Abuse

in #social8 months ago

Home abuse ဆိုတာ
ကိုယ့်အိမ်ထောင်ဖက်မှ မဟုတ်ဘူး

ယောက္ခမ ယောက်မတွေရဲ့
အပြုအမူကလည်း ပါပါတယ်

တကယ်တော့
အသာစီးရချင်နေကြတဲ့စိတ်က

သူတို့ရဲ့ ဝဋ်တစ်ခုကို
သူတို့ကိုယ်တိုင် ရှာဝယ်နေကြတာပါပဲ

ပထမဆုံး ချစ်သူ မိသားစုက
အရမ်းကောင်းပါတယ်
စကားတော့ အပြောမချိုခဲ့ဘူး
ဒါကပဲ ဝေးကွာခဲ့ပါတယ်

တစ်ခုသော Relationမှာကျ
မပြေလည်တဲ့မိသားစုမို့
စရိုက်ဆန်ဆန်ကို
လက်သင့်မခံနိုင်တာကပဲ
ဝေးကွာခဲ့ရတယ်

တစ်ခုသော Relationship မှာက
ခြံခုန်သော မာမားဘွိုင်းလေး
ကြေကွဲခံရသောပါပဲ

ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ လုပ်ရပ်က
မှားလို့လားဆိုတာ
အခါခါ မေးမိတဲ့ ကိစ္စပါပဲ

အခု Relationship က
လူတိုင်း အာရုံကျရတဲ့ Relationships ပါပဲ

တစ်ယောက်ပြီးတစ်ယောက်
ယူပြီးလား မဖိတ်ဘူး မေးတဲ့အခါ
ရယ်နေလိုက်တယ်

မာမားဘွိုင်းတစ်ယောက်နဲ့ချစ်ရတာက
မာမားနဲ့ အဆင်ပြေရင်ပြီးပေမယ့်
အခုက sister Boyဖြစ်နေတော့
အာရုံ အသေစားပါတယ်

လက်ထပ်ဖို့ ရက်တွေ
ရုံးတက်ဖို့
အဝတ်အစား မိတ်ကပ်
အကုန်စီစဉ်ပြီးတာတောင်
ငါ့ညီမနဲ့ အဖေ ငိုနေလို့ဆိုပြီး
ရက်ရွေ့ခဲ့ပါတယ်
(အပြီးထိ ဖြစ်မယ်ဆိုတာ
ဘယ်သူမှ မသိလိုက်ဘူး

ကိုယ်တိုင်က လူပုံအလည်မှာ
ပညာတတ်အသိုင်းဝိုင်းလို့ ထင်ခဲ့ပေမယ့်
အောက်လမ်းကြိုက်တဲ့ မိသားစု ဖြစ်နေခဲ့တယ်

စိတ်မကောင်းဘူး
ငါ့အတိတ်က
ဘာတွေ လုပ်ခဲ့မိလဲ
စိစစ်ရင်း ဘာသာရေးပဲ ပိုလုပ်မိတယ်

ပြုသူတို့ ကျန်းမာရွှင်လန်းပါစေ

ချစ်သောတီဖြိုး