လူငယ်နှင့် စည်ကမ်း ၂

in #steemit5 years ago

အကွပ်မဲကြမ်း ပရမ်းပတာ ဖြစ်သလို နှုတ်ခမ်း သပ်ပါသော တောင်းသည် ခိုင်မြဲသည်။ ထို့ အတူ စည်းကမ်းရှိသော လူငယ် သည်သာလျှင် အောင်မြင်မှု ကို ရရှိနိုင်သည်။ အိပ်ရာ စားရာ နေထိုင်ရာ နှင့်ပညာသင်ကြားရာ အားလုံး၌ စည်းကမ်းရှိရပါမည်။ အလေ့အကျင့်သည် ထုံးစံဖြစ်လာနိုင်သည်။ စည်းနှင့် စား စည်းနှင့်သွား စည်းနှင့်အိပ် စည်းနှင့် ပညာသင်သောသူသည် အခက်အခဲဟူ၍ မပေါ်ပေါက်နိုင်တော့ပါ။ အောင်မြင်မှုသည်သာ အေးအေးဆေးဆေးပင် ခံယူရုံသာရှိပါသည်။

IMG_20180522_085357.jpg

ဆရာတက်တိုးက စည်းကမ်းဟူသည် လွတ်လပ်မှုနှင့် မျှတမှုတို့ကို ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်ဟု ဆိုမိန့်ခဲ့ဖူးပါသည်။ ကျွန်တော်ကတော့ ထို့သို့မထင်ပေ။ စည်းကမ်းဟူသည် လူ့ဘောင့် တစ်ခုလုံး တိုးတက်မှုအတွက် လူသားတိုင်း လိုက်နာသည့် သဘာဝပေး အခွင့်အရေး များပင်ဖြစ်သည်ဟုထင်မိပါသည်။ ထိုအခွင့်အရေးများကို လူတိုင်းရယူရယူတက်ဖို့ လိုပါသည်။ လူငယ်များ တိုတက်အောင်ကြိုးပမ်းတက်ဖို့ သည် ပင်မအကျဆုံး လိုအပ်ချက်များကို လူငယ်တိုင်း ရယူအောင် ကြိုးပမ်းနိုင်လျှင် နိုင်ငံသည်လည်းကောင်း လူမျိုးသည်လည်းကောင်း သူအလိုလို ဖွံဖြိုးလာမည်သာဖြစ်ပါသည်။