"မင်းမှာ ပိုက်ဆံရှိလား ဘယ်လောက်ရှိလဲ 10000ပေးရင် ပြန်လွတ်ပေးမယ်"
"တစ်ပြားမှ မရှိဘူး ရှိလည်းမပေးနိုင်ဘူး"
"အေး ဒါဆို မင်းကို အချုပ်ထဲ ထည့်ရလိမ့်မယ်"
"ထည့်ချင်ထည့် မထည့်ချင်နေ မြန်မာပြည် ပြန်တော့မယ်"
သင်္ကြန်မှာ အလည်ကောင်းလို့ ပုလိပ်ဖမ်းခံရတာပါ အဖမ်းခံရတိုင်း အမြဲငွေညှစ်ခံရတယ် ဒီတစ်ခါတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ.... 2003ခုနစ်လောက်တည်းက ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်လာခဲ့တာ 2007ခုနစ်မှာ ဖမ်းခံရတယ်။ သက်တမ်း သုံးနှစ်တာ ကာလအတွင်းမှာ ရသမျှ ပိုက်ဆံ ချွေတာစားပြီး အိမ်ကိုငွေပို့နိုင်ခဲ့တယ်.... ဒီတစ်ခါတော့ ပေါက်တဲ့နဖူး မထူးတော့ပြီ ပြန်တော့မယ် မနေတော့ဘူး အဖေနဲ့အမေကိုလည်း လွမ်းလှပြီ။
ဒီလိုနဲ့ ကျနော့်ကို ဖမ်းသော ပုလိပ်မှာ ငွေမရနိုင်မှန်း သိသောအခါ ပုလိပ်ရုံးသို့ တန်းပြီးတော့ ကားမောင်းလေတော့သည်။ ပုလိပ်ရုံးသို့ ရောက်တာနဲ့ ကားပေါ်က မဆင်းခင်မှာ ကျနော့်အား ပုလိပ်ဖြစ်သူမှ လက်ထိပ်ခပ်ပြီးတော့ ဂုတ်ကနေကိုင်ပြီး ရုံးထဲသို့ ခေါ်ချသွားလေတော့သည်။ စခန်းမှူးလား ရှုံးစာရေးလားတော့ မသိပါ ပုလိပ်တစ်ယောက် ထိုင်နေသော စားပွဲခုံရှေ့တွင် ကျနော့်အား ထိုင်ခိုင်းလေသည်။ ကျနော့်အား ဖမ်းလာသော ပုလိပ်ဖြစ်သူမှာ ထိုစားပွဲခုံတွင် ထိုင်နေသော ပုလိပ်အား ကျနော့်အား မည်သို့မည်ပုံ ဖမ်းလာခဲ့ကြောင်းကို ရှင်းပြလေသည်။
ပုလိပ် "မင်းမှာ ဘာဒ်ရှိလား"
ကျနော် "မရှိဘူး"
ပုလိပ် "ဘယ်မှာ အလုပ် လုပ်သလဲ ဘာအလုပ် လုပ်လည်း"
စားပွဲခုံတွင် ထိုင်နေသော ပုလိပ်ဖြစ်သူမှာ ကျနော့်အား မေးမြန်းသောအခါ... တစ်ချိန်တုန်းက သူငယ်ချင်းဖြစ်သူ အနိမ်ပြောပြ သင်ပြခဲ့သော စကားများ သွားသတိရမိသည်။
"မင်းတို့မှာ ဘာဒ်မရှိပဲ အပြင်တွေ ဘာတွေ လိုက်သွားလို့ ပုလိပ်ဖမ်းခံရတဲ့အခါ ပုလိပ်မေးရင် အလုပ်မလုပ်ဘူး အခုမှ ဘန်ကောက်ကိုတက်လာခဲ့တာ မကြာသေးဘူး အလုပ်ရှာတုန်းပဲလို့ပြော ဒါဆိုရင် အမှု့သက်သာတယ် မဟုတ်လို့ကတော့ ထောင်45ရက် သို့မဟုတ် 6လပဲဆိုတာ မြဲမြဲမှတ်ထားချည် နောက်ပြီးတော့ ပုလိပ်မေးတာကို အမှန်တိုင်း ဟိုမှာလုပ်တာ ဒီမှာလုပ်တာဆိုပြီး ပြောပြလိုက်ရင် မင်းတို့လုပ်ခဲ့တဲ့ အလုပ်ကို စုံစမ်းပြီးတော့ ဘာဒ်မရှိတဲ့ မြန်မာပြည်သားတွေကို ထပ်ပြီးဖမ်းအုံးမှာ...."
ပုလိပ် "ဟိတ် မေးနေတယ်လေကွာ မင်း ဘယ်မှာ ဘာအလုပ် လုပ်သလဲလို့"
ကျနော် "ဗျာ... ဟုတ်... ဟုတ် ကျနော် အခုမှ ဒီကိုရောက်တာ မကြာသေးဘူး အလုပ်ရှာနေတုန်းပါ အလုပ်မရှိသေးပါဘူး"
ပုလိပ်မေးတာကို သူငယ်ချင်း အနိမ်မှာခဲ့တဲ့အတိုင်းသာ ကျနော် ပြောလိုက်သည်။ ပုလိပ်ဖြစ်သူမှာ ကျနော့်အား သေချာစူးစိုက်ကြည့်နေလေသည် ပြီးတော့ ထပ်မေးသည်။
ပုလိပ် "သေချာလို့လား မှန်မှန်ဖြေနော် အလုပ်မလုပ်ဘူးဆိုတာ"
ကျနော် "မလိမ်ပါဘူးဗျာ အလုပ်ရှာနေတုန်း ပုလိပ်ဖမ်းခံရတာပါ"မုသားမပါ လင်္ကာမချောဆိုသလို ပုလိပ်အား ကျနော် လိမ်ပြောလိုက်သည်။
ပုလိပ် "မင်းနာမည် ဘယ်လိုခေါ်လဲ"
ကျနော် "ကိုလင်းပါခင်ဗျ"
ပုလိပ် "အသက် ဘယ်လောက်လည်း"
ကျနော် "21နှစ်ပါ"
ပုလိပ် " ဟုတ်ပြီ မင်းက ဘန်ကောက်ကို ရောက်တာလည်း မကြာသေးဘူး ဘာဒ်လည်းမရှိဘူးဆိုတော့ ရိုးရိုးသံထောက်ပဲ အလုပ်လည်း မလုပ်ဘူးဆိုတော့ မင်း ပိုက်ဆံ ပေးနိုင်ရင် ပြန်လွတ်ပေးမယ် ဒီမှာ မင်းရဲ့ မိဘတွေ အမျိုးတွေ ညီကိုမောင်နှမတွေရှိလား ရှိရင် ဖုန်းဆက်ပြီးပြောကြည့် ငွေပေးနိုင်ရင် ပြန်လွတ်ပေးမယ် မင်းမှာ ဖုန်းရှိလား မရှိရင် ဒီမှာရော့ ဖုန်း"
ခက်တော့ခက်နေပြီ ရုံးရောက်တာတောင်မှ ငွေကညှစ်တုန်းပဲ ဒါကြောင့် ထိုင်းကပုလိပ်တွေ လက်ထဲငွေရှိရင် ကြောက်စရာကိုမလိုတာ... ပုလိပ်ပေးတဲ့ဖုန်း လှမ်းယူပြီး ကျနော် ဖုန်း နှစ်ခါဆက်လေသည်။
ပထမဆက်တဲ့ဖုန်းက ရွာက အမေ့ဆီကို ဆက်ခြင်းဖြစ်သည်။ ပုလိပ်ဖမ်းခံရတဲ့အကြောင်း မကြာခင် မြန်မာပြည်သို့ ပြန်ရောက်မည့်အကြောင်းများ ပြောဆိုခြင်းဖြစ်သည်။ကျနော့်အမေကလည်း ဖမ်းခံရရင် ပြန်လာခဲ့တော့ အဖေတို့ အမေတို့လည်း သားကို လွမ်းလှပြီ အခုလို ဖမ်းခံရတော့ စိတ်ပူတယ် ဆိုတဲ့အကြောင်း ပြန်ပြောရှာသည်။
ဒုတိယဆက်သည့်ဖုန်းမှာ ကျနော်နဲ့တူတူ ပုလိပ်ဖမ်းတုန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ သူငယ်ချင်းဆီကို ဆက်ခြင်းဖြစ်သည်။
"ဟဲလို"
"အေး ငါပါဟ ကိုလင်းပဲကွ"
"ဟာ ဟေါင့် မင်းအခု ဘယ်ကနေဆက်နေတာလည်း မင်း ပုလိပ်ဖမ်းမိသွားတယ်ဆို"
"အေး ဟုတ်တယ်ကွ ဖမ်းမိသွားတယ် ထွက်ပြေးတာ ချော်လဲသွားလို့ကွ"
"ဟာကွာ မင်းကလည်း ဖြစ်မှဖြစ်ရတယ်လို့"
"အေး အခုငါ... ပုလိပ်ရုံးမှာပဲ မင်းအစ်ကိုမှာ ဘာဒ်ရှိတယ်မလား အဲ့ဒါ ငါ့ရဲ့ အဝတ်စားထုတ်နဲ့ 〷◠‿◠〷ပစ္စည်းတွေ ယူလာခဲ့ပေးကွာ ငါ အဖမ်းခံပြီး မြန်မာပြည်ပြန်တော့မယ် ပြန်မထွက်လာတော့ဘူး"
"အေး အေး ငါ့အစ်ကိုမှာ ဘာဒ်ရှိတယ် သူ့ကို ငါ မင်းပစ္စည်းတွေ အဝတ်စားတွေ လာပေးခိုင်းလိုက်မယ်"
"Ok သူငယ်ချင်းကျေးဇူးပဲ ဒါဆို ငါ ဖုန်းချလိုက်တော့မယ်"
ဖုန်းစကားပြောပြီးသည်နှင့် ပုလိပ်အား ဖုန်းပြန်ပေးလိုက်သည်။
ပုလိပ် "ဘယ်လိုလဲ အဆင်ပြေလား"
ကျနော် "အဆင်မပြေဘူး သူတို့မှာ ပိုက်ဆံမရှိဘူးတဲ့ ဖမ်းခံထိရင် မြန်မာပြည်ပြန်တော့တဲ့"
ထိုကဲ့သို့ ကျနော်ပြောလိုက်တော့ ပုလိပ်မျက်နှာပျက်သွားသည်။ ခွိခွိ ပုလိပ်ထင်တာ ကျနော် ငွေလှမ်းမှာတယ် ထင်နေတာ ကိုယ်ကလည်း ကိုယ့်အကြံနဲ့ကိုယ် ဟဟား ဟားး
ဆက်လက်ရေးသားသွားပါမည်
ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @kolinn
ကျောက်ခဲကို ဆီညှစ်မိတာ အဲဒီပုလိပ်ရဲ့အမှားပဲ ...
You got a 1.01% upvote from @allaz courtesy of @sawlwin!
Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!
ကျောက်ခဲကို ဆီညစ်တာမှ ထွက်ချင်ထွက်ဦးမယ်😂
ပြန်လာရောလား
ဒါပေါ့
ဟီး... ဘယ်လိုအကြံမျိုးလဲ သိချင်တယ်ဗျ မျော်နေပါတယ်
ဆက်လက်ရေးသားသွားပါမည်
ပြန်ရောက်ရင် ပြောဦးဗျာ။
ထိုင်းရဲကိုတော့ လူလည်လုပ်လာခဲ့တယ်ပေါ့။
ဟူတ် တစ်ခါတစ်လေတော့လည်း ဂျင်ပေါ်ထုံးသုပ်တတ်ရတာပေါ့
မြန်မာပြည်ပြန်ရောက်ပြီလားbro အပိုင်းဆက်အတွက်လည်းဆက်အားပေးနေတယ်
ကျေးဇူးတင်ပါတယ်ညီ
ပု လိပ်လည်တာလောက်တော့ ကိုယ်အိပ်နေသလောက်ပဲရှိတာပါ😁😁😁
လွယ်တော့မလွယ်ဘူး😀
ရောက်သေးဘူးမဟုတ်လား မြန်မာကို လာဖြစ်သေးဘူးဆို ဟိုတစ်ခါမေးတုန်းက
အခုရေးတာက လွန်ခဲ့တဲ့ ဆယ်နှစ်ကပါ😀
ဟာဗျာ.ကောင်းခန်းရောက်မှ 😁
အဟီး😂😂
ကိုလင်းလည်း အလိမ်အညာတွေတတ်နေပြီပေါ့😂😂
မုသားမပါ လင်္ကာမချောလို့ပါ😀
ဒါဆို အလည်ပြန်လာခွင့်ရသွားတဲ့သဘောပေါ့
ဒါပေါ့😂😂😂
ခုတခါဖမ်းခံထိတာ လတ်တလော မကြာသေးဘူးလား
အဲ့တာပြီးတော့ ပြန်လာရောလား bro
ဘာတွေဆက်ဖြစ်လဲဗျ
နောက်အပတ် ဆက်ရေးမယ်ခင်ဗျ😂
ငွေညစ်ချင်တဲ့ပုလိပ်နည်းနည်းတော့ စိတ်ညစ်သွားမှာပေါ့ ။
ဟုတ်တယ် ကိုထွေးရေ😂
အရေးအကြောင်းဆို ကလိမ်ညဏ်တွေက ထွက်လာတတ်တယ်ဗျ hee hee
ယိုးဒယား လည်တယ်ဆိုတာ မြန်မာကို မမှီဘူး😂😂😂😂
ယိုးဒယား နေရတာလဲ မလွယ်ပါလားနော် နောက်တစ်ပိုင်း စောင့်ဖတ်ပါဦးမည် ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဟားဟား
ပိုင်ချက် 😁😁
စောင့်မျှော်ရှုစား အားပေးပါအုံးမယ်ကိုလင်းရေ
ဟုတ်ကိုဇော်ရေ😂😂😂😂😂
ဆိုးချက်ဗျာ အိမ်ကလူတွေဆီတောင်ပိုက်ဆံတောင်းခိုင်းသေးတယ်
အတွေ့ကြုံတွေကတော့ ရှယ်ပဲ
မျှော်နေမယ် ကိုလင်း
ပုလိပ်ကိုတစ်ပတ်လှည့်ပြီးလစ်ထွက်သွားတာပေါ့ ဟီးဟီး
ပုလိပ် ခံလိုက်ရတယ်ပေါ့ ဟီးးး
ကိုလင်းကတော့ အကြံပိုင်တယ်ကွာ
This post has received a 3.22 % upvote from @boomerang.