အတိတ်က မိုး....

*ဝဠာရှစ်ခွင် ညို့ မှိုင်းလို့ ဝဿန်မိုးကြီး ချုံးပွဲချ ငိုကြွေးတော့မယ်..
*မိုးရေထဲမှ မိုးနဲ့အတူ ပုလဲသီးလေးတွေ ပြိုင်တူ သီကုံးရဦးမယ်...
*မိုးရွာရင် မောင့်အသည်းတွေ ကြေကွဲရတော့မယ်လေ..
*ဘယ်သူမှ မသိတဲ့အပူမီးတွေ ရင်ထဲမှာ လောင်မြိုက်နေရတယ်...
*မကို လွမ်းလွန်းလို့ သဲသဲမဲမဲတော့ မရွာလိုက်ပါနဲ့နော်...
*အငြိုးကြီးကြီးနဲ့ မရှိတော့တဲ့အသည်းကို တစ်စစီ ခြေမွဦးမလို့လား...
*မိုးရေ ထပ်မနှိပ်စက်ပါနဲ့တော့...
*ထွန့်ထွန့်လူး ကျန်တော့တဲ့ နှလုံးသားရင်ခုန်သံကို မ ကြားမယ်ဆိုရင် မိုးကြောင့်ဖြစ်ခဲ့တဲ့ ခံစားချက်ကို တားပေးနိုင်မှာပါ...
*မောင့်ကို ကတိတွေပေးပြီး ထွက်ပြေးသွားရက်တယ်နော်...
*မောင့်ကို အပြစ်ရှိရင် ခွင့်လွှတ်ပါလို့ မပြောခင်ကတည်းက အမုန်းကြီးစွာနဲ့ တမင်ပစ်ထားခဲ့တယ်နော်...
*မကို အရမ်းချစ်သလောက် မောင့်ကို မိုးရေထဲမှာ မညှာမတာ လှလှပပ လှည့်စားသွားခဲ့တယ်...
*မရယ်..
*ရာသီစက်ရဟတ် မပြတ်လည်ပတ်နေတယ်ဆိုပေမယ့် မနေ့တနေ့ကလို အရိပ်ထင်ကျန်ရစ်နေဆဲပါလေ..
*မကို တမ်းတလွန်းလို့ ချစ်မိတဲ့ မောင့်အသည်းကို ခွဲထုတ်ပစ်ချင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် နာကြည်းမိတယ်...
*သတိရတိုင်း မနဲ့သွားခဲ့တဲ့ အတိတ်ခြေရာတွေကို ပြန်ကြည့်နေမိတယ်...
*မနဲ့ ပထမဦးဆုံး တွေ့ခဲ့တဲ့ ကံကော်တန်းအောက်ကို သွားငေးနေမိတယ်...
*မောင့်ရဲ့ စိတ်တွေသာ မပြောင်းလဲပေမယ့် ကံကော်တန်းကြီးကတော့ ဒဏ္ဍာရီကောင်းတစ်ပုဒ်ကို သီကုံးနေဦးမှာပါ..
*မိုးနဲ့အတူ မောင် သွားခဲ့တဲ့ ကံကော်တန်းက ခေတ်သစ်အောင်လံကို စိုက်ထူခဲ့တယ်။ အဖော်အသစ်တွေနဲ့ ရတုမြောက်နေပြီလေ။
*ချစ်သူလမ်းကြားလေးကလည်း စုံတွဲလေးတွေနဲ့ အသက်ဝင်နေဆဲပါ...
*မောင်ကသာ မိုးနဲ့ အဖော်ပြုရင်း အားအင်ချိနဲ့စွာ မနက်ဖြန်တိုင်းကို အဓိပ္ပါယ်မဲ့စွာ ဆက်လျှောက်လှမ်းရဦးမှာပါ...
*မိုးရယ်..
*မောင့်ဘဝကို ထပ်ကြေမွအောင် မလုပ်ပါနဲတော့...အငြိုးကြီးကြီးနဲ့ မရက်စက်ပါနဲ့တော့ဗျာ...P70617-091459.jpg
Own Creation, No Copy!

ကဗျာမဟုတ်၊စာစီစာကုံးမဟုတ် ၊ရောက်တတ်ရာရာ..ဟိ
Sort:  

မရယ်

Ha Ha ,စိတ်ကူးတည့်ရာ ရေးထားတာပါဆို