တို့ရွာ ဆွမ်းလောင်းပွဲ
💝💝💝💝💝💝💝 (ကျေးလက် ကဗျာ )
ဟိုရှေးက ဆူဆူညံ
ဘာသံလို့မေး ။
ဗျို့.ရှာကူ စုကာဆောင်းလို့
တို့ရွာသူ ပြုသဒ္ဓါပေါင်း တဲ့
ဆွမ်းလောင်းဖို့လေး ။
စိုင်းနေဝန်း ဆောင့်ကြောင့်ထိုင်
ဘာကိုင် သလဲမေး ။
ကြက်အူရယ် အမြစ်ချက် ဖို့
လက်ကူကွယ် အနှစ်ထွက် အောင်
လှန်လျက်ပေါ့လေး ။
ရွာထိပ်က သန်းထွဋ်ဇော်
ဘာကြော်သလဲ မေး ။
မက်ချင်စုံ ကောင်အချို့ က
ကြက်ရင်ပုံ ပေါင်တစို့ ကို
ကြော်လို့ကွဲ့လေး ။
လှပျိုများ ဝိုင်းဖွဲ့ကာ
ဘာရှာသလဲ မေး ။
ဆွမ်းလောင်းဆန် အကြားပုန်း တဲ့
ယွန်းနှောင်းကျန် စပါးလုံး ကို
ရွေးအုံးကွဲ့လေး ။
ရွာလယ်က နှင်းစက်ကြွေ
ဘာမွှေသလဲမေး ။
သီးရွက်ဖြာ စဉ်းခြွေလှစ်လို့
မီးခက်မှာ ဟင်းတွေပြစ် အောင်
မွှေခြစ်ကွဲ့လေး ။
ရွာဖျားက အေးလှရီ
ဘာစီသလဲမေး ။
ရှင်းသန့်စေ ညီညီမျှ လို့
ဟင်းချိုင့်တွေ စီရီကြ အောင်
သီ.လှ.ကွဲ့လေး ။
နှလုးံဘဝင် ကြည်ရွှင်ကဲ
ပြုံးပျော်ရွှင် ခင်မင်ပွဲ
ဆင်ယင်နွှဲ ပေါင်းစုရှာ
ကပ်ပြုကာ ကုသိုလ်ရေး ။
ဝေအရုဏ် လင်းအခိုက် မှာ
ဆွေအစုံ သင်းတသိုက် တို့
( သူငယ်ချင်းတို့ရေ )
လောင်းလိုက်စို့လေး ။ ။
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
You published 4 posts in one day
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.
Congratulations @babylay! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!