Gold III ကိုရောက်ပ​ြီ

in #steempress5 years ago (edited)

ဒီရာသီမှာတော့ ရာသီပြီးဖို့ နှစ်ပတ်အလိုမှာ Gold III ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Gold III ကိုရောက်သွားပ​ြီ ဖြစ်တဲ့အတွက် ရာသီပြီးတဲ့ အချိန်မှာ rewards ကဒ် ၂၂ ကဒ် ရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ gold ကို စိတ်ဝင်စားတဲ့အတွက် ၂၅% ရွှေကဒ်ရဖို့ အခွင့်အရေး ထပ်ပေါင်းထည့်ပေးတဲ့ Alchemy potion တစ်ခု ဝယ်ထားပါတယ်။ ရွှေကဒ်များ ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

သူက charges ငါးရာ ပါပါတယ်။ ဈေးကတော့ ၆၀၀၀ DEC ပေးရပါတယ်။ ရွှေကဒ်ကောင်းကောင်းလေး တစ်ခုလောက် ရရင်တော့ တန်ပါတယ်။ Epic တစ်ကဒ်လောက် ရရင်တော့ DEC ၁၅၀၀၀ ရမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ နို့မိုဆိုရင် ရွှေကဒ်တွေ ဝယ်ရတာ အတော်ကို ဈေးကြီးပါတယ်။

ကျွန်တော့် ကဒ်အနေအထားနဲ့ ဆိုရင်တော့ Gold ကိုတော့ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည် ထိမ်းထားနိုင်ဖို့တော့ မလွယ်ပါဘူး။ အထူးသဖြင့် quest လုပ်တဲ့ အချိန်ဆိုရင် အဆင့်ပြန်ကျသွားပါတယ်။ Steemmonsters ကလဲ ရတဲ့ DEC တွေကို အထဲပြန်ထည့်တာနဲ့ပဲ ကုန်တာပါပဲ။ ကိုယ်သုံးရတယ်ကို မရှိပါဘူး။ ကိုယ်ကလဲ ရလေလိုလေ ဖြစ်နေတာကိုး။

Nextcolony ကတော့ ဆုက တစ်ခါထဲ ပေးပြီးတာနဲ့ ပြီးသွားမယ်နဲ့တူတယ်။ SM ကတော့ ရေရှည်သွားမယ့်ပုံရှိတယ်။ ဘယ်လောက်လောက်အထိ ကြာမလဲတော့ မသိသေးပါဘူး။ ဒါပေမဲ့ ကဒ်တွေ ဆက်တိုက်ထွက်လာတဲ့ အတွက်လူတွေက ဝယ်ပြီးရင် ဝယ်ရင်းပါပဲ။ ပိုက်ဆံတွေ ထည်ပြီးရင် ထည့်ရင်းနဲ့ပဲ ခရီးဆက်နေပါတယ်။ ကဒ်တွေ မဝယ်ရင်လဲ အနိုင်ရဖို့ ခက်သွားပါတယ်။ ကျွန်တော်ကတော့ ကဒ်တွေ ဝယ်ဖွင့်တာ သိပ်ပြီးတော့ ကံမလိုက်ပါဘူး။ တစ်ကယ်တန်ဖိုးရှိတဲ့ ကဒ်တွေ မရပါဘူး။ ဘာပဲ ဖြစ်ဖြစ် ရှေ့ဆက်ရတော့မှာပဲလေ။ စက စမိပြီကိုး။

All images are taken from https://steemmonsters.com



Posted from my blog with SteemPress : https://steemhosting.com/?p=104
Sort:  

Hi, @mmunited!

You just got a 2.48% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

မိုက်တယ် ဒီရာသီတော့ Gold တောင်မရောက်လောက်ဘူး ကျွန်တော်ပြောတာပါ။