လောကကြီးမှာအရာအားလုံးပြောင်းလဲနေပါတယ်။ ငယ်စဉ်အရွယ်က အတွေးတွေအယူအဆတွေဟာ ခုချိန်မှာ ရယ်မောစရာတွေဖြစ်နေတတ်ပြီး ပြောင်းလဲနေကြမှာအမှန်ပါပဲ။ ဒီလိုပါပဲ အခုအချိန် အခုအရွယ်မှာ အခုလက်ရှိအတွေးအခေါ်တွေအယူအဆတွေအားလုံးဟာလည်း သိပ်မကြာခင်အများကြီးပြောင်းလဲလာအုံးမှာပါ။ လူတစ်ယောက်တည်းမှာတောင် ဘ၀တစ်လျှောက်လုံး အသက်အရွယ်အခြေအနေကိုလိုက်ပြီးအမြဲပြောင်းလဲနေတတ်တဲ့လောကကြီးရယ်ပါ။
ကျွန်မတို့ အထက်တန်းကနေ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တဲ့ ဆယ်ကျော်သက်ကနေ အသက်အစိတ်ဝန်းကျင်လောက်အထိ တော်တော်လေးမာန်တက်ခဲ့တဲ့အရွယ်လေးတွေပါ။ ငယ်ဂုဏ်လေးရယ် ပညာဂုဏ်လေးရယ် ငါကြိုးစားရင် ဘာမဆိုဖြစ်တယ်ပေါ့လေ။ ဒီလိုမျိုးဖြတ်သန်းခဲ့တဲ့အရွယ်လေးပါ။
အခုတော့ အသက် အစိတ်ကျော်လာပါပြီ။ အတွေးအခေါ်လေးတွေပြောင်းလဲလာတာကိုလည်းကိုယ်တိုင်သတိထားမိပါတယ်။ လုပ်သက်လေးရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းနဲ့ အနည်းငယ်ရင့်ကျက်မှုလေးပေါင်းစပ်ပြီး ဆရာလုပ်တတ်လာတာကိုလည်း သတိထားမိပါရဲ့ :D ။ လူတွေကိုယ့်ကိုချီးကျူးလာရင်လည်း သာယာမိတာအမှန်ပါပဲ။ အခုတော့ ဒီလိုဖြတ်သန်းနေဆဲပေါ့ရှင်။
မေမေကတော့ပြောဖူးပါတယ်။ အသက် လေးဆယ်လောက်ရောက်လာတဲ့အခါ ဒါတွေကို ရယ်ရယ်မောမောဖြတ်သန်းနိုင်လာပါလိမ့်မယ်တဲ့။ လူတွေရဲ့ အထင်ကြီးခြင်း အထင်သေးခြင်းတွေမှာ မသာယာတတ်တော့ပဲ ဆယ်ကျော်သက်လေးတွေမာန်တက်နေတာ အသက်အစိတ်ဝန်းကျင်လေးတွေနေရာတကာဆရာလုပ်နေတာတွေကို ဘေးကနေခပ်ပြုံးပြုံးနဲ့ထိုင်ကြည့်နေတတ်လာပါလိမ့်မယ်တဲ့လေ။
အသက်ငါးဆယ်ကျော်လာရင်တော့ မေမေတို့အရွယ်ရောက်လာပြီပေါ့။ ဘယ်သူ့ကိုမှသိပ်ဂရုစိုက်မနေပါဖူး။ ကိုယ်လုပ်ချင်တာလေး အေးအေးဆေးဆေးလုပ်ပြီးဖြတ်သန်းနေတာပါပဲ။ သားသမီးတွေလည်းအရွယ်ရောက်နေကြတော့ အပူသောကလည်း နည်းလာတာပါပါလိမ့်မယ်။
အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ဖွားဖွားတို့အရွယ်ကတော့ကျွန်မသိသလောက် စကားပြောဖော်လိုချင်ကြပါတယ်။ ကျွန်မဖွါးဖွါးဆိုရင် မြေးတွေလာတဲ့အခါ သိပ်ပျော်ပါတယ်။ အမြဲကြင်ကြင်နာနာနဲ့ဆက်ဆံတတ်ပြီး တခါတခါတော့လည်း သူလုပ်နိုင်သေးတယ် ဆိုတာမျိုးပြချင်တာလေးလည်းရှိတတ်ပါတယ်။ ဖွါးဖွါးပြောဖူးတာကတော့ ဒီအချိန်မှာလိုချင်တာဘာမှမရှိတော့ပဲ ရောဂါဝေဒနာမခံစားရပဲ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းသွားနိုင်ဖို့သာအဓိကပါပဲတဲ့။
ဟုတ်ပါတယ်။ ကျွန်မတို့လည်းကံတရားကအခွင့်ပေးလို့ အသက်ကလေးရှည်တဲ့အခါ မလွဲမသွေ ဒီအဆင့်တွေကိုဖြတ်ကျော်ကြရအုံးမှာပါ။ အတွေးအခေါ်တွေ အယူအဆတွေ အမြဲတမ်းပြောင်းလဲနေမှာဖြစ်ပြီးဘယ်အရာကိုမှ တရားသေစွဲကိုင်ထားလို့မဖြစ်နိုင်ပါဖူး။
ဒါကြောင့်စိတ်တွေကိုမွန်းကြပ်နေအောင်ဘောင်ခတ်မထားပဲ တတ်နိုင်သမျှအကောင်းဆုံးဖြတ်သန်းသွားဖို့သာလိုအပ်ပါတယ်။ ဘယ်သူ့ကိုမှအထင်ကြီးစရာမလိုသလို အထင်သေးစရာလည်းမလိုအပ်ပါဖူး။ တစ်နေ့အားလုံးခွဲခွါကြရမှာမို့ လူ့ဘ၀ခဏတာတွေ့ဆုံကြချိန်လေးမှာ ကောင်းမှုတွေကိုသယ်ဆောင်သွားပြီး ပျော်ပျော်ရွှင်ရွှင်လေးနေသွားကြရဖို့ဆန္ဒပြုရင်း.........
MSC-194@zinzin
အမှန်ပါပဲဗျာ...ဖတ်ရင်းနဲ့အသိတရားတစ်ခုရလိုက်ပါတယ်ဗျာ..
အတွေးလေးတစ်ခုရသွားတယ်ဆို ၀မ်းသာပါတယ်ရှင်
အသက်ကြီးလို့ ဘိုးဘိုးဘွားဘွား ဖြစ်လာရင် ငြိမ်းငြိမ်းချမ်းချမ်း တရားရိပ်ပဲနေမယ်လို့ စိတ်ကူးထားတာပဲ။
မမြဲသောတရားတွေပါ
အမြဲပြောင်းလဲခြင်း
ဘဝရတဲ့ခဏလေးမှာပျော်ပျော်ရွှင်ရွှင်နေသွားဖို့အရေးကြီးဆုံးပါ
သိပ်မှန်တာပေါ့ညီမလေးရေ
ဟုတ်ပါတယ်မမိုရေ
ပြောင်းလဲချိန်တန်ပီ
အသက်တွေလည်းကြီးလာပြီကိုး
အသက်အရွယ်ကြီးလာသည်နှင့်အမျှရင့်ကျက်လာတာအမှန်ပါပဲမဇင်ရေ
ဟုတ်တယ်မအိရေ
အတွေးခေါ်များသည် ကောင်းမွန်အေးချမ်းလှပါ၏
Good အားပေးနေပါတယ် vote နည်းနေလို့ နောက်မှ
vote တော့မယ် မzin ရေ
ဟုတ်ပါရှင့်။ အခုလိုလာဖတ်ပြီးဆွေးနွေးပေးတာလည်း ကျေးဇူးအများကြီးတင်ပါတယ်။
အသက်ကြီးလာရင် အထီးကျန်သလို ခံစားလာကြရတယ်။ဒါကြောင့် လူကြီးတွေကို အဖော်ပြုပေးသင့်ပါတယ်။
ဟုတ်ပါတယ် ကိုဇင်ရေ။ အဘိုးအဘွားတွေကို အချိန်များများပေးဖို့လိုအပ်ပါတယ်။
အနိစ္စပါဗျာ
ဟုတ် ဘယ်အရာမှမမြဲပါဖူး
ဘဝမှာစိတမချမ်သာဖို့ကအဓိကပါပဲ
ဟုတ်ကဲ့ရှင့်
ငယ်ငယ်ကမကြိုက်ခဲ့တဲ့အစားအစာတွေကြိုက်တတ်လာပြီး ငယ်ငယ်ကကြိုက်ခဲ့တဲ့အစားအစာတွေလည်းမကြိုက်တော့တာတွေရှိသေးတယ်
အကြိုက်တွေလည်းပြောင်းကုန်ပြီ
သက်တောင့်သက်သာ ပျော်ရွင်စွာဘ၀ကိုဖြတ်သန်းနိုင်ရင်အကောင်းဆုံးပါ
ဟုတ်ကဲ့ အဲလိုဆိုရင်တော့တကယ်ကိုကံကောင်းနေပါပြီ
အသက်ကြီးလာချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်
ခုတည်းကကြိုတင်ထားရမှာပေါ့အစ်ကိုရေ
အရွယ်ပြောင်းလာသလို အတွေးအခေါ်တွေလည်း ပြောင်းလဲလာတာ အမှန်ပါပဲ။
ဟုတ်ပါတယ် မမျိုးရေ
အကောင်းဆုံး ပြောင်းလခြင်းလေး ဖြစ်ပါစေ မဇင်ရေ
အားလုံးမလွဲမသွေကြုံတွေ့လာရမှာလေးပါရှင်
အမစာကိုဖတ်ရင်းဆရာတော်တစ်ပါးရေးထားတာကိုပြန်သတိရသွားတယ်''နေထိုင်ရတဲ့လူ့ဘဝခနတာလေးမှာသူတပါးအကြောင်းကိုတွေးဖို့အချိန်မပေးပါနဲ့တဲ့ကိုယ်အကြောင်းပဲကိုတွေးပါတဲ့''
ဟုတ်ပါတယ် ကိုယ့်ကိုယ်ကို သေချာသိလာရင် သူများကိုလည်း အလိုလိုသိနားလည်လာမှာပါ
အမှန်ပါဘဲ မဇင်ရေ အသိတရားတစ်ခုရတဲ့အတွက်ကျေးဇူးတင်ပါတယ်
ခုလို လာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ကိုသက်ထူးအောင်ရေ
စာဖတ်သူကို အသိတစ်ခုပေးစွမ်းနိုင်တဲ့ ဆောင်းပါးလေးပါ မဇင်ရေ....။ အခုလို မျှဝေပေးတာ ကျေးဇူးပါဗျာ....။
ဟုတ်ကဲ့ ကိုဂျွန် ခုလိုလာဖတ်ပေးတာလည်းကျေးဇူးတင်ပါတယ် ရှင်။