နွေဥသြ

in #poem7 years ago

image

နွေဥသြ
နွေဟာအပူနဲ့အတူ အသင် နွေဥသြ ကိုခေါ်ခေါ်လာခဲ့တာ
နွေရဲ့ သစ္စာ မပျက်ယွင်းသေးဘူး ဆိုတာ နွေရဲ့ဂုဏ်ဘဲပေါ့။

နွေဥသြ
ပူပြင်းခြောက်သွေ့တဲ့နွေမှာ ငါအမြတ်နိုးဆုံးအရာက အသင်နွေဥသြပါ
နွေဥသြ
အလွမ်းဓာတ်ခံကဲတဲ့နှလုံးသားတွေက သင့်တေးသံကို
ကြောက်ကြောက်နဲ့ ကြိတ်ကြိုက်ကြည်နူးခံစားကြတာပါပဲ။

နွေဥသြ
သေချာတကယ်ခံစားကြည့်ရင် သင့်တေးသံဟာ
ငြိမ်းချမ်းရေးတေးသံ ငြိမ်းချမ်းရေး သင်္ကေတ ။

နွေဥသြ
နွေမှာ အခြားအလှတရားပေါင်းများစွာ ရှိနေခဲ့လည်း
အသင်သည်သာ ငါ့ရဲ့ ငြိမ်းချမ်းရေးတမန်တော်
အသင်သည်သာ ငါ့ရဲ့ ပျော်ရွှင်ခြင်းနိုင်ငံတော်
အသင်သည်သာ ငါ့ရဲ့ မဟာဓမ္မကထိက
အသင်သည်သာ ငါ့ရဲ့ သန္တိသုခဗိမာန်တော်။

နွေဥသြ
အသင်ဟာ ကိုယ်ထင်မပြတတ်တဲ့ မာန်မာနအလျှင်းမရှိတဲ့ အကြွားအဝါကင်းတဲ့ ဝမရှိဘဲ ဝိမလုပ်တတ်တဲ့
တကယ့်မဟာဂန္ထဝင်တေးသံရှင်ကြီးတစ်ယောက်။

image

နွေဥသြ
အပူထဲ မှာ အအေး သံ ထုတ်ပြဟစ်ကြွေး အော်ဟစ်ပြသနိုင်တာဟာ သင့်ရဲ့ကြီးမြတ်မှု ခမ်းနားမှု ။

နွေဥသြ
အသင် သာ မရှိ ရင် နွေ လည်း မရှိတော့ဘူး လို့ပြောလို့ရလောက်အောင် အသင်နဲ့နွေဟာ ခွဲခြားလို့မရအောင် တစ်သားတည်းဖြစ်တည်နေခဲ့တာဟာ
သဘာဝတရားကြီး တစ်ခု လို့ ပြောရင် ဘယ်သူငြင်းမလဲ ။

နွေဥသြ
လူသားတွေ အသင့်ဆီကနေ
နှူတ်ရေးပညာ သင်ယူလေ့လာသင့်နေခဲ့တာ နှစ်ပေါင်းရာစုချီ ထောင်စုချီ ကြာခဲ့လေပြီ
ယနေ့ခေတ် ပိုလို့တောင် သင်ယူသင့်လေပြီ။

နွေဥသြ
ခပ်ညံ့ညံ့တေးရေးဆရာတွေ လူတွေက သင့်ကို အလွမ်းနမူနာသင်္ကေတ ဖော်ကြူး တင်စားကြပေမဲ့
ငါကတော့ အသင်ဟာ တကယ့် မဟာသူရဲကောင်း လို့မှတ်ယူလေးစားဂုဏ်ယူဦးညွှတ်နေခဲ့မိတာ အမြဲထာဝရပါ
ဘာဖြစ်လို့လဲဆိုတော့ အကောင်သာသေးတာ အသံကအေးမြ မဟာဂီတ လို ဣနြေ္ဒတွေ အပြည့် အသင့်မှာ ရှိနေခဲ့လို့ပဲ။

နွေဥသြ
ဘယ်သူတွေ ဘာပြောပြော
အသင့် သဘော အတိုင်းသာ
အသင် ဆက်လက် ရှင်သန် နေထိုင်ပါလော့။

ဘယ်သူတွေ ဘယ်လို ကဲ့ရဲ့ ကဲ့ရဲ့
အသင်တေးသံကို အသင့်စိတ်ကြိုက် ဟစ်ကြွေးလော့ …

နွေဥသြ

နွေဥသြ

နွေဥသြ ……

Author; Aung Yeyint (SMT-8)
photo credit; google image

image

Sort:  

SMT 25 done

SMT 16 done

SMT 17 done

SMT 6 done

SMT-4
done

SMT-15 done

SMT20 done

Woor nice poem,

SMT-9
Good post