနောက်ခံကို ရွေး၍ အဖွဲ့လိုက် စုံစုံညီညီ ဓာတ်ပုံရိုက်ကြပါတယ်။အဖွဲ့လိုက်ရိုက်ပြီးနောက် တစ်ချို့ ဖုန်းဝယ်နိုင်တဲ့လူတွေက selfieရိုက်ကြပြီး ကျွန်တော်အပါအဝင် အများစုမှာတော့ သူငယ်ချင်းဝယ်ထား၍ပါလာသော canon တံဆိပ် ကင်မရာလေးနဲ့သာ အလုအယက် ရိုက်ကြရရှာပါတယ်။သူငယ်ချင်း၏ ကျေးဇူးကြောင့်သာ လောကကြီးရဲ့ အလှတရားနဲ့ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။(ယနေ့ခေတ်လိုများ ဖုန်းရှိခဲ့ပါက selfieဆွဲချင်တဲ့ ကျွန်တော်အတွက် ပြောစရာလိုမည် မထင်ပါ)ကျွန်တော်တို့ဟာ သာယာလှပတဲ့ ရှုခင်းတွေနဲ့အတူ ဓာတ်ပုံရိုက်လို့ မဝနိုင်အောင် အလောတကြီးဖြစ်နေကြပါတယ်။လူတစ်ချို့က ဝေဝေဆာဆာပွင့်နေသော တောင်ဇလပ်ပန်းများကို ခူးယူကြသလို လူတစ်ချို့ သစ်ပင်ခွကြားထဲ၌ ပေါက်ရောက်နေသော ရှားပါး သစ်ခွပန်းပင်များကို ဥဒဟို သွားလာ၍ ဆွတ်ယူကြပါတယ်။ ကျွန်တော့်အနေဖြင့်တောင်ခြေမှာ ပေါက်ရောက်နေသော တောင်ဇလပ်ပန်းနှင့် သစ်ခွပန်းပွင့်လေးများကို ဆရာမနှင့် သူငယ်ချင်းများအား ခက်ခက်ခဲခဲ ရယူပေးခဲ့ပါတယ်။ကျွန်တော်တို့အားလုံးဟာ ပျော်ပျော်ပါးပါးနဲ့ ခူးယူလာသော ပန်းပွင့်လေးများနဲ့လည်း သူတစ်ပုံ ကိုယ်တစ်ပုံ ဓာတ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။
image
ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ကြပြီးနောက် ကျွန်တော်တို့ဟာ ကလေးများပမာ စိန်ပြေးတမ်းပြေးလွှားဆော့ကစားခြင်း၊မဲဖောက်၍ ကိုယ်ဟန်အမူအရာ လုပ်ပြခိုင်းခြင်း၊ပါဆယ်ဂိမ်းများလှဲလှယ်ခြင်းစသည့် ကစားနည်းများကို ဆော့ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ထိုနေရာ၌ အားရကျေနပ်အောင် နေကြပြီး နောက်ဆုံးတွင် အပြန်ခရီးကို စတင်ခဲ့ပါတော့တယ်။ အပြန်လမ်းမှာတော့ အတက်ခရီးလို တက်တက်ကြွကြွ ရှိကြပုံမရကြဘဲ တွေဝေငေးမောနေကြပါတယ်။အိမ်ပြန်လမ်းမှာ ရွာတဲ့မိုးဟာ အလွမ်းတွေကို သယ်ဆောင်လာသယောင် ခါးသီးလှပါတယ်။အဆင်းကတော့ သွားလာရတာ အဆင်ပြေချောမွေ့လှတာကြောင့် သဘာဝအလှတရားကို အချိန် ကြာကြာမခံစားခဲ့ရပါဘူး။ အားလုံးဟာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ လွမ်းမောစရာအမှတ်တရနေ့ရက်လေးကို ကိုယ်စီ တစ်ဖန်ပြန်မက်ခွင့်ရပါစေလို့လည်း ဆန္ဒရှိနေကြမှာပါ။
ဆက်လက်ကြိုးစားပါဦးမည်....

Photo Credit-Google
@tamuthar( Own Creater)
image

Sort:  

good bro

ကျေးဇူးပါ..

ဟားတမူး လွမ်းသွားပြီဗျာ

နှစ်ခါတောင် လွမ်းသွားတာလား

a တစ်ခါတည်းအားမရဘူးလေ internet က မကောင်းဘူးဟ ကိပြီးပြန်တက်တော့ com က ပြန်ထွက်

ဟားတမူး လွမ်းသွားပြီဗျာ

wow တမူးရေ ကောင်းတယ်ဟေ့ ။ upvote you.

နောက်ဆိုရင် မဟုတ်က ဟုတ်ကတော့ လာတော့မယ်...😃

good broရေ

ကျေးဇူးဗျာ..

good တယ် ဗျား!

ဆက်၍ ကြိုးစားသွားပါဦးမည်။ကျေးဇူးပါ fighting together

ချင်းတောင်တန်းကြီးလည်းလွမ်းတယ် လိုက်ပို့

ပူတာအိုလိုတော့ ပျော်စရာကောင်းမယ် မထင်ပါဘူး...😜😜😜

good post

အေးအေး ကျေးဇူးပါကွာ....

ချင်းတောင်ကိုခရီးသွားချင်စိတ်တောင်ပေါ်လာတယ် ချင်းမလေးတွေအကြောင်းမပါတော့ ဟာတာတာကြီး ဟီး

ဟဲဟဲ ဆက်၍ ကြိုးစားသွားပါဦးမည်။..😁😁

တမူးက စစ်ကိုင်းထဲမှလေ
ချင်းပြည်ထဲဘာသွားလုပ်တယ်

လေ့လာရေး ခရီးသွားတာဗျာ...အပိုင်း ၁ ရဲ့အဆက်ဆိုတော့ မျက်စိတော့လည်မှာ သေချာတယ်...😃

i wish to be there... so beautiful

Yes,bro.Chin State have many beautiful places.I would like to go again.