ကုသိုလ်စိတ်လေးများထားတတ်စေချင်

in #sachainchi6 years ago

ကုသိုလ်စိတ်ဆိုသည်မှာ နားလည်လွယ်အောင်ပြောပြရလျှင်စိတ်ကောင်းစေတနာပင်ဖြစ်ပေသည်။ကျမ့ဗုဒ္ဓမြတ်စွာဘုရားက ကံဆိုသည်မှာ အလုပ်နှင့် စေတနာပေါင်းမှသာကံတစ်ခုကိုဖြစ်စေသည်ဟုဟောကြားတော်မူခဲ့ပါသည်။ကြာင့်ကုသိုလ်စိတ်သည်အလုပ်နှင့်စိတ်ကောင်းစေတနာပေါင်းမှသာကောင်းကံကိုဖြစ်စေပါသည်။ ကျမတိ့မိသားစုသ ည်ဒဂံမြို့ သစ်မြောက်ပိုင်းတွင်နေထိုကြရာအိမ်ခြံပတ်ဝန်းကျင်တွင်စားပင်သီးပင်အရိပ်ရပင်များစုံလင်စွာစိုက်ပျိုးထားပါသည်။ခြံစည်းရိုးအပြင်ဖက်တွင်ကပ်၍သရက်ပင်၊မန်ကျည်းပင်၊ဒန့် ဒလွန်ပင်ဆူးပုတ်ပင်၊သင်္ဘောပင်များစိုက်ပျိုးထားပါသည်။သရက်သီးသီးလှိင်အိမ်ကလူများပင်မသိလိုက်ပဲလမ်းသွားလမ်းလာများခူးသွာကြပါသည်။ကျမ့မျသားစုမှခူးသူများကိုအော်ငေါက်မမောင်းထုတ်ခဲ့ပါ။ကျမတို့ အိမ်ခြံစည်းရိုးသည်အုတ်တံတိုင်းအမြင့်ပေါ်တွင်ဘရိတ်ဒါးဆူးလိတ်ဖြင့် ကာရံထားပါသည်။ခြံစည်းရိုးတံခါးများကိုလည်းအမြဲသော့ပိတ်ထားတတ်ပါသည်။သင်္ဘောပင်တစ်ပင်ကိုလည်းနောက်ဖေးဂိတ်တံခါးပေါက်အနီးနောက်ဖေးလမ်ကြားမြေတွင်စိုက်ထားခဲ့ပါသည်။ သင်္ဘောပင်သည်အတော်လေကြီးစပြ.ုနေပြိးအဖူးလေးများစဖူးနေချိန်တွင်ကျမ့အိမ်တွင်နယ်မှကျမမတ်ဖြစ်သူမှာကင်ဆာရောဂါဖြစ်၍ဆေးကုသမှုခံယူနေရပါသည်။ကင်ဆာရောဂါအတွက်သင်္ဘောရွကြိတ်ရည်တိုက်ရမည်ဖြစ်၍နောက်ဖေးမှသင်္ဘောပင်မှခူးခဲ့ ရပါသည်။ ပထမကြိမ်ခူပြီး၊ဒုတိယကြိမ်ခူးမည်အလုပ်တွင်သဘောင်္ပင်အားထမိန်ပတ်ထားသည်ကိုတွေ့ ရှိရသဖြင့် ကျမမှထမိန်ကိုဖယ်ရှားခဲပြီးသင်္ဘောရွက်များကိုဒုတိယကြိမ်ခူးဖြစ်ခဲ့ ပါသ ည်။တတိယကြိမ်ခူးမည်အလုပ်တွင် သင်္ဘောပင်မရှိတော့သဖြင့်ကျမမှအမေအားမေကြည့် ရာနောက်ဖေးအိမ်မှအမျိုးသမီုးုကီးမှမိုးမလင်းမှီနံနက်၅နာရီခန့်  ထခုတ်နေသံးကြားကြောင်း ပြောပြခဲ့ ပါသည်။ ထိုအမျိုးသမီးသည်နောက်ဖေးလမ်ကြားရှိသဘောင်္ပင်သည်အလေ့ကိပေါက်လာသည်အထင်နှင့်သူနှင့် လည်းဆိုင်သည်ဟုတွေးကာသင်္ဘောပင်ကိုထမိန်လာပတ်ခြင်းဖြစ်သည်။အနှီအမျိုးသမီးသည်သင်္ဘောရွက်များကိုဆေးဝါးအဖြစ်သုံးစွဲနေသည်ကိုမေတ္တာစိတ်မထားနိုင်ကျမတျု့ စိုက်ထားသည်ဟုမသိပဲ၊နောက်ဖေးလမိကြားမှာပေါက်၍မိမိလည်းပိုင်သည်ဟုယူဆ၍ငါမစားရရင်တော့ဘယ်သူမှမစားနှင့်ခုတ်ပစ်လ်ုက်မည်ဟူသောစေတနာုဆိုးဖြင့် ခုတ်ပစ်ခဲ့လေသည်။ ထိုအမျိုးသမီးသည်စိတ်စေတနာကောင်းထားတတ်ခဲ့ လျှင်ကုသိုလ်စိတ်ဖြစ်၍ကုသိုလ်ရရှိမည်ဖြစ်ပြီး၊နောင်အခါကောင်းကံကိုခံစားရပေမည်။သူမသည်စိတ်ကောင်းမထားပဲစိတ်ယုတ်မွေးခဲ့ သည့်အတွက်နောင်အခါတွင်အကုသိုလ်၏အကျိုးဆက်မကောင်းကံကိုခံစားရပေမည်။ စာဖတ်သူတိ့လည်းဤကြာင်းအရာလေးကို သင်ခန်းစာယူတကြပါဟုတိုက်တွန်းရင်း မိမိပတ်ဝန်းကျင်နှင့် အဖွဲ့ အစည်းများသာယာလှပစေ့ ကုသိုလ်စိတ်လေးများထာကြပါစို့ ။

Sort:  

Congratulations @yarthetpan! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!