မင်္ဂလာပါ steemit myanmarအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း ကိုယ့်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ဗျာ။
ဆောင်းကုန်လုလို့ နွေဦးကာလ တစ်ပေါင်းလလည်းရောက်တော့မယ် ဆောင်းကိုနှုတ်ဆက်နေသရောင် နှင်းမြူဆို်င်းလို့ အစွမ်းကုန် အေးပြနေလေရဲ့ စာရေးသူတို့ နယ်မြို့လေးရဲ့သဘာအလှကို စာစီကုန်းပြမယ်ဆို ကုန်ရိုးမရှိနိုင်လောက်ဘူးထင်မိပါရဲ့ ယခုလည်း စာရေးသူ နေထိုင်တဲ့ နယ်မြို့လေးရဲ့ မနက်ခင်းအလှကို ခံစားရင် steemitမှာ postလေးတစ်ခုရေးပြီး စာရေးသူတို့နေထိုင်ရာ မြို့လေးရဲ့အလှကို ခံစားကြည့်အုံးမှလို့ စိတ်ကူးမိပြီ စာလေးရေးဖြစ်တယ် ဒီလို သာယာလှတဲ့ မနက်ခင်းလေးမှာ ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း ရာသီဥတုရဲ့ ချမ်းစိမ့်စိမ့်အရသာကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ အံတုနေလိုက်တယ် မနက်ခင်းရုံးမတတ်ခင် ဒီလို လွတ်လပ်တဲ့အရသာအပြည့်နဲ့ လွတ်လွတ်လပ်လပ်အတွေးလေးတွေ ပြည့်နှံနေရတဲ့အရသာကို ကျွန်တော်အကြိုက်ဆုံးပဲဗျ ကျွန်တော်တို့လို့ တစ်နေ့လုပ်တစ်နေ့စားဘဝ အလုပ်သမားတွေ၊ ရုံးစာရေးလေးတွေအဖို့ကတော့ ဒီလိုအချိန်ဟာ နတ်စည်းစိမ်တစ်မျှပါပဲဗျာ မနက်ခင်းနှင်းမြူကြားကအလှအပကို ပန်းချီတစ်ချက်ပမာ ခံစား တန်ဆာဆင်ကြည့်နေတဲ့ ကျွန်တော်ရဲ့ အတွေးကို မိုးနတ်မင်းကြီးက သိနေတဲ့အလားပဲ မကြာခင် ရောင်နီဖြာလင်း ရှင်နေမင်းကြီးက လှဝင်းပစွာ ထွက်ပြူလာရင်း ကောင်းကင်တစ်ခွင်လင်းဓါတ်ပေးရင်း မြေပြင်တစ်ခွင် နွေးဓါတ်အပြည့်နဲ့ ဟန်ဝင့်ကြွားစွာ ပေါ်ထွန်းလာခဲ့ပါပြီ ကျွန်တော်လည်း ကုန်နေပြီဖြစ်တဲ့ ကော်ဖီခွက်လေးကို ဆေးကြောသန့်စင်ပြီ ဆေးပေါ့လိပ်တစ်လိပ်နှင့် လက်ဖက်ရည်ကြမ်းပန်းကန်ထဲ လက်ဖက်ရည်ထည့်သောက်ရင်း အတွေးတွေ ဆက်လွင့်မျောနေမိတယ် ထိုစဉ် နွေဦးရဲ့ တပေါင်းလေရူးလေးက ဝေ့လာနေကြပါပြီ စာရေးသူအဖို့နံနက်ခင်းအလှ ပန်းချီပြခန်းကြီးထဲက ရုံးမထွက်ချင်အောင် ရွက်ဟောင်းကြွေရ တမာလေးတွေ မြေမခင် လေမှာ ဝေ့ဝဲနေကြရင်း မိခင်ပင်ပျိုဟောင်းကို မခို့တစ်ရို့လေး နှုတ်ဆက်နေသရောင် ထင်မှားမိပါတယ် ဟုတ်ပါတယ် စာရေးသူတို့. အညာမြေနယ်မြို့လေးဟာဖြစ် ဧရာရစ်ဝိုင်းရွှေစစ်ကိုင်းရဲ့ တိုင်းဌာနေအလှ မြို့တော်လို့ခေါ် သလ္လာဝတီတို်င်း တမာတွေဝိုင်းလို့ ကုက္ကိုတန်းတွေ ဂွေးတောက်ရွက်ပေါတဲ့ မဟာလယ်တီကျောက်စာတိုက် ဗောဓိတထောင်ဘုရား သာသနာထွန်းကားရာမြို့တော်အလှ မုံရွာကပါဗျာ ကဲအတွေးလေးလည်းကောင်းပါရဲ့ နံနက်ခင်း 8:30ဆိုတော့ ရုံးတတ်ချိန်လည်းနီးနေပြီ မို့ တွေးလက်စအတွေးစလေးကို လက်ဖက်ရည်ကြမ်းလေးနဲ့ မျိုချ မီးသေနေပြီဖြစ်တဲ့ သောက်လက်စ ဆေးပေါ့လိပ်လေးကို မီးညှိဖွာရိုက်ပြီး အသာချထား ရေမိုးချိုးအဝတ်အစားလဲကာ ရုံးတတ်ရတော့မှမို့ ဘဝကပေးတဲ့ ဘဝအလှနဲ့ မသေမချင်းထမ်းဆောင်ရမယ့် မိသားစုတာဝန်တွေအတွက် ခရီးဆက်ချီတတ်လိုက်အုံးမယ်ဗျို့။
စာရေးသူ ကျွန်တော်သည် စာဖတ်အားအလွန်နည်းခဲ့သောကြောင့် ကျွန်တော်မြို့အလှ အကြောင်းရေးရာမှာ စာကေးသူ၏ စိတ်ကူးအကြံ ကွန်မြူးမှုအားနည်းသောကြောင့်သာ မြို့အလှ မပေါ်လဃင်စောတာဖြစ်သင့်ပါတယ်ဗျာ အမှန်တစ်ကယ်လှပတဲ့ စာရေးသူတို့မြို့လေးကို စာရေးသူ စွမ်းနို်င်သလောက်လေးပဲ တန်ဆာဆင်ထားခြင်းဖြစ်ပါတယ် အမှန်တစ်ကယ် ဒီထက်မက တန်ဆာဆင်နိုင်သောလည်း စာရေးသူကျွန်တော် ညံ့ဖျင်းသော်ကြောင့်သာ မြို့တော်အလှပေါ်လွင်ထိကောက်ချင်းမရှိတာပဲဖစ်ပါတယ် သည်းခံဖတ်ပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်မဆုံးပါဘူးဗျာ လိုအပ်ချက်လေးတွေလည်း ဝေဖန်ထောက်ပြကြပါအုံးလို့ ကျွန်တော် စာရေးရာမှာ အခက်အခဲပေါင်းမြောက်များစွာတွေ့နေစဲပါ ယခုpostကလည်း တပေါင်းလကို မျော်ရည်မှန်းလို့ရေးထားခြင်းဖြစ်ပါတယ်။ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ် ခဗျား။
Steemit မြန်မာ မိသားစုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီ လိုရာဆန္ဒတစ်လုံးတစ်ဝထဲပြည့်ဝကြပါစေဗျာ။
Sort: Trending