သင့်ရဲ့အိမ်ထောင်ဖက် (သို့ ) သင်ရည်ရွယ်ထားတဲ့ ဘဝလက်တွဲဖော်က အင်/ယာတစ်ယောက် ဖြစ်နေပြီလား။
ဟုတ်ကဲ့..သင်က ကံကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီလို့ ယုံကြည်ထားလိုက်ပါ..။
(၁) လူနှစ်ဦး ဘဝတစ်ခုအဖြစ် ပေါင်းစပ်တဲ့အခါ ရေတို ရေရှည် နှစ်ခုလုံးအတွက် စဉ်းစားရပါတယ်။ အဲ့လိုအချိန်မျိုးမှာ သင့်ရဲ့လက်တွဲဖော်က အင်/ယာတစ်ယောက်ဖြစ်နေတဲ့အတွက် ကြိုတင်တွေးဆထားပြီးသားပါ..။ အဆောက်အအုံတစ်ခု တည်ဆောက်တဲ့အခါ Foundation ကစလို့ အမိုးမိုးပြီးတဲ့အထိ စဉ်းစားနေကြဖြစ်တာမို့ သင့်ရဲ့လက်ကို ဆုပ်ကိုင်ပြီဆိုတဲ့အချိန်ကတည်းက သူ ကြိုတင်စဉ်းစားထားမှာပါ..။ ဖြစ်ပေါ်လာတဲ့ အဆိုးအကောင်းတွေနဲ့အတူ ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ရေရှည်ခိုင်ခံ့ပါစေ ဆိုတဲ့ရည်ရွယ်ချက်တွေ သူ့မှာရှိပြီးသားပါ...။
(၂) သင့်ရဲ့လက်တွဲဖော်က အသုံးအဖြုန်းမခွဲခြားတတ်တဲ့လူတစ်ယောက်ဖြစ်မှာ စိုးရိမ်နေပါသလား။
စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်ဖို့ အင်/ယာတစ်ယောက်ကို ရွေးချယ်လိုက်ပါ။
ခန့်မှန်းကုန်ကျစရိတ်တွေနဲ့ အသားကျနေတဲ့သူက ဘယ်နေရာမှာ ဘယ်လောက်ကုန်မယ် ဆိုတဲ့ တွက်ချက်မှုတွေနဲ့အတူ Wastage % တွေပါ ထပ်ဆောင်းစဉ်းစားပေးထားတာမို့ မလိုအပ်တဲ့သုံးစွဲမှုတွေအစား လိုအပ်ချက်တွေဖြည့်ဆည်းလို့ သင့်ရဲ့ဝင်ငွေထွက်ငွေကို စီစစ်ပေးမှာပါ..။
(၃) နေရာတကာ တွက်ချက်မှုတွေနဲ့မို့ ခေတ်နောက်ကျတဲ့သူတစ်ယောက်ဖြစ်မှာစိုးရိမ်နေတာလား။အဲ့အတွေးတွေ ဘေးဖယ်ထားလိုက်ပါ မိတ်ဆွေ။
ခေတ်မီဆန်းသစ်တဲ့နည်းပညာရပ်တွေကို လေ့လာနေရပြီး တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတော်ဖြစ်ဖို့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေရတဲ့သူတစ်ယောက်မို့ ခေတ်နောက်ကျတဲ့အတွေးတွေ ဖယ်ထုတ်ထားပြီး သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ သင့်ကို ပွဲလယ်တင့်စေတဲ့ ဆင်ယင်မှုမျိုးနဲ့ မျက်နှာပန်း ပွင့်လန်းစေအုံးမှာပါ..🕴👖👔👞📲
(၄) သင့်လက်တွဲဖော်ရဲ့ အပြောအဆို၊ အနေအထိုင်၊ အပြုအမူတွေကြောင့် သင့်မိဘ၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်ရမှာစိုးရိမ်နေပါသလား။
" ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား" တတ်တဲ့ အင်/ယာများပေမို့ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်အောက်ငယ်သား လူတန်းစားအလွှာလွှာနဲ့ ပြေလည်အောင် ဆက်ဆံတတ်ကြတာမို့ ပေါင်းသင်းဆက်ဆံရေးအတွက် သင် စိတ်ချလိုက်ပါတော့..👌👌
(၅) အကယ်၍ သင့်ရဲ့ဝင်ငွေနည်းပါးပြီး ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အိမ်စရိတ်၊ အသုံးစရိတ် မလောက်ငှမှာကို စိတ်ပူနေပါသလား။ သင့်ရဲ့အတွေးတွေကို အမြန်မောင်းထုတ်လိုက်ပါ။ သင့်ရဲ့ဝင်ငွေကို စီစစ်သုံးစွဲမယ့်အပြင် သူ့ရဲ့ဝင်ငွေကလည်း သင့်မိသားစုကို ပိုလျှံစေအုံးမှာပါ...💸💰
အိမ်တစ်လုံးဆောက်ပြီဆိုကတည်းက ရေရှည်ခိုင်ခံ့မှု၊ သပ်ရပ်လှပမှုတွေနဲ့အတူ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေအတွက် ဘယ်လိုပြုပြင်ထိန်းသိမ်းကာကွယ်ရမယ်ဆိုတာ ကြိုတင်တွေးဆထားပြီးသားမို့ တိကျတဲ့အနာဂတ်တွေနဲ့ လှပတဲ့ဘဝတစ်ခုတည်ဆောက်ချင်တယ်ဆိုရင်ဖြင့် အင်/ယာကိုသာ ရဲရဲကြီးလက်တွဲလိုက်ပါ 😝😝 ![image](https://img.esteem.ws/820bekslo7.jpg)