"နေ့စဉ် ဟဒီးဆ်တော်" (37)
ကိုယ်တော်မြတ်ကြီး (ﷺ) ကအမိန့်ရှိတယ်။ "မုအ်မင်န်ဟာ အခြားမုအ်မင်န်တစ်ဦး အတွက် အဆောက်အဦး တစ်ခု (ရဲ့ နံရံကြီး) နဲ့ အလားသဏ္ဍာန်တူတယ် …… ၎င်း(နံရံကြီးရဲ့) အစိတ်အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု ခိုင်ခံ့အောင် ရစ်ပစ်ဖွဲ့နှောင်ထားတယ်"
(ဗိုခါရီကျမ်း : ဟဒီးဆ်နံပါတ် 481 / မွတ်စ်လင်မ်ကျမ်း : ဟဒီးဆ်နံပါတ် 2585)
عَنْ أَبِي مُوسَى عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ، قَالَ : " إِنَّ الْمُؤْمِنَ لِلْمُؤْمِنِ كَالْبُنْيَانِ يَشُدُّ بَعْضُهُ بَعْضًا ".
(صحيح البخاري : رقم الحديث ٤٨١ / صحيح مسلم: رقم الحديث ٢٥٨٥)
ရှင်းလင်းချက် ။ ။ အစ္စလာမ်ဟာ လူသာအချင်းချင်း ညီညွတ်ရေး , ချစ်ခင်မှုတွေနဲ့ နှောင်ဖွဲ့ရေး , အချင်းချင်း ကူညီရိုင်းပင်းရေးကို အလွန်အလေးထား သွန်သင်ပေးသော သာသနာတစ်ခုဖြစ်တယ်။
လောကကြီးမှာ ကျင်လည်နေနေရတဲ့ လူသားအချင်းချင်း မေတ္တာတွေ မျှဝေနိုင်ဖို့ ညီညွတ်ရေး , အကူအညီပေးရေးတွေဟာ အလွန်ပဲ အခရာကျလှတယ်။
ဒီအထဲမှာ မွတ်စ်လင်မ်အချင်းချင်းဟာဖြင့်လည်း တစ်ဦးနဲ့တစ်ဦး ညီနောင်အဖြစ်သတ်မှတ်ကြဖို့ အမိန့်ပေးထားတယ်။
ညီနောင်တွေဆိုတာ အချင်းချင်း ညီညွတ်မှုတွေနဲ့ ခိုင်မာစွာ ရပ်တည်ကြရတယ်။ ဒုက္ခရောက်နေသူတွေ ကို ကူညီရိုင်းပင်းရတယ်။
ဒါ့ကြောင့်ပဲ အထက်ဖော်ပြပါ ဟဒီးဆ်တော်မှာ မုအ်မင်န်မွတ်စ်လင်မ် အချင်းချင်းဟာ တစ်ဦးနဲ့တစ်ဦး ကူညီမှု , ရပ်တည်ပေးမှု အတွက် နံရံကြီးတစ်ခုပမာ ဖြစ်နေရမယ်လို့ မိန့်ဆိုထားတယ်။
နံရံကြီးတစ်ခုဆိုတာ ဒီနံရံကြီးတည်တံ့ဖို့ အုပ်ချပ်တွေဟာ တစ်ချပ်နဲ့တစ်ချပ် တည်တံ့အောင် ရစ်ပစ်ဖွဲ့နှောင်ထားကြတယ်။
အလားတူပဲ မုအ်မင်န်မွတ်စ်လင်မ် အချင်းချင်းဟာလည်း တစ်ဦးရဲ့ ရပ်တည်ရှင်သန်နိုင်ရေးအတွက် အခြားတစ်ဦးဟာ အထောက်အကူဖြစ်စေရမှာဖြစ်ကြောင်း မိန့်ဆိုထားခြင်းဖြစ်တယ်။
#ဟဒီးဆ်တော်တွေရဲ့အသိတရားတိုးပွားမှုလိုက်နာလိုမှုကိုရှေ့ရှုခြင်းအားဖြင့်များများဖြန့်ဝေပေးကြပါ။
Mohammad Anas