ကျနော့်နာမည်ဇေယျာဝင်းပါ။ ၉၀ ခုနှစ်ဖွားတစ်ယောက် ဖြစ်ပြီး ရန်ကုန်ကပါ။ခုနှစ်အတိအကျမပြောတာကတော့ မွေးနေ့ဆို မုန့်လိုက်ကျွေးရမှာဆိုးလို့ဟတ်ဟတ်။ ကွန်ပျူတာတက္ကသိုလ် နဲ့ကျောင်းပီးပါတယ်။ ဒါပေမယ့် English စာ အရမ်းအားနည်းပါတယ်။ English စာတော်တဲ့သူတွေကိုတွေ့ရင်အားကျပါတယ်။ အားလဲအားငယ်ပါတယ်။ အရင် ကတော့ သင်တန်းပေါင်းများစွာ အလုပ်လုပ်ရင်းတတ်ပါတယ်။ ကွန်ပျူတာသင်တန်းနဲ့ အင်္ဂလိပ်စာပေါ့။နောက်ပိုင်းစာမလုပ်ဖြစ်တာ ကြာလာတဲ့အခါ လုပ်ချင်စိတ်တွေပျောက်ဆုံးနေပါတယ်။ Mobile Legend ဆိုတဲ့ Game ကိုလဲ အရူးအမူးစွဲလမ်းနေ လို့ထင်ပါတယ်။
အခုအလုပ်ကတော့ Company ဝန်ထမ်းပေါ့။ IT Technician Position နဲ့ အလုပ်လုပ်ပါတယ်။ အခက်အခဲရှိလို့ မေးချင်တာရှိရင်လဲဖုန်းဆက်ပါ။ သိသလောက်တော့ဖြေပေးပါ့မယ်။ ဝန်ထမ်းဆိုတော့လဲ လစာလေးတစ်ခုကို မျှော်မှန်းပီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ငွေနဲ့လဲယူရတာပေါ့။ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့ နဲ့ နဲနဲပါးပါး စုဖို့လောက်တော့ရပါတယ်။ လခနဲ့ သုံးစွဲမှု့ကမလောက်တော့ အပိုဝင်ငွေလေးတွေ ရှာချင်စိတ်ရှိလာတယ်။ IT သမားဆိုတော့လဲ တစ်ခြား ဟာတွေသိပ်စိတ်မဝင်စားဘူး ။ IT နည်းပညာနဲ့ဘဲ ပိုက်ဆံရှာချင်မိတယ်ဗျာ။အဲ့ဒါနဲ့ Online ပေါ်မှာ ပိုက်ဆံရှာနည်းလေးတွေ ရှာကြည့်တော့ Online Make Money ဆိုပြီး အမျိုးအစားပေါင်းများစွာ တွေ့လာရတယ်။ PTC,Typing,CloudMining,Hyip,Trade,Mining အစုံပါဘဲ။ကိုယ့်မှာအရင်းအနှီးမရှိတော့လဲ အရင်းမဆိုက်လေထိုးလိုက် လုပ်တဲ့အလုပ်လေးတွေ လုပ်တာပေါ့ဟတ်ဟတ်။ အဲ့ဒါနဲ့ အခု လို Steemit ဆိုတဲ့ Platform ပေါ်ကိုရောက်လာခဲ့ပါတယ်။
ကျနော်ကအပြင်မှာအနေအေးတယ်ဗျ။ စကားပြောလဲနည်းတော့ စကားပြောရာမှာလဲမကျွမ်းကျင်ဘူး။ ဒါပေမယ့် Beer,Whisky တို့သောက်ရင်တော့ စကားတွေဖောဖောသီသီရွှန်းရွှန်းဝေဝေပြောတတ်တယ်။ဘာဓါတ်လဲတော့မသိဘူးဟတ်ဟတ်။အဲ့လိုစကားနည်းတော့လဲ စာရေးတဲ့နေရာကျွမ်းလားဆိုတော့လဲမရဘူးဗျ။ ဒါပေမယ့်ခံစားချက်တွေရှိနေခဲ့ရင် ခံစားချက်တွေကို တိုတိုနဲ့ နားလည်စေမယ့် ကဗျာတွေအဖြစ် ပြောင်းလဲရေးတတ်တယ်။ ဂစ်တာနဲ့အတူသီချင်းဆိုရင်းလဲ ခံစားချက်တွေဆေးကြောပစ်တယ်။
အခုကျနော့်ရဲ့ Steemit ပေါ်သို့ရောက်လာခြင်းကို ရပ်နားပြီး Steemit ပေါ်မှ ညီအစ်ကိုမောင်နှမတွေနဲ့ အတူ အောင်မြင်ခြင်းတွေဆီသို့ ရောက်ပါစေလို့ဆုတောင်းပေးရင်းနဲ့ ရပ်နားပါရစေ။
RSM-13
Credit Image: Google
Author:Shwe Aung Khant
@zayyarwin
Myanmar Steemit
ဟုတ်ကဲ့ အခုရေးထားတာလည်း ကောင်းပါတယ် bro
အောင်မြင်ပါစေရှင် :)
ကောင်း၏
ဟီးဟီး
ကြိုဆိုပါတယ်ဗျာ...
နှစ်ခါသုံးခါမိတ်ဆက်တော့ အစ်ကို့အကြောင်း အပြည့်အစုံ သိတာပေါ့
@mghan
Good tal bro