Hollow Earh

in #myanrmar7 years ago

မြေ​အောက်​ကမ္ဘာမှသက်​ရှိ​လောက

မြောက်​နဲ့​တောင်​ဝင်​ရိုးစွန်း​တွေမှာပုန်းကွယ်​​နေခဲ့တဲ့
အဆင့်​မြင့်​သက်​ရှိ​လောကတစ်​ခုအ​ကြောင်းကိုအပြည့်အစုံသိခွင့်​ရဖို့NASAနဲ့ကမ္ဘာ့အင်​အားကြီးနိုင်​ငံ​တွေက
စူးစမ်းနေခဲ့တာဆယ်​စုနှစ်​​တွေအ​တော်​ကြာခဲ့ပါပြီ။

1829မှာ​ပေါ်ထွက်​ခဲ့ပြီးHollow Earth
(အလယ်​တွင်​အ​ခေါင်း​ပေါက်​ဖြစ်​​နေ​သောကမ္ဘာ)သီအိုရီလို့လူသိများတဲ့
John Symmesရဲ့(theory of concentric spheres and polar voids)သီအိုရီ၊

ဒုတိယကမ္ဘာစစ်​ပြီးတဲ့​နောက်​နုရင်​ဘတ်​စစ်​ခုံရုံးမှာ ဂျာမဏီ​ရေငုပ်​သ​င်္ဘောတပ်​မှုးကြီး
Admiral Donitz​အကြိမ်​ကြိမ်​ထွက်​ဆိုခဲ့တဲ့ ဂျာမဏီဟာဘယ်​သူမှရှာမ​တွေ့နိုင်ပဲ​ပျောက်​ကွယ်​​နေတဲ့ခံတပ်​ကြီးတစ်​ခုကိုအန္တာတိကရဲ့အဆုံးမရှိတဲ့​ရေခဲပြင်​​တွေဆီမှာတည်​​ဆောက်​နိုင်​ခဲ့တယ်​ဆိုတဲ့ထွက်​ဆိုချက်​၊

ရှေး​ဟောင်းတိဘက်​ရာဇဝင်​စာအုပ်​​တွေနဲ့
မန္တလကျမ်း​တွေက​ပြော​နေခဲ့တဲ့ကမ္ဘာ့အတွင်းပိုင်း​ဟာပွင့်​လျက်​ရှိ​နေပြီးShambalaအမည်​ရတားမြစ်​နယ်​​မြေတစ်​ခုမှာဆရာသခင်​(Masters)​တွေ​နေထိုင်​လျက်​ရှိ​နေတယ်​ဆိုတဲ့အ​ကြောင်းအရာ​တွေနဲ့

AD 2ရာစုက ခရစ်​ယာန်​​ရှေ့ဖြစ်​​ဟောအသင်း​တော်​တစ်​ခုမှာလျို့ဝှက်​သိမ်းဆည်းထားခဲ့တဲ့​မြေ​အောက်​ကမ္ဘာရဲ့​ရှေး​ဟောင်း​မြေပုံတစ်​ခုကို​တွေ့ရတဲ့အချိန်​မှာသီအိုရီဆိုင်​ရာပူး​ပေါင်းရှာ​ဖွေသူ​တွေအဖို့ Hollow Earthဆိုတဲ့အ​ကြောင်းအရာကို
အတည်​ပြုဖို့ဖြစ်​လာခဲ့ပါ​တော့တယ်​။

(ဒီအသင်း​တော်​ရဲ့အဆိုအရ ​Jesusရဲ့​ပျောက်​ဆုံး​နေတဲ့18နှစ်​တာကာလကို​မြေ​အောက်​ကမ္ဘာက Agartharအမည်​ရ​နေရာမှာ
ကုန်​လွန်​ခဲ့တာသာဖြစ်​ပြီး
ဒီအချက်​ဟာအချို့​သောစာ​ရေးဆရာ​တွေ​ရေးခဲ့သလိုတိဘက်​မှာရဟန်းဝတ်​​နေခြင်း​လုံးဝမဟုတ်​ဘူးလို့ဆိုပါတယ်​။

Agatharဟာအဆင့်​မြင့်​လူသား​တွေ​နေထိုင်​ရာအရပ်​ဖြစ်​ပြီးဥပမာတစ်​ခုအ​နေနဲ့ကမ္ဘာ​ပေါ်ကဂီတသံ​တွေဟာ သံပြည့်​ ၇ ခု ဖလက်​သံ ၅ ခု ​ပေါင်း၁၂ခုသာရှိ​ပေမယ့်​Agarthar ရဲ့ဂီတမှာ​တော့ သံပြည့်​ ၇ ခု ဖလက်​သံ ၇ ခု ​ပေါင်း ၁၄ခုရှိ​နေပြီး
mi နဲ့ fa ကြားမှာအသံတစ်​ခုနဲ့ti နဲ့ do ကြားမှာ အသံတစ်​ခုထပ်​တိုးပါဝင်​​နေတယ်​လို့သိရတာပါပဲ။)

NASAဟာ​မြောက်​ဝင်​ရိုးစွန်းမှာ
ဖုံးကွယ်​​နေပြီးလျို့ဝှက်​ဆန်းကြယ်​တဲ့​နေရာ
တစ်​ခုကို​ဖော်​ထုတ်​ဖို့ ၂၀၁၆မှာလုပ်​ငန်းစခဲ့ပါတယ်​။

NASAဂြိုလ်​တု​တွေကဖမ်းယူရရှိခဲ့တဲ့
အ​စောပိုင်းဓာတ်​ပုံ​တွေထဲက​မြောက်​ဝင်​ရိုးစွန်းမှာ
ပွင့်​​နေတဲ့တွင်း​ပေါက်​ကိုရိုက်​ယူခဲ့တဲ့
ဓာတ်​ပုံ​တွေဟာ Hollow Earth Theory ကိုအပြည့်​အဝ​ထောက်​ခံ​ပေး​သလိုဖြစ်​​နေပြီး ဒီအတွင်းပိုင်းက​လောကဟာကိုယ်​ပိုင်​ကမ္ဘာ
တစ်​ခုအ​နေနဲ့ကုန်း​မြေနဲ့"​နေ"တစ်​စင်းပါ
အပြည့်​အစုံတည်​ရှိ​နေတယ်​လို့သိရပါတယ်​။

သီအိုရီဆိုင်​ရာပူး​ပေါင်းကြံစည်​​ဖော်​ထုတ်​သူ​တွေ
က​တော့NASAရဲ့ဂြိုဟ်​တုဟာဝင်​ရိုးစွန်း
တည့်​တည့်​ကဖြတ်​သန်းချိန်​မှာ
အတွင်းပိုင်းကမ္ဘာရဲ့​ရှေ့ဆုံးကိုထွက်​​နေတဲ့
လက်​တံကိုမြင်​​ခဲ့ရခြင်းပဲလို့အခိုင်​အမာ
ပြောဆိုခဲ့ပါ​တော့တယ်​။

အ​ဒေါ့ဖ်​ဟစ်​တလာနဲ့​မြေ​အောက်​ကမ္ဘာ

ဂျာမဏီအဓိပတိအ​ဒေါ့ဖ်​ဟစ်​တလာဟာ
ရှေး​ဟောင်းတိဘက်​ရာဇဝင်​​တွေအရ
ကမ္ဘာ့အတွင်းဟာပွင့်​​နေပြီးအထဲမှာ
အဆင့်​မြင့်​နိုင်​ငံတစ်​ခုရှိ​နေ​ကြောင်း
ဖော်​ပြ​နေတဲ့အစီရင်​ခံစာအ​မြောက်​အများရရှိခဲ့တဲ့​နောက်​မှာ ဒါဟာမှန်​ကန်​တဲ့အ​ကြောင်းအရာ
တစ်​ခုဟုတ်​မဟုတ်​အ​ဖြေထုတ်​နိုင်​ဖို့အန္တာတိကတိုက်​ထဲကပွင့်​​နေတဲ့​နေရာကိုရှာ​ဖွေရန်​သု​တေသနခရီးစဉ်​တစ်​ခုကိုအမိန့်​​ပေး​စေလွှတ်​ခဲ့ဖူးပါတယ်​။

1944မှာ​ဂျာမန်​​ရေငုပ်​သ​င်္ဘောတပ်​ရဲ့တပ်​မှုးကြီး Admiral Donitz ကဟစ်​တလာဆီကိုတိုက်​ရိုက်​ပို့ခဲ့တဲ့ "ဂျာမန်​​ရေတပ်​ဟာဘယ်​သူမှရှာမ​တွေ့နိုင်​တဲ့ကမ္ဘာ့တစ်​​နေရာမှာ​ပျောက်​ကွယ်​​နေတဲ့ခံတပ်​ကြီးတစ်​ခုကိုတည်​​ဆောက်​နိုင်​ခဲ့ပြီဖြစ်​ပြီးဒီအတွက်​ဂုဏ်​ယူပါတယ်​"ဆိုတဲ့အံ့သြစရာသတင်း​ပေးပို့ချက်​ကိုမဟာမိတ်​နိုင်​ငံ​တွေကကြားဖြတ်​နား​ထောင်​နိုင်​ခဲ့ပါတယ်​။

Admiral Donitzဟာနုရင်​ဘတ်​စစ်​ခုံရုံးမှာအစစ်​​ဆေးခံ​နေစဉ်​ကာလ​တွေမှာလဲဒီအ​ကြောင်းအရာကို​တောက်​​လျှောက်​ထွက်​ဆို​နေခဲ့တာပါပဲ။

အတည်​မပြုနိုင်​တဲ့သတင်းတွေအရ
ဟစ်​တလာနဲ့သူ့ရဲ့အကြံ​ပေးအဖွဲ့ဟာ
တတိယဂျာမန်​အင်​ပါယာနဲ့​နောက်​ဆုံး​နေ့​တွေမှာ​အန္တာတိကတိုက်​ရဲ့​တောင်​ဝင်​ရိုးစွန်းဝင်​​ပေါက်​မှတဆင့်​​မြေ​အောက်​ကမ္ဘာဆီကို
ထွက်​​ပြေးလွတ်​​မြောက်​သွားခဲ့တယ်​လို့လဲဆိုခဲ့ကြတာပါ။

က​နေဒါနိုင်​ငံ Ontario မှာရှိတဲ့​မြေ​အောက်​ကမ္ဘာ
သု​တေသနအဖွဲ့အစည်းတစ်​ခုကလည်း
စစ်​ကြီးပြီးတဲ့​နောက်​ဂျာမန်​နဲ့အီတလီကသိပ္ပံပညာရှင်​ ၂၀၀၀​ကျော်​ပါဝင်​ပြီး
လူ​ပေါင်းသန်းချီပါဝင်​တဲ့လူအုပ်​စုကြီးတစ်​ခုဟာ​တောင်​ဝင်​ရိုးစွန်းအနီးမှာရုတ်​တရက်​ထူးဆန်းစွာ​ပျောက်​ဆုံးသွားခဲ့တယ်​လို့အခိုင်​အမာ​ပြောခဲ့ပါတယ်​။

ဒီကိစ္စ​တွေဟာနာဇီ​တွေတီထွင်​နိုင်​ခဲ့တဲ့UFO​တွေရဲ့အ​ဖြေတစ်​ခုဖြစ်​နိုင်​ပြီးဟစ်​တလာဟာ​မြေ​အောက်​ကမ္ဘာကိုဆက်​သွယ်​ပူး​ပေါင်းရင်း
နည်းပညာရယူနိုင်​ခဲ့တယ်​ဆိုတဲ့အချက်​ကို
ယုံကြည်​ခဲ့ကြသူ​တွေလဲရှိခဲ့ပါတယ်​။

အ​မေရိကန်​ဟာဂျာမဏီအ​ပေါ်ဒီ​နေ့ထိ​စောင့်​ကြည့်​​နေဆဲဖြစ်​ပြီးဂျာမဏီရဲ့လက်​ရှိဝန်​ကြီးချုပ်
အင်​ဂျယ်​လာမာကယ်​ရဲ့ဖုန်းကို
အ​မေရိကန်​​ထောက်​လှမ်း​ရေးကခိုးနား​ထောင်​​ကြောင်းNSAအရာရှိ​ဟောင်းစနိုးဒင်​က
ဖွင့်​ချခဲ့မှုကစလို့ဂျာမဏီကကုလသမဂ္ဂကို
တိုင်​တန်းဖို့အထိပြဿနာဖြစ်​ပွားခဲ့ဖူးပါတယ်​။

စနိုးဒင်​ဖွင့်​ချခဲ့တဲ့​မြေ​အောက်​ကမ္ဘာ

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ
NSA ရဲ့ လျှို့ဝှက်ချက်​တွေကို ဖွင့်ချခဲ့တဲ့
NSA၀န်ထမ်းဟောင်းစနိုးဒင်​ဟာလက်​ရှိရုရှားရဲ့
ဝက်​ဘ်​ဆိုက်​ကုမ္ပဏီတစ်​ခုမှာအလုပ်​လုပ်​ကိုင်​ရင်း​နေထိုင်​​နေပါတယ်​။

ဒီ​ဖော်​ထုတ်​မှု​တွေအတွက်​စနိုးဒင်​ကိုတစ်​ချို့က
သစ္စာ​ဖောက်​တစ်​​ယောက်​လိုသတ်​မှတ်​ခဲ့ကြပြီး
တစ်​ချို့ကလည်းသူ​ရဲ​ကောင်းတစ်​​ယောက်​လိုယူဆခဲ့ကြတယ်​။

ဘယ်​လိုပဲဆိုဆိုစနိုးဒင်​ရဲ့ဖွင့်​ချမှု​တွေ​ကြောင့်​သာသာမန်​လူလက်​လှမ်းမမှီနိုင်​ပဲအစဉ်​တစိုက်​ဖုံးကွယ်​ထားခဲ့တဲ့ကမ္ဘာရဲ့အဖြစ်​မှန်​​တွေကို လူထုကသိခွင့်​ရခဲ့တာ​တော့အမှန်​ပါပဲ။

သူဟာဒီလျို့ဝှက်​ချက်​​တွေကိုထုတ်​​ပြောဖို့
တကယ့်​ကိုသတ္တိရှိခဲ့ပြီးUFO​တွေနဲ့အတွင်းပိုင်း​ကမ္ဘာကသက်​ရှိ​တွေရဲ့လူအနည်းငယ်​သာသိခွင့်​ရခဲ့တဲ့အမှန်​တရား​တွေကိုမီဒီယာ​တွေကတဆင့်
အ​သေးစိတ်​ထုတ်​​ပြောခဲ့ပါတယ်​။

#စနိုးဒင်

CIAဆီကကူးယူခဲ့ဖူးတဲ့စာရွက်​စာတမ်း
တစ်​ချို့ဟာ
ကျ​နော်​တို့ကိုယ်​ပိုင်​ဥာဏ်​ရည်​ဥာဏ်​​သွေးထက်​အဆင့်​မြင့်​တဲ့မျိုးစိတ်​တစ်​ခုဟာကမ္ဘာ့အတွင်းပိုင်းမှာတည်​ရှိ​နေတယ်​ဆိုတာနဲ့UFO​တွေအ​ကြောင်းကို​သေချာသ​ဘော​ပေါက်​လာ​အောင်​ကျ​နော့ကိုရှင်းပြ​ပေးခဲ့ပါတယ်​။

့​ဒီအ​ကြောင်းအရာဟာကျ​နော်​အာမခံနိုင်​တဲ့တရားဝင်​ကိစ္စတစ်​ခုပါ။

တစ်​ချို့အချက်​အလက်​​တွေဟာ
ရှင်းပြဖို့မလွယ်​​လောက်​​အောင်​ကိုရှုပ်​​ထွေး
နက်​နဲလွန်း​ပေမယ့်​တတ်​နိုင်​သ​လောက်
ရှင်းပြရရင်​​တော့

UFOလိုယာဉ်​ပျံ​တွေဟာ
သမုဒ္ဒယာ​ရေ​အောက်​ကြမ်းပြင်​ကဟိုက်​ဒရိုဂျင်​အပူဓာတ်​စီး​နေတဲ့အ​ခေါင်း​ပေါက်​လို​နေရာ​တွေဆီကတဆင့်​​နေအဖွဲ့အစည်းရဲ့ဂြိုဟ်​ပတ်​လမ်း​တွေဆီကိုတိုက်​ရိုက်​ဝင်​ထွက်​သွားလာ​နေတယ်​ဆိုတဲ့တွေ့ရှိချက်​​တွေပါပဲ။

ဒီဝင်​ထွက်​သွားလာမှု​တွေကိုအ​မေရိကန်​စစ်​တပ်​ရဲ့ဒုံးခွင်းဒုံးလိုဒုံးကျည်​ကာကွယ်​​ရေးစနစ်​​တွေနဲ့
ပင်​လယ်​​ရေနက်​ပိုင်းက​ရွေ့လျား​နေတဲ့အရာဝတ္ထု​တွေရဲ့အသံလှိုင်းနဲ့တည်​​နေရာကိုရှာ​ဖွေတဲ့Sonarလိုကိရိယာ​တွေက​တွေ့ရှိခဲ့တာဖြစ်​ပြီး​တော့ဒါကိုနိုင်​ငံရဲ့
လျို့ဝှက်​ချက်​အ​နေနဲ့အ​သေအချာထိန်းသိမ်း​ထားခဲ့ကြတာကျ​နော်​သိခဲ့ရတယ်​။

ခု​သေချာတဲ့အ​ကြောင်းအရာတစ်​ခုကိုကျ​နော်​​ပြောချင်​တာကDARPA(Defence Advance Research Project Agency
(စစ်​ဖက်​ဆိုင်​ရာအဆင့်​မြင့်​သု​တေသနစီမံကိန်း​ဌာန))
ကိုဖွဲ့စည်းတည်​​ထောင်​သူ​တွေဟာမပျက်​စီးနိုင်​တဲ့ကမ္ဘာ့အတွင်းပိုင်းမှာ​နေထိုင်​သူဥာဏ်​ကြီးရှင်​မျိုးစိတ်​​တွေဆိုတာပါပဲ။
"ကမ္ဘာ​ပေါ်ကအ​တော်​ဆုံးဆိုတဲ့ဘူမိ​ဗေဒ
ပညာရှင်​​တွေ​တောင်​ကမ္ဘာ့​မြေထုရဲ့
အ​ပေါ်ယံကပါးလွှာတဲ့အပိုင်း​လောက်​ကိုပဲ​လေ့လာနိုင်​ခဲ့တာဗျ
ကမ္ဘာ့အချင်းရဲ့တစ်​ဝက်ဟာအလယ်​ဗဟိုထိမိုင်​၄၀၀၀​ဝေးတဲ့​​နေရာမှာ​ရေနံနဲ့သဘာဝဓာတ်​​ငွေ့လိုအနက်​ဆုံးတူး​ဖော်​မှု​တွေ​တောင်​ ၈ မိုင်​​လောက်​ထိပဲတူး​ဖော်​နိုင်​ခဲ့ကြတာ၊
ခု​တော့ကမ္ဘာ့အတွင်းပိုင်းကရခဲ့တယ်​ဆိုတဲ့
အချက်​အလက်​​တွေ​ကြောင့်ြေ​မ​အောက်​ကမ္ဘာဆီထိပိုင်းခြားထားတဲ့ကုန်း​မြေထု၊သမုဒ္ဒယာကြမ်းခင်းရဲ့​အောက်​ဘက်​က​နေ​ကျောက်​လွှာအထပ်​ထပ်​တည်​ရှိ​နေပုံအထိအ​သေးစိတ်​သူတို့သိ​နေကြပြီဆိုတာကျ​နော်​သိခဲ့တယ်​။

ကျ​နော်​ခန့်​မှန်းမိသ​လောက်​​တော့ကမ္ဘာ့ပထဝီဝင်​​မြေပုံဟာ သိပ်​မကြာခင်​တရားဝင်​​ပြောင်းလဲလာနိုင်​တယ်​ဆိုတာပါပဲ။"

အ​မေရိကန်​အစိုးရဟာဒီအ​ကြောင်းအရာကို
ကာလအတန်​ကြာ
တည်းကသိရှိထားခဲ့ပြီး
ကျ​နော်​တို့ဟာနည်းပညာဆိုင်​ရာတိုးတက်​မှု​တွေအတွက်​ကမ္ဘာအရပ်​ရပ်​ကရှုပ်​​ထွေးတဲ့သဲလွန်​စ​တွေကိုစူးစိုက်​ရှာ​ဖွေ​နေစဉ်​မှာပဲဒီလူသားမျိုးနွယ်​နဲ့ခပ်​ဆင်​ဆင်​တူတဲ့ဥာဏ်​ကြီးရှင်​မျိုးစိတ်​ဟာ disc ပုံသဏ္ဌာန်​ရှိတဲ့UFO​တွေကိုပိုင်​ဆိုင်​​နေခဲ့ပြီလို့စနိုးဒင်​ကဆိုပါတယ်

NASAနဲ့မြေ​အောက်​ကမ္ဘာမှ​ရေဒီယိုအချက်​ပြမှု

"NASAဟာကမ္ဘာ့အတွင်းပိုင်းဗဟိုချက်​ဆီက​ရေဒီယိုအချက်​ပြမှု​တွေကိုလက်​ခံရရှိခဲ့တယ်​"
ဆိုတဲ့​ခေါင်းစဉ်​နဲ့ဂုဏ်​သိက္ခာကြီးမားတဲ့
က​နေဒီးယန်းသတင်းစာကြီး
Weekly World Newsက
1995​ဖေ​ဖော်​ဝါရီ14ရက်​​နေ့ထုတ်​သူတို့ရဲ့
သတင်းစာ​ခေါင်းကြီးပိုင်းမှာ​ဖော်​ပြခဲ့ပါတယ်​။

ကျွမ်းကျင်​သူ​တွေက​တော့ဒီအချက်​ပြမှု​တွေဟာဥာဏ်​ရည်​မြင့်​မားပြီးဖွံ့ဖြိုးတိုးတက်​​နေတဲ့ရပ်​တည်​မှုမှာ​နေထိုင်​​နေသူ​တွေက
ထုတ်​လွှတ်​ခဲ့တာလို့ယုံကြည်​ခဲ့သလို
အမည်​မ​ဖော်​ပြတဲ့NASAရဲ့ထိပ်​တန်း အကြီးအကဲတစ်​ဦးက​တော့ဒီအ​ကြောင်းအရာဟာ​မြေ​အောက်​ကမ္ဘာကသက်​ရှိမျိုးစိတ်​​တွေအ​နေနဲ့
ကျ​နော်​တို့ရဲ့ဆက်​သွယ်​​ရေးလမ်း​ကြောင်း​တွေကို
ဝင်​​ရောက်​ရှာ​ဖွေခြင်းပဲလို့မှတ်​ချက်​​ပေးခဲ့ပါတယ်​။

#TheHeadOfNASA

"သူတို့ဟာဘယ်​သူ​တွေပဲဖြစ်​ဖြစ်​ကမ္ဘာ့​မြေထုနဲ့​ကျောက်​လွှာ​တွေကိုဖြတ်​ပြီးမိုင်​ရာ​ပေါင်းများစွာ​ဝေးတဲ့ကမ္ဘာ့အ​ပေါ်ယံမျက်​နှာပြင်​ထိ​ရေဒီယိုလှိုင်း နဲ့လက်​​တွေ့အချက်​ပြနိုင်​တဲ့အံ့သြစရာနည်း ပညာမျိုးရှိ​နေတယ်​ဆိုတာလုံးဝ​သေချာပါတယ်​။

ဒီအချက်​ပြမှု​တွေဟာအလွန်​ခက်​ခဲရှုပ်​​ထွေးတဲ့
သင်္ချာ​ဗေဒဆိုင်​ရာသ​င်္ကေတစနစ်​​တွေနဲ့​ရေးသားခဲ့တာဖြစ်​ပြီးကျ​နော်​တို့ထက်​သာလွန်​တဲ့ဥာဏ်​ရည်​ကိုပိုင်​ဆိုင်​ထားတဲ့သူတို့ရဲ့
လက်​​အောက်​ခံလူ့အဖွဲ့အစည်းအဖြစ်​ကမ္ဘာ့
အ​ပေါ်ယံလွှာကိုသိမ်းယူဖို့ကြိုးစားလာခြင်း
ပဲလို့ကျ​နော်​တို့အခိုင်​အမာယုံကြည်​တယ်​"

ရေဒီယိုအချက်​ပြမှုကဆိုလိုတဲ့အရာကိုအဓိပ္ပာယ်​​ဖော်​ဖို့သိပ္ပံပညာရှင်​​တွေဟာခက်​ခက်​ခဲခဲကြိုးစား
ခဲ့ရ​ကြောင်းနဲ့ဒီစာပါအ​ကြောင်းအရာကို​မေးမြန်း ရာမှာ​တော့NASA​ခေါင်းကြီးပိုင်းကထုတ်​​ဖော်​​ပြောဆိုဖို့ထပ်​တလဲလဲငြင်းဆန်​​နေခဲ့ပါတယ်​။

"ဒါဟာရန်​လိုတဲ့သ​ဘောမျိုးသက်​​ရောက်​တဲ့Messageတစ်​​စောင်​ဆိုတာကလွဲလို့
ကျ​နော်​ဘာမှထပ်​မ​ပြောနိုင်​ပါဘူး
သို့​သော်​သူတို့ရဲ့မက်​​ဆေ့ခ်ျ​ကကမ္ဘာမျက်​နှာပြင်​​ပေါ်မှာ​နေထိုင်​​နေသူ​တွေရဲ့အဖြစ်​အပျက်​အလုံးစုံကိုသူတို့ဘယ်​​လောက်​အထိသိရှိထားတယ်​ဆိုတာကို​ဖော်​ပြ​နေခဲ့တယ်​"

အောက်​စီဂျင်​နဲ့​နေ​ရောင်​မရှိပဲဒီလိုဥာဏ်​ရည်​မြင့်​တဲ့ဘဝ​တွေဘယ်​လိုဖြစ်​တည်​​နေတယ်​ဆိုတာကိုအစပိုင်းမှာနားမလည်​နိုင်​​အောင်​ဖြစ်​ရ​ကြောင်းနဲ့
တကယ်​လို့ကမ္ဘာဟာအ​ခေါင်း​ပေါက်​ဖြစ်​ခဲ့ရင်​လဲအလင်းနဲ့​အောက်​စီဂျင်​အလျှံပယ်​ရှိ​နေလို့သာသူတို့ရပ်​တည်​​နေနိုင်​တာဖြစ်​​ကြောင်း NASAရဲ့​ပြော​ရေးဆိုခွင့်​ရှိသူ
Mikhael Omraam Aivanhovကကျယ်​ပြန့့်​တဲ့အမြင်​နဲ့မှတ်​ချက်​​ပေးခဲ့ပါတယ်​။

NASAရဲ့ထိပ်​တန်း​ခေါင်း​ဆောင်​တစ်​ချို့က​တော့ သိပ္ပံပညာရှင်​​တွေကဒီအ​ကြောင်းအရာဟာ
ရာစုနှစ်​များစွာအတွင်းမှာအကြီးမားဆုံးနဲ့အပြတ်​အသတ်​အဖြစ်​ဆုံးရှာ​ဖွေ​တွေ့ရှိမှုလို့ယုံကြည်​​နေကြ​ကြောင်း​ပြောဆိုခဲ့ပြီးဒီသတင်း​ခေါင်းစဉ်​ရဲ့
နောက်​ဆုံးစာ​ကြောင်းမှာ

"စကြာဝဠာရဲ့အရှင်​သခင်​​တွေဟာဒီကိုလာ​ရောက်​ကြလိမ့်​မယ်​လို့အချိန်​အ​တော်​ကြာထဲကကျုပ်​တို့​မျှော်​လင့်​ခဲ့ပြီးအာကာသကိုစူးစမ်းခဲ့တယ်​။
ဒီလိုကျုပ်​တို့​မျှော်​လင့်​​နေတဲ့အရာ​တွေဟာဒီဂြိုဟ်​ရဲ့အတွင်းပိုင်းကကျုပ်​တို့မစူးစမ်းမိခဲ့တဲ့​နေရာမှာတည်​ရှိ​နေကြတာကိုခုချိန်​ကြမှသိခဲ့ကြရပြီးဒါဟာNASAနဲ့
ကျုပ်​တို့ရဲ့အနာဂတ်​မှာအ​ရေးကြီးတဲ့
အရင်းခံအ​ကြောင်းအရာတစ်​ခုဖြစ်​လာနိုင်​လိမ့်​မယ်"​လို့​ရေးသားထားတာကို​တွေ့ခဲ့ရပါတယ်​။

NASA-9.9.2017အန္တာတိက

ပ​ဟေဠိဆန်​ပြီးထူးခြားဆန်းကြယ်​တဲ့
ဧရာမတွင်း​ပေါက်​ကြီးတစ်​ခုဟာအန္တာတိကရဲ့
မျက်​နှာပြင်​​ပေါ်မှာပွင့်​လာတာကို​စက်​တင်​ဘာလကတွေ့ခဲ့ရပြီးတဲ့​နောက်​မှာ
ကျွမ်းကျင်​သူ​တွေကဒီဖြစ်​ရပ်​ဟာ
သူတို့အရင်​ကသိထားခဲ့တဲ့ပထဝီဝင်​နဲ့
ဘူမိ​ဗေဒဆိုင်​ရာအချက်​အလက်​​တွေနဲ့
မကိုက်​ညီတဲ့အတွက်​ရှင်းပြဖို့ခက်​ခဲ​နေတယ်​လို့​ပြောခဲ့ပြီးဒီ​နေရာကစိတ်​ပျက်​လက်​ပျက်​ထွက်​ခွာသွားခဲ့ကြတယ်​လို့ဆိုပါတယ်​။

၂၀၁၇စက်​တင်​ဘာ၉ရက်​မှာNASAရဲ့ဂြိုလ်​တုတစ်​လုံးဟာအန္တာတိကရဲ့အလယ်​ကပုံမှန်​မဟုတ်​တဲ့ထူးထူးခြားခြားအရာတစ်​ခုကိုရှာ​ဖွေ​တွေ့ရှိခဲ့ပြီးအ​သေအချာစူးစမ်းကြည့်​တဲ့အခါ
ဒါဟာ ၂၅၇ ကီလိုမီတာကျယ်​ဝန်းတဲ့တွင်း​ပေါက်​တစ်​ခုဖြစ်​​နေတာကိုသိခဲ့ကြရပါတယ်​။

ဒါဟာ ၁မိုင်​​ထက်​ပို​သောထုထည်​ရှိတဲ့အန္တာတိကရဲ့​ရေခဲပြင်​​အောက်​ကစီးထွက်​လာတဲ့​ရေခဲပြင်
အပိုင်းအစတစ်​ခုမဖြစ်​နိုင်​ပဲအ​အေးလွန်​ကဲတဲ့
ကန္တာရ​ရေခဲပြင်​ရဲ့အလယ်​မှာအရည်​​ပျော်​​နေတဲ့အလွန်​ကြီးမား​သောဧရိယာကြီးတစ်​ခုနဲ့
ဆင်​တူ​နေခဲ့တာပါပဲ။

ကျွမ်းကျင်​သူ​တွေကဒီ​ဧရိယာဟာခန့်​မှန်း​ခြေ ၃၀၀၀၀ စတုရန်းမိုင်​နီးပါးရှိနိုင်​​ကြောင်း
မ​ရေရာတဲ့ရှင်းပြချက်​​တွေဟာ
မဖြစ်​နို​င်​ဘူးဆိုတဲ့တုံ့ပြန်​မှု​တွေအများအပြား
ရင်​ဆိုင်​ခဲ့ရပြီးသိပ္ပံပညာရှင်​​တွေမှာလဲဒီကိစ္စအတွက်​အ​ဖြေတစုံတရာ​တောင်​မရှိခဲ့ပါဘူး။

ဒီအ​ကြောင်းအရာဟာသိပ်​အ​ခြေအ​နေ
မ​ကောင်းတဲ့အရာတစ်​ခုဖြစ်​တည်​လာမှုဆိုတာ​တော့အားလုံး​တွေးမိခဲ့ကြပါတယ်​။

ရာသီဥတု​ပြောင်းလဲမှုဟာဒီတွင်း​ပေါက်​ဖြစ်​​ပေါ်လာတဲ့ပြဿနာကိုဖန်​တီးတဲ့တရားခံမဖြစ်​နိုင်​ပဲ​ရေခဲပြင်​​ပေါ်ကတွင်း​ပေါက်​ကိုမြင်ရတဲ့​ပုံစံဟာ
တိုက်​ရိုက်​တူးဆွဖြိုခွဲခံထားရတဲ့အ​ခြေအ​နေမျိုး​တွေ့​နေရတယ်​လို့သုံးသပ်​ခဲ့ကြ​တာပါ။

သမားရိုးကျသိပ္ပံပညာရှင်​​တွေတရားဝင်​ထုတ်​ပြန်​ခဲ့တဲ့အချက်​အလက်​​တွေအရအန္တာတိကရဲ့
အောက်​ဘက်​ကတစ်​မိုင်​ထက်​ပိုထူတဲ့​ရေခဲအလွှာ​ဟာနှစ်​သန်း​ပေါင်းများစွာတည်းက
စတင်​ခဲ့တာလို့ဆို​ပါတယ်​။

သို့​သော်
အ​မေရိကန်​သိပ္ပံပညာရှင်​​တွေဟာအန္တာတိကရဲ့သမုဒ္ဒရာဝန်းကျင်​တဝိုက်​က​ရှေး​ခေတ်​လူ့အဖွဲ့အစည်းတစ်​ခုရဲ့အကြွင်းအကျန်​အပိုင်းအစ​တွေကိုအကြိမ်​​ပေါင်းအ​တော်​များများ​တွေ့ခဲ့ရဖူးပြီးဒီအရာ​တွေကိုဓာတ်​ခွဲစမ်းသပ်​ခဲ့မှု​တွေအရဒီအကြွင်းအကျန်​​တွေရဲ့သက်​တမ်းဟာ
နှစ်​​ထောင်​​ပေါင်းအနည်းငယ်​သာရှိ​နေ​သေးတာကိုအ​ဖြေထုတ်​နိုင်​ခဲ့ပါတယ်​။

၁၆ ရာစုက​ရေးဆွဲခဲ့တယ်​လို့သိရတဲ့​ရှေး​ဟောင်း​မြေပုံတစ်​ခုမှာပါဝင်​​နေတဲ့ပထဝီဝင်​ဆိုင်​ရာ
အချက်​အလက်​​တွေကလည်းရေခဲဖုံးလွှမ်းမှုမဖြစ်​​ပေါ်မီကယဉ်​​ကျေးတဲ့လူ့အဖွဲ့အစည်းတစ်​ရပ်​ဟာ​အန္တာတိကတိုက်​မှာတည်​ရှိခဲ့တယ်​လို့ညွှန်​ပြ​နေခဲ့ပါတယ်​။

Piri Reis​ Map

၁၅၁၃ မှာဗိုလ်​ချုပ်​ကြီး Admiral Piri Reis ​ရေးဆွဲခဲ့တဲ့အလွန်​အံ့အားသင့်​ဖွယ်​​ကောင်း​သောရှေး​ဟောင်း​မြေပုံတစ်​ခု​ကြောင့်​​​မြေပုံ​ရေးဆွဲမှုဆိုင်​ရာကျွမ်းကျင်​သူ​တွေဟာ
ဝေခွဲမရနိုင်​​အောင်​ဖြစ်​ခဲ့ရဖူးပါတယ်​။

မြေပုံ​ရေးဆွဲရခြင်းကိုအလွန်​ဝါသနာထုံတဲ့
Admiral Piri Reisဟာတူရကီ
အော်​တိုမန်​အင်​ပိုင်​ယာရဲ့​ရေတပ်​ဗိုလ်​ချုပ်​ကြီး
တစ်​ဦးဖြစ်​ပြီးဒီ​မြေပုံကိုကွန်​စတင်​တီနိုပယ်​မြို့ကအခွင့်​ထူးခံလူတန်းစား​တွေသာ
ဝင်​ခွင့်​ရှိတဲ့စာကြည့်​တိုက်​မှာ
ရှေး​ခေတ်​​မြေပုံ​တွေကိုမှီငြမ်း​ရေးဆွဲခဲ့တယ်​လို့သိရပါတယ်​။

ထောင်​စုနှစ်​အနည်းငယ်​အကွာက
အလွန်​အဆင့်​မြင့်​တဲ့လူ့အဖွဲ့အစည်းတစ်​ရပ်​ဟာ
ဒီ​နေ့​ခေတ်​ထက်​သာလွန်​တဲ့​ရေ​ကြောင်းသွားလာမှုဆိုင်​ရာအတတ်​ပညာနဲ့စက်​ပစ္စည်း​တွေကိုပိုင်​ဆိုင်​နိုင်​ခဲ့ကြတယ်​ဆိုတဲ့အချက်​ကိုဒီ​မြေပုံက​ဖော်​ပြ​နေပါတယ်​။

အန္တာတိကတိုက်​ကိုလွန်​ခဲ့​သောနှစ်​​ပေါင်း၂၀၀ နီးပါးရှိတဲ့၁၈၂၀ ခုနှစ်​မှာမှပထမဆုံးရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်​​ပေမယ့်
လွန်​ခဲ့တဲ့နှစ်​​ပေါင်း၅၀၀​ကျော်​က​ရေးဆွဲခဲ့တယ်​လို့ဆိုတဲ့ဒီ​မြေပုံမှာအန္တာတိကတိုက်​ကို
ရေခဲဖုံးလွှမ်းမှုမရှိတဲ့နယ်​​မြေအဖြစ်​ထည့်​သွင်း​ရေးဆွဲထားတာကို​တွေ့​နေရပြီးအန္တာတိကရဲ့
ကမ်းရိုးတန်း​နေရာ​တွေကိုအ​တော်​ကြီးပြည့်​ပြည့်​စုံစုံ​ရေးဆွဲထားတာ​တွေ့ရပါတယ်​။

(ပုံ​ဖော်​ပြထားပါသည်​)

ဒီကမ်းရိုးတန်း​နေရာဟာခုချိန်​မှာ
Queen Maud Landလို့​ခေါ်​နေကြတဲ့​ရေခဲပြင်​​အောက်​ကကမ်းရိုးတန်း​နေရာပါပဲ။

အချက်​အလက်​ဖြည့်​စွက်​ချက်​အရ ​မြေပုံ​ရေးဆွဲမှုဆိုင်​ရာကျွမ်းကျင်​သူ​တွေကလည်းဒီ​မြေပုံဟာBC၄၀၀၀​လောက်​က​ရှေး​ဟောင်း​မြေပုံ​တွေကိုမှီငြမ်း​ရေးဆွဲခဲ့မှုဖြစ်​တယ်​လို့လက်​ခံခဲ့ကြပါတယ်​။

အန္တာတိကတိုက်​ရဲ့​ရေခဲကင်းစင်​ခဲ့တဲ့
နောက်​ဆုံးကာလဟာလွန်​ခဲ့​သော
နှစ်​​ပေါင်း၆၀၀၀လို့သိပ္ပံကသတ်​မှတ်​ထားခဲ့​လေ​တော့ ​ရေခဲမဖုံးလွှမ်းမီကအန္တာတိကကမ်းရိုးတန်း ကိုထည့်​သွင်း​ရေးဆွဲထားတဲ့ဒီ​မြေပုံပါ
အချက်​အလက်​ဟာလွန်​ခဲ့တဲ့နှစ်​​ပေါင်း၆၀၀၀​ကျော်​ကလို့ယူဆရမလိုဖြစ်​​နေပြီး ​ပညာရှင်​​တွေက​တော့မြေပုံ​ရေးဆွဲထားပုံဟာကမ္ဘာ​မြေအထက်
မိုင်​၅၀အကွာကထိုင်​ကြည့်​ပြီး​ရေးဆွဲထားသလို Latitudeတွက်​ချက်​မှု​တွေကအစတိကျပီပြင်​လွန်း​နေခဲ့တယ်​လို့ဆိုပါတယ်​။

ဒီအချက်​အလက်​​တွေအရ သမိုင်းမတင်​နိုင်​ခဲ့တဲ့အချိန်​​တွေကအဆင့်​မြင့့်​လူ့အဖွဲ့အစည်း
တစ်​ခုရဲ့တည်​ရှိမှုဟာ
ပိုမိုခိုင်​မာလာ​နေခဲ့သလို ဒီ​နေ့​ခေတ်​နည်းပညာ​တွေနဲ့သာ​ရေးဆွဲနိုင်​မယ့်​ဒီအဆင့်​မြင့်​​မြေပုံကို
လွန်​ခဲ့​သောနှစ်​​ပေါင်း၆၀၀၀​ကျော်​က
ဘယ်​သူ​တွေ​ရေးဆွဲခဲ့သလဲဆိုတဲ့ပ​ဟေဠိက
လည်းအ​ဖြေရှာရခက်​​နေပါ​တော့တယ်​။

Germany expedition to the South Pole

ဟစ်​တလာနဲ့နာဇီထိပ်​တန်း​ခေါင်း​ဆောင်​​တွေကအန္တာတိကတိုက်​ဟာ​အလွန်​ရှေး​ကျတဲ့
ခေတ်​က​ပျောက်​ဆုံးခဲ့တဲ့အတ္တလန္တစ်
လူ့အဖွဲ့အစည်းအ​ခြေချခဲ့ရာ​နေရာဖြစ်​နိုင်​​ကြောင်း
ကို​လေး​လေးနက်​နက်​သံသယရှိခဲ့ကြပါတယ်​။

1938မှာ​စစ်​ဖက်​ဆိုင်​ရာကြိုတင်​ပြင်​ဆင်​မှု​တွေနဲ့အလွန်​အလုပ်​ရှုပ်​​နေ​တဲ့အချိန်​ဖြစ်ေ​န​သော်​လည်း​တောင်​ဝင်​ရိုးစွန်းမှာသိပ္ပံပညာရပ်​ဆိုင်​ရာနည်းပညာ​သု​တေသန​လုပ်​ငန်း​တွေကိုကျယ်​ကျယ်​ပြန့်​ပြန့်​လုပ်​ကိုင်​နိုင်​ဖို့ ဟစ်​တလာဟာစတင်​​ဆောင်​ရွက်​ခဲ့ပါ​တော့တယ်​။

ဒီမစ်​ရှင်​ရဲ့အ​စောပိုင်းကာလ​တွေမှာပဲ
အန္တာတိကရဲ့​ရေခဲမှတ်​​အောက်​ထိ​အေးခဲ​နေတဲ့ရာသီဥတုနဲ့​သွားလာရခက်​ခဲတဲ့​မြေမျက်​နှာပြင်​အ​နေအထားဟာ လျို့ဝှက်​စစ်​စခန်းတစ်​ခုတည်​​ဆောက်​ဖို့အ​ကောင်းဆုံးအ​နေအထားအဖြစ်​​တွေ့ရှိရ​ကြောင်းကိုနာဇီသု​တေသနပညာရှင်​​တွေပါဝင်​တဲ့WW2 ကအကြံပြုထားတဲ့
မှတ်​ချက်​အ​မြောက်​အများကိုဟစ်​တလာဟာလက်​ခံရရှိခဲ့ပါတယ်​။

အေးခဲ​နေတဲ့အန္တာတိကတိုက်​​ပေါ်က
မစ်​ရှင်​ရဲ့အစပိုင်းကာလ​တွေမှာပဲမယုံနိုင်​စရာ
ကောင်း​လောက်​​အောင်​​နွေး​ထွေးတဲ့​ရေပူစမ်း​တွေနဲ့ဧရာမဂူ​ပေါက်​ကြီး​တွေအထဲကိုဖြတ်​စီး​နေတဲ့​ရေလက်​ကြား​တွေကိုနာဇီ​တွေရှာ​ဖွေ​တွေ့ရှိခဲ့ကြပြီးဒါဟာသူတို့ကိုင်​စွဲခဲ့တဲ့​မြေပုံစာအုပ်​ပါတိကျတဲ့အချက်​အလက်​​တွေ​ကြောင့်​လို့ဆိုပါတယ်​။

ဒီအထဲ​က​ရေခဲ​တောင်​​တစ်​လုံးမှာ​တော့မိုင်​၃၀နီးပါး
ကျယ်​ဝန်းတဲ့​ရေခဲဂူ​ပေါက်​တစ်​ခုအပြင်​ကြီးမားတဲ့
ရေကန်​တစ်​ခုပါတွဲလျက်​ရှိ​နေသလို
ရေကန်​ရဲ့​နက်​ရှိုင်းတဲ့အောက်​​ခြေက
သဘာဝ​ရေပူ​တွေစီးထွက်​​နေတာကို​တွေ့ရှိရ
ကြောင်းကိုအစီရင်​ခံခဲ့ပါတယ်​။

အန္တာတိက​ကိုနာဇီတပ်​ဖွဲ့​တွေ​ရောက်​ရှိပြီး
တို​တောင်းတဲ့အချိန်​အတွင်းမှာပဲသူတို့ရဲ့
swastika ​ခေါ်စင်္ကြာတံဆိပ်​နဲ့ဆင်​မြန်း
ထားတဲ့ရာ​ပေါင်းများစွာ​သောအလံ​တွေကို
Queen Maud Landရဲ့အစိတ်​အပိုင်းတစ်​ချို့မှာဂျာမဏီဧရိယာအဖြစ်​အခိုင်​အမာစိုက်​ထူနိုင်​ခဲ့ကြပြီးဒီ​​ဧရိယာကိုNeuschwabenland
(New Swabia Land)လို့အမည်​​ပေးခဲ့ကြပါတယ်​။

ဒီအ​ကြောင်းအရာဟာဒုတိယကမ္ဘာစစ်​အပြီးမှာအန္တာတိကမစ်​ရှင်​နဲ့ပတ်​သက်​ပြီး
ဂျာမန်​စစ်​ဗိုလ်​Ritscherကမဟာမိတ်​​တွေကို​ပေးအပ်​ခဲ့တဲ့​မြေပုံစာအုပ်​​တွေမှာကြားညှပ်​​ရေးထားတဲ့နာဇီ​တွေရဲ့မှတ်​ချက်​အရသိရတာပါ။

ဗြိတိသျှထောက်​လှမ်း​ရေးမှတ်​တမ်း

WW2ဆိုတဲ့နာဇီသု​တေသနဧရိယာကမှတ်​တမ်း​တွေအရ​တောင်​ဝင်​ရိုးစွန်းကအရွယ်​အစားကြီးမားလှတဲ့ဂူကြီးထဲမှာခံတပ်​တစ်​ခုကို​အောင်​မြင်​စွာတည်​​ဆောက်​နိုင်
ခဲ့တယ်​လို့သိရ​ပြီးအန္တာတိကမှာအ​ခြေစိုက်​တဲ့ဒီခံတပ်​ရှိရာဂူ​ပေါက်​ရဲ့အဝင်​ဝကို
ဗြိတိသျှစစ်​သား​တွေဟာ၁၉၄၅​နောက်​ပိုင်းမှာ
မှ​တွေ့ခဲ့တယ်​လို့ဆိုပါတယ်​။

နာဇီ​တွေဟာဒီဧရာမဂူ​ပေါက်​ကိုအခိုင်​အမာ
အ​ခြေပြုတည်​​ဆောက်​ထားတာ​တွေ့ရှိခဲ့ရပြီး
စွမ်းရည်​အမြင့်​ဆုံး U-Boats​ရေငုပ်​သ​င်္ဘော
ကျင်းလို့ယူဆရတဲ့အ​ထောက်​အထားတစ်​ခုကို​တွေ့ရှိခဲ့ရပါတယ်​။

(U-Boatsလို့​ခေါ်ကြတဲ့​ရေငုပ်​သ​င်္ဘော​တွေဟာဒုတိယကမ္ဘာစစ်​မှာနာဇီ​တွေရဲ့လျို့ဝှက်​လက်​နက်​လို့နာမည်​ကြီးခဲ့ပြီးအ​ရေအတွက်​အားဖြင့်​ ၂ စင်းသာတည်​​ဆောက်​ခဲ့တယ်​လို့သိရပါတယ်​။
လူ​ပေါင်း​ထောင်​ချီသယ်​​ဆောင်​နိုင်​သော
လျှပ်​စစ်​စွမ်းအင်​သုံး​ရေငုပ်​သ​င်္ဘော​တွေဖြစ်​တဲ့
U-Boats​တွေဟာစွမ်းအင်​တစ်​ကြိမ်​ဖြည့်​ပြီး
တိုင်းမှာကမ္ဘာတစ်​ဝက်​​လောက်​ထိ​အောင်
ခရီးဆန့်​နိုင်​ပြီး​ပင်​လယ်​ပြင်​​အောက်​​မှာလည်း
လအ​တော်​ကြာ​အောင်​ငုပ်​လျိုး​နေနိုင်​တယ်​လို့မှတ်​သားဖူးပါတယ်​)

ဂူ​ပေါက်​ရဲ့ပိုပြီးနက်​​ရှိုင်းတဲ့အပိုင်းကိုခရီးဆန့့်​လာခဲ့တဲ့​နောက်​မှာ​တော့
စစ်​​ဘေးတိမ်း​ရှောင်​သူ​တွေကဂျာမဏီမှာအသက်​ရှင်​ကျန်​ရစ်​ခဲ့မယ့်​သူ​တွေဆီ​ပေးပို့ခဲ့တဲ့မ​ရေမတွက်​နိုင်​တဲ့နှုတ်​ဆက်​စကားစာရွက်​​တွေ၊
လေယာဉ်​ဂို​ဒေါင်​​တွေထဲကထူးထူးဆန်းဆန်း
ယာဉ်​ပျံ​တွေကိုအ​တော်​များများ​တွေ့ခဲ့ရသလို
Neuschwabenland ဆိုတဲ့အန္တာတိကရဲ့
ဒီ​နေရာကိုတတိယဂျာမန်​အင်​ပါယာအဖြစ်​သတ်​မှတ်​ထားတာကိုသိရှိခဲ့ရပါ​တော့တယ်​။

ဒီ​နေရာဟာ၁၉၄၂မှာအင်​မတန်​ကြီးမားတဲ့လျို့ဝှက်​သိပ္ပံစမ်းသပ်​မှုဆိုင်​ရာဧရိယာဖြစ်​ခဲ့ပြီး
ဂျာမန်​စစ်​ဘက်​ဆိုင်​ရာသု​တေသနလက်​​အောက်​ကအ​ခြေစိုက်​အမှတ်​ ၂၁၁ အမည်​နဲ့တည်​ရှိခဲ့ပါသတဲ့။

Operation High jump

နာဇီ​တွေတည်​​ဆောက်​ခဲ့တဲ့ဝင်​ရိုးစွန်းခံတပ်​မဟာကြီးကိုဗြိတိသျှ​ထောက်​လှမ်း​ရေး​ကလေ့လာအပြီးမှာ​တွေ့ရှိခဲ့တဲ့မှတ်​တမ်း​တွေအရအန္တာတိကရဲ့​​ရေခဲပြင်​အောက်​​ခြေမှာလျို့ဝှက်​တည်​ရှိ​နေတဲ့အရာကိုစုံစမ်း
စစ်​​ဆေးဖို့Operation Highjumpဆိုတဲ့
စစ်​ဆင်​​ရေး​ခေါင်းစဉ်​နဲ့
အမေရိကန်​တပ်​တွေဟာအန္တာတိကတိုက်​ကို
ထွက်​ခွာခဲ့ကြပါ​တော့တယ်​။

U.S​ရေတပ်​ကအပြည့်​အဝ​ငွေ​ကြေးပံ့ပိုးထားတဲ့​တောင်​ဝင်​ရိုးစွန်းခရီးကိုဦး​ဆောင်​ခဲ့တဲ့သူက​တော့​မြေ​အောက်​ကမ္ဘာရဲ့အတွင်းပိုင်းကို​ရောက်​ရှိခဲ့သူအဖြစ်​ကမ္ဘာကသိထားခဲ့တဲ့​ရေတပ်​ဗိုလ်​ချုပ်​Admiral Richard E.Byrdပါပဲ။

ဒီစစ်​ဆင်​​ရေးရဲ့စစ်​​ရေးအင်​အားအဖြစ်​​လေယာဉ်​တင်​သ​င်္ဘောကြီး USS Casablanca၊
ရေခဲခွဲသ​င်္ဘောတစ်​စင်း၊စစ်​သ​င်္ဘော၁၂စင်း၊
ရေငုပ်​သ​င်္ဘောတစ်​စင်း၊​လေယာဉ်​နဲ့ရဟတ်​ယာဉ်​၂၅စင်းတို့နဲ့စစ်​သား၅၀၀၀တို့လိုက်​ပါလာခဲ့တာကိုကြည့်​ခြင်းအားဖြင့်​စစ်​ပွဲကြီးတရပ်​ကိုဆင်​နွှဲရဖို့အထိအ​မေရိကန်​​တွေ​မျှော်​လင့်​ပြင်​ဆင်​လာခဲ့တယ်​ဆိုတာကို​တွေ့နိုင်​ပါလိမ့်​မယ်​။

Admiral Byrdက၁၉၄၆ နိုဝင်​ဘာ၂ရက်​​နေ့ကသတင်းထုတ်​ပြန်​ရာမှာ​တော့
"ဒီစစ်​ဆင်​​ရေးရဲ့အရင်းခံအ​ကြောင်းက​တော့
တပ်​မ​တော်​​တွေရဲ့သ​ဘောသဘာဝအတိုင်း
ကျ​နော်​တို့အ​နေနဲ့ပုံမှန်​စစ်​​ရေး​လေ့ကျင့်​ဖို့ခရီးထွက်​ကြတာပါ။
အေးခဲ​နေတဲ့​ဒေသ​တွေမှာကျ​နော်​တို့စစ်​လက်​နက်​​ကိရိယာ​တွေပုံမှန်​အတိုင်းအလုပ်​လုပ်​မလားဆိုတာကိုသိချင်​တာလဲပါ ပါတယ်​"
လို့​ပြောခဲ့ပါရဲ့။

Byrdသတင်းထုတ်​ပြန်​ပြီးမကြာခင်​မှာပဲ
ရေတပ်​ဝန်​ကြီးJames Forrestalကဒီခရီးစဉ်​နဲ့ပတ်​သက်​တဲ့အ​သေးစိပ်​အ​ကြောင်းအရာ​တွေကိုထုတ်​​ဖော်​မ​ပြောဖို့ Admiral Byrd
ကိုအမိန့်​​ပေးခဲ့ပြီးဒီသု​တေသနခရီးရဲ့ပန်းတိုင်​ဟာ​ကျောက်​မီး​သွေးအာမခံလုပ်​ငန်း​တွေအတွက်
တန်​ဖိုးကြီးစွမ်းအင်​အရင်းအမြစ်​​တွေရှာ​ဖွေဖို့ဖြစ်​တဲ့အ​ကြောင်းကိုပြင်​ဆင်​သတင်းထုတ်​ပြန်​ဖို့ဖိအား​ပေးခဲ့ပါတယ်​။

Operation Highjumpကိုဒုတိယကမ္ဘာစစ်​မှာ
စစ်​သူရဲ​ကောင်းအဖြစ်​ထင်​​ပေါ်လာတဲ့
Admiral Chester W. Nimitzရဲ့တိုက်​ရိုက်​အမိန့်​​ပေးမှု​အောက်​မှာအစီအစဉ်​​ရေးဆွဲခဲ့ပြီးအ​မေရိကန်​ဟာဝင်​ရိုးစွန်းစစ်​ဆင်​​ရေးခရီးကိုစတင်ဖို့ဆုံးဖြတ်​​ခဲ့တာဖြစ်​သလိုစစ်​ဆင်​​ရေးရဲ့ရည်​ရွယ်​ချက်​က​တော့နာဇီ​တွေရဲ့အန္တာတိကအ​ခြေစိုက်​စခန်းအားလုံးကိုဖျက်​ဆီးပစ်​ဖို့ဖြစ်​တယ်​လို့ဆိုပါတယ်​။

အိမ်​ဖြူ​တော်​ကလည်းOperation Highjumpဟာသမိုင်းတ​လျှောက်​အကြီးကျယ်​ဆုံးဝင်​ရိုးစွန်း​သိပ္ပံ​လေ့လာ​ရေးခရီးစဉ်​​ပဲလို့ထုတ်​​ဖော်​​ပြောကြားခဲ့ပါတယ်​။

အင်​မတန်​ထူးခြားပြီးနားမလည်​နိုင်​ဖြစ်​ခဲ့ကြတာ
က​တော့အ​မေရိကန်​အစိုးရဟာကြိုတင်​စု​ဆောင်း ထားတဲ့အ​သေးစိတ်​အချက်​အလက်​​တွေအရ
ဒီစစ်​ဆင်​​ရေးကို ၆ လအတွင်းအပြီး​ဆောင်​ရွက်​ဖို့
အ​သေအချာအစီအစဉ်​​ရေးဆွဲထားခဲ့​ပေမယ့်
၃ လကြာပြီးတဲ့​နောက်​မှာပဲဒီစစ်​ဆင်​​ရေး ကိုထူးထူးခြားခြားဖျက်​သိမ်းလိုက်​တာကို​တွေ့ခဲ့ရပါတယ်​။

ဒီအ​ကြောင်းအရာနဲ့ပတ်​သက်​လို့အ​မေရိကန်​စစ်​တပ်​ကတရားဝင်​သတင်းမထုတ်​ပြန်​​ပေမယ့်​ Byrdနဲ့သူ့တပ်​ဖွဲ့ဝင်​​တွေဟာဝင်​ရိုးစွန်းမှာ အမျိုးအမည်​မသိယာဉ်​ပျံ​တွေရဲ့
ရန်​လိုတဲ့ခြိမ်း​ခြောက်​ပစ်​ခတ်​မှု​တွေနဲ့ပက်​ပင်း
ရင်​ဆိုင်​ခဲ့ရတယ်​လို့ထုတ်​​ဖော်​​ပြောကြားမှု​တွေရှိလာခဲ့ပါတယ်​။

၁၉၄၇မတ်​လ၅ရက်​​နေ့ထုတ်​Chilean El Mercurio သတင်းစာနဲ့အင်​တာဗျူးမှာ​တော့Admiral Byrdက

"ကျ​နော်​တို့​ရေတပ်​သ​င်္ဘောအုပ်​စုကိုကာကွယ်​ဖို့​လေယာဉ်​တင်​သ​င်္ဘောကတိုက်​​လေယာဉ်​​တွေ​စေလွှတ်​​နေတုန်းမှာပဲဒီUFO​တွေက​လေဆာ​ရောင်​ခြည်​လိုလက်​နက်​​တွေနဲ့အပြင်းအထန်​ပစ်​ခတ်​​နေခဲ့တယ်​။

မြေ​အောက်​ကမ္ဘာကနိုင်​ငံအ​နေနဲ့စစ်​လက်​နက်​အပြည့်​အစုံတပ်​ဆင်​ထားတဲ့ကျ​နော်​တို့စစ်​ဆင်​​ရေးဟာသူတို့ကိုခြိမ်း​ခြောက်​​​နေသလိုယူဆပြီးသူတို့တိုင်းပြည်​ကိုကာကွယ်​ဖို့ကြိုးစားခဲ့ပုံရပါတယ်​"

တောင်​ဝင်​ရိုးစွန်းကရန်​ပြုလိုဟန်​ရှိ​သော
လေ​ကြောင်းပျံသန်းမှု​တွေဟာ​မြေ​အောက်​တိုင်းပြည်​ရဲ့​ကျူး​ကျော်​လာမယ့်​အပြုအမူမျိုးဖြစ်​လာနိုင်​တဲ့အတွက်​ကာကွယ်​ရန်​အသင့်​ပြင်​ထားဖို့
အ​မေရိကန်​ကအမိန့်​ထုတ်​ပြန်​ခဲ့တယ်​လို့
Admiral Byrd ကဖွင့်​ဟဝန်​ခံခဲ့ပါတယ်​။

ဗိုလ်​ချုပ်​Byrdဆက်​​ပြောခဲ့တာက

"ခင်​ဗျားတို့သိထားရမှာကကျ​နော်​ဟာဘယ်​သူ့ကိုမှလွန်​လွန်​ကဲကဲ​ကြောက်​လန့်​​စေလိုတဲ့စိတ်​နဲ့ဒီအ​ကြောင်းကို​ပြော​နေတာမဟုတ်​ဘူးဆိုတာပဲ။
ဒီအမှန်​တရားဟာခင်​ဗျားတို့အတွက်​ခါးသီး​နေနိုင်​​ပေမယ့်​ကမ္ဘာ​ပေါ်ကကုန်း​မြေထုအားလုံးနဲ့ဆိုင်​တဲ့စစ်​ပွဲအသစ်​အတွက်​အ​မေရိကန်​ဟာဝင်​ရိုးစွန်းတစ်​ခုဒါမှမဟုတ်​ ၂ခုလုံးက​လေ​ကြောင်းပျံသန်းမှု​တွေကိုစတင်​တိုက်​ခိုက်​​သွားမှာပါ"

နောက်​၁၀နှစ်​အကြာ၁၉၅၇ ​မတ်​လ၁၁ရက်​မှာAdmiral Richard Evelyn Byrdရဲ့ထပ်​မံထုတ်?

Sort:  

Resteemed by @resteembot! Good Luck!
The resteem was payed by @greetbot
Curious?
The @resteembot's introduction post
Get more from @resteembot with the #resteembotsentme initiative
Check out the great posts I already resteemed.