Strategy and Lean

in #philosophy8 years ago

Strategy and lean (မဟာဗျူဟာနဲ့ ကျစ်လစ်မှု)

strategy-640x303.png
ဆရာ ဒေါက်တာအောင်ထွန်းသက်ကတော့ “Strategy ဆိုတာ သိပ်ပြင်းတာပဲတဲ့။ မဟာဗျူဟာလို့ပြောတယ်။ တကယ်တမ်း တော့ ဒီနေ့မနက် ၉:၃၀ ဟောဒီခန်းမထဲကို ရောက်အောင် Strategy ကို မလုပ်ခဲ့ရဘူးလား။ လုပ်ခဲ့ရတာပေါ့။ ဒီနေ့ မနက် ၉:၃၀ ရောက်အောင် မနက်အစောကြီး အစီအစဉ်တွေ လုပ်ခဲ့ရတယ်။ အဲတာအားလုံးကဘာလဲ။ စာစကားနဲ့ပြောရရင် Strategy ရိုးရိုးပြောရင် အစီအစဉ်လို့ခေါ်တယ်”ဟုဆိုပါသည်။မဟာဗျူဟာဟူ၍ ကြီးကြီးကျယ်ကျယ်ခေါ်ခေါ်၊ အစီအစဉ်ဟု သေးသေးသိမ်သိမ်ပြောပြော အစီအစဉ်မရှိပဲထ လုပ်သည့်အလုပ်များသည် အစီအစဉ်ရှိရှိ ရေးဆွဲအကောင်အထည်ဖေါ်သည့် လုပ်များနှင့်အောင်မြင်မှု မတူနိုင်ပါ။Lean ကို ဆရာ ဒေါက်တာအောင်ထွန်းသက်က ကျစ်ကျစ်လစ်လစ်ဟုဘာသာပြန်သလို ထိထိမိမိ အလုပ်လုပ်နိုင်မှုသဘောမျိုးလည်းပြောဆိုသွားပါ၏။ယနေ့ဌာနတစ်ခုတွင် Video conferencing တပ်ဆင်တော့ မည် Video conferencing နှင့်ပတ်သက်သည့် Equipment များဝယ်ယူရမည်။ တင်ဒါခေါ်သည်။ဝယ်သည်။ပစ္စည်းရောက်ပြီ။
တပ်မလားဆိုတော့ မတတ်နှင့်ဦး Internet လိုင်းကောင်းမှ Video conferencing ကလုပ်လို့ရတာမို့ Internet line က အသစ်ဆွဲရဦးမှာဟုဆိုပါ၏။
images (2).jpg

Video conferencing ကိုနည်းနည်းရှင်းပြပါမည်။သိသူရှိသလို မသိရှိသူများရှိနိုင်သဖြင့် ဖြစ်ပါသည်။ Video conferencing ဆိုသည်မှာ နိုင်ငံခြားရုပ်ရှင်များထဲကကဲ့သို့ အဝေးမှလူများ TV ရှေ့တွင် Internet ကို အသုံးပြု၍မျက်နှာခြင်းဆိုင်စကား ပြောခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။ မိမိတို့ နိုင်ငံ၏ အဆင့်မြင့်မြင့် ဆောင်ရွက်လိုခြင်း၊ ခေတ်မီမီဆောင်ရွက်လိုခြင်း၊ အချိန် ငွေကြေးစသည်များကို ချုံ့နိုင်စေခြင်းတိုကို ဆောင်ရွက်ခြင်းဖြစ်၍ ချီးကြူးဂုဏ်ပြုပါသည်။သို့သော် ဤလုပ်ငန်းကိုဆောင်ရွက် ရန်အတွက် Internet line ရှိရမည်ဆိုသော်လည်း ၂ နှစ်ကြာသည့်တိုင်အဆိုပါ Internet line ကိုဆက် လက်စီစဉ် ဆောင်ရွက်လာနိုင်ခြင်းမရှိသေးပါ။ စက်ပစ္စည်းများဝယ်ယူထားသည်မှာ ၂ နှစ်ကြာပြီဖြစ်၍ Guarantee သက်တမ်းလည်း ကျော်လွန်သွားပြီးစက်ပစ္စည်းများအတွက် မလိုအပ်ပဲ ငွေများကြိုတင်သုံးစွဲခဲ့ကြခြင်းကြောင့် နိုင်ငံဘတ်ဂျက်လည်း မဆင် မခြင်သုံးစွဲရာကျလေသည်။ သို့သော်ဤစာသည် အစိုးရကိုဝေဖန်လိုသော နိုင်ငံရေးစာမျိုးမဟုတ်ပါ။ ကျွန်တော်အဓိက ဆိုလို သည်မှာ Strategy and lean သာဖြစ်ပါသည်။ ဤဖြစ်စဉ်တွင် မြန်မာအစိုးရဝန်ကြီးဌာနများတွင် Video conferencing ကိုသုံးစွဲတော့မည်ဆိုသည်နှင့် လိုအပ်သောဆောင်ရွက်စရာများကို အသေးစိတ်ရေးဆွဲရပါမည်။ ပြီးလျှင်မည်သည့်လုပ်ငန်းကို အရင်ဆုံးစတင် အကောင်အထည်ဖေါ်ရမည်လဲဆိုသည်လည်း ထွက်ရှိလာပါမည်။ မိန်းမတောင်မရသေးဘူး အနှီးဝယ်စုနေ သော ငတုန်းင,အကောင်လိုလုပ်နေ၍မရပါ။ ဒိထက်ဦးအောင်ဆောင်ရွက်ရမည့် ကိစ္စများရှိနေသည်ကို သေသေချာချာသိ ထား ရန်လိုပါသည်။အဆိုပါဖြစ်စဉ်ကိုကြည့်၍ Strategy ဆိုတာအဘယ်မျှအရေးကြီးကြောင်း ထင်သာမြင်သာရှိမည်ထင် ပါသည်။
ကျွန်တော်တို့ မြန်မာအများစုသည် စည်းကမ်းစနစ်အားနည်းလှ၏။ စည်းကမ်းစနစ်ကိစ္စပြောလာလျှင် လွတ်လပ်မှုကို ချုပ် ချယ်သည်ဟုထင်တတ်ကြသည်။Steemit တွင် Post များတင်လိုပါက သူ့စည်းကမ်းနှင့်သူရှိ၍ လိုက်နာရန်လိုအပ်ကြောင်း ပြောသည်ကိုပင် အချို့မှာစိတ်ဆိုးတတ်ကြသေးသည်။ ဒီမှာလည်းမလွတ်လပ်ပါလားဟု ညည်းသွားသေး၏။ စေတနာဖြင့် ဝိုင်းပြောကြခြင်းဖြစ်၏။ စေတနာသည်ဝေဒနာသာဖြစ်သွားလေသည်။
dcb3818c994f559687941d1ec7dd92e4.jpg
ဒုတိယအချက်အနေဖြင့်တင်ပြလိုသည်မှာ Lean ဖြစ်ပါသည်။ Lean ကို ဆရာအောင်ထွန်းသက်က Better Future Betture Myanmar ဖြစ်လိုလျှင် Lean ဖြစ်အောင်လုပ်ဟု ဆိုပါသည်။လူတိုင်းသည် နိုင်ငံအဖွဲ့အစည်းဖြစ်ဖြစ် ၊ ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ် ဖြစ်ပိုမိုကောင်းမွန်တဲ့ အနာဂါတ် Better Future ကို မျှော်လင့်ကြမြဲဖြစ်ပါသည်။ပိုမိုလှပသော ပိုမိုကောင်းမွန်သော အနာ ဂါတ်ကို ပိုင်ဆိုင်ရန်မှာ ပုံမှန်အားဖြင့် မကြားဘူးတဲ့၊ ပုံမှန်အားဖြင့် မလေ့လာနိုင်တဲ့အတွေးအခေါ်တွေ၊ အယူအဆတွေ ရှိမှ ကိုလိုချင်သောအနာဂါတ်ကို ကြီးစိုးပိုင်နိုင်ပါမည်။ဤသို့ အနာဂါတ်ကိုကြီးစိုးပိုင်နိုင်ရန် ကျွန်တော်တို့သည် Knowledge အသိ တရားကို အခြေခံသော အဖွဲ့အစည်းဖြစ်လာရန်အားထုတ်ကြဖို့လိုပါသည်။ ကျွန်တော်တို့မြန်မာအများစုသည် ငယ်ရွယ်စဉ် ကျောင်းတွေတက်ကြ၏။ ကျောင်းတွေပြီးတော့အလုပ်ရှာကြ၏။ အလုပ်တွေရတော့ လစာဝင်ငွေရမည်။ မိန်းမယူမည်။ ဘဝ တစ်ခုထူထောင်မည်။ ဒါလောက်ပဲဖြစ်သည်။ သို့အတွက်ကြောင့် ကျောင်းတွေမှာ စာမေးပွဲအောင်ရန် စာတွေကျက်ကြမည်။ လုပ်ငန်းခွင်သို့ရောက်လျှင်လည်း ကိုယ့်စားပွဲပေါ်ရောက်လာသမျှအလုပ်များကိုသာ တတ်စွမ်းသမျှကုန်းရုံးလုပ်ကြသည်။ ဘယ်သူမျှ ငါတို့နိုင်ငံမတိုးတက်သေးလို့ နည်းပညာအသစ်အဆန်းတွေကို ရှာဖေလေ့လာစမ်းသပ်ပြီး ကမ္ဘာကိုအမီလိုက်ဖို့ ကျောင်းခန်းမှာပင်တီထွင်စို့ဟူ၍မရှိပါ။ thinking မပါခဲ့သော ပညာရေးစနစ်ကြောင့် ဘာမှလည်းမတွေးနိုင်ခဲ့ အောင်မှတ် ကောင်းရဖို့သာ အလွတ်ကျက်ကြရပြီး၊ များများမှတ်မိသူ အမှတ်များများရ၊ အမှတ်များများရလျှင် လူတော်ထင်ပြီးအလုပ်ခန့်၊ လုပ်ငန်းခွင်ရောက်တော့ ဘာမှလည်းမလုပ်တတ်မကိုင်တတ်ဖြင့်ယောင်ဝါးဝါးဖြစ်နေ သူကများလေသည်။လုပ်ငန်းခွင်တွင် လည်း မိမိစားပွဲပေါ်က စာရွက်တွေလက်မှတ်ထိုးရန် မထိုးရန်မျှသာသိရှိသော အရာရှိကြီးများအမြောက်အများရှိပြီး၊ မိမိ တာဝန်ယူထားသည့် Enterprise ကြီးအောင်မြင်ဖို့၊ မိမိတာဝန်ယူထားသည့် Deperment ကြီးတိုးတက်ဖို့ Strategy အသေး စိတ်ရေးဆွဲပြီး တင်ပြသူထက် ရေးဆွဲရန်တာဝန်ပေးခံရလျှင်ပင် ဘယ်သူလုပ်ဖူးသလဲ ရှာဖွေ၍ မိတ္တူကူးရန်သာ ကြံစည်နေ သူကများလေသည်။ပိုမိုကောင်းမွန်သော အနာဂါတ်ကမ္ဘာကို ပိုင်ဆိုင်နိုင်ရန် ပုံမှန်အတွေးအမြင်များဖြင့် မရနိုင်တော့ပါ။ ယနေ့ Apple ကို နောက်နေ့ Apple ကပြိုင်ဆိုင်နေချိန်တွင် ကျွန်တော်တို့သည် မိတ္တူကူးတတ်ယုံဖြင့် ဘဝဖြတ်သန်းနေကြ လျှင် ကမ္ဘာကိုဦးဆောင်ဖို့မဆိုထားနှင့် ကျွန်တော်ရေးသားဖော်ပြခဲ့သော ပျူလူမျိုး၊ ပျူနိုင်ငံတော်များကဲ့သို့ မျိုးတုန်းပျောက် ကွယ်မသွားနိုင်ပါဟု မည်သူအာမခံနိုင်ပါမည်နည်း။
Lean-Thinking-Small.jpg
download (1).jpg
နိဂုံးအားဖြင့် ကျွန်တော်တင်ပြလိုရင်းမှာ Strategy and lean ဟူသော စကားနှစ်လုံးဖြင့် မြန်မာများအောင်မြင်လာအောင်လုပ်ဆောင်နိုင်ကြပါစေဟူ၍သာ
ရေးသားသူ-မင်းးစိုးနိုင်
Photo -google

Sort:  

This post received a 4.8% upvote from @randowhale thanks to @minsoenaing! For more information, click here!

Woo!I Iost sbd for you.I have not increat sbd in my account for your voting.

Good post😃😃

ကျေးဇူးပါဗျို့

Congratulations @minsoenaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!