ဒီလမာ သံဝေဂရစရာ အဖြစ်ပျက်လေး တခု ကြုံခဲ့တယ်။ အဲဒါက လုပ်ဖော်ကိုင်ဖက် အကိုတယောက် လှေကားပေါ်ကချော်ကြတာခြေဖနောက်ရိုး ကျိုးသွားတယ်။ လှေကားအမြင့်ကလဲမပြောပလောက်ဘူး။သူဖြစ်ဖို့ အဖို့ပါလာတော့လဲ ကျိုးပီပေါ့။ သူကိုဝိုင်းပီးဆေးရုံတင်ကြပေါ့။ ဆေးရုံတင်တော့ဆေးရုံတတ်ရပီလေ။ အဲမာ စဖြစ်ပီ သူမာ့ စောင့်မယ်သူ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာမရှိဘူး ဘယ်သူမာ့မလာကြဘူး ။ကျောင်းတုန်းကအပေါင်းသင်းနည်းတာလား ဘာလားပေါ့ ။ သူငယ်ချင်းဆိုတာကလဲရှိသေးတယ်လေ။ မေးထူးခေါ်ပြောသူငယ်ချင်း၊အရင်းနှီးဆုံးစိတ်တူကိုယ်တူသူငယ်ချင်း။တိုက်ခန်းအတူငှားနေတဲ့သူတေလဲမလာကြဘူး။ လုပ်ဖောက်ကိုင်ဖက်နှစ်ယောက်ကဘဲ သူကိုစောင့်ရှောင့်ဖို့ညအိပ်နေပေးခဲ့လိုက်ရတယ်။ အဲလိုနဲ့ခွဲစိတ်မူတေပီးတဲ့အထိအလှည့်ကြ ကူစောင့်ပေးကြတယ်။ဆေးရုံကဆင်းပြန်တော့လဲ ခြေကျိုးကြီးနဲ့ငါးလွှာကိုတတ်ရတယ်။သူဆိုရင် သူအိမ်က အရမ်းအဆင်ပြေတဲ့လူတန်းစားထဲမာပါတယ်။ ကိုယ့်ဘ၀တတ်လမ်းကိုယ်ဒူးကိုယ်ချွန်လုပ်ချင်တဲ့စိတ်တခုထဲနဲ့ ပင်ပန်းဆင်းရဲစွာနဲ့ သူများအလုပ် မာယာတေဖုံးနေတဲ့ရန်ကုန်လိုနေရာမျိုးမာဒုက္ခခံပီးကြိုးစားရတာ။ မိဘတေကလဲသင်ဖူးတာရှိတယ် ငယ်ငယ်က ငါ့သား ပညာတတ်ကြီးဖြစ်အောင်ကြိုးစား ပညာတတ်ကြီးဖြစ်ရင်ဘောပင်ကိုင်ရမာ ငါတို့လို ကူလီတေနဲ့ လယ် (မိဘတေကလယ်လုပ်ငန်းလုပ်ကိုင်သူတေ)မလုပ်ရဘူးတဲ့။ ဒါပေမယ့်ဗျာ စကားလုံးသာကွာပီးလှသွားတာပါ သားတို့က ကူလီတေ ၊အလုပ်ရှင်က မိဘတေလို လယ်ပိုင်ရှင်တေပါဘဲ။ ခုဏကဟာပြန်ဆက်အူးမယ်။သူခမျာ့ငါးလွှာပေါ်မာ ခြေကျိုးကြီးနဲ့ အစားသောက်ဆင်းရဲ။အတူနေတဲ့သူငယ်ချင်းတေကလဲဘာမာ့မချက်တတ်ကြဘူးလေ။နေရာတိုက်ခန်းကလဲကြပ်ကြပ်လေး။ ရန်ကုန်ဆိုတော့သိကြတဲ့အတိုင်းဘဲ ကျောတနေရာစရာလေးရဖို့ကိုမလွယ်ဘူး။ သူ့မိဘတေလဲအကြောင်းမကြားရဲရှာဘူး ။သိရင်ဟိုကချက်ချင်းလိုက်လာကြမာ။ အကိုရယ်ချုပ်ရိုးဖြည်ပြီးရင်အမြန်ပြန်ပါလို့ မနည်းပြောရတယ်။သူတပတ်လောက် အနေဆင်းရဲအစားဆင်းရဲခြေကျိုးကြီးနဲ့၅လွှာမာပြုစုသူမရှိဝဋ်ခံရတယ်။သံဝေဂရတာက ကိုယ်မာ့အဖော်မွန်သူငယ်ချင်းမိတ်ဆွေတေလိုအပ်တယ်ဆိုတာဘဲ တနယ်ရပ်ခြားမိကွဲဖကွဲနေပီးလုပ်နေရတဲ့အချိန်မာ့ အဖော်မွန်သူငယ်ချင်းဆိုတာဘုရားပေးတဲ့ဆုပါ။ ရေခြားမြေခြားတနယ်တကျေးထွက်ပီးအလုပ်လုပ်နေကြတဲ့သူငယ်ချင်းတေ ကျန်းမာပျော်ရွှင်အလုပ်ကိုင်တေအဆင်ပြေကြပါစေ အဖော်မွန်သူငယ်ချင်းကောင်းတေနဲ့တွေ့ကြပါစေ•••••
@zawthu
ကျေးဇူးပြု၍ ကျနော့်အကောင့်အား follow လုပ်ထားပေးပါ အပြန်အလှန် v+c လုပ်ပေးပါးမည်ခင်ဗျာ
Oki bro