"MSC နဲ့ အတူ steemitကို သုံးစွဲလာခဲ့တာ အချိန်ကာလပင်တစ်ခုရောက်ရှိလို့နေပါပြီ။
MSCရဲ့ စည်းကမ်းများ တစ်စုံတစ်ရာ ဖောက်ပျက်ခဲ့ဘူးတာ ရှိမည်လော။
"MSC ရဲ့ ရည်ရွယ်ချက်များကို Adminများ ပြန်လည်တင်ပြပေးစေချင်လိုပါတယ်"
Admin,leader,memberဆိုပြီး mscတွင် အသီးသီးရှိကျပါတယ်။
MSCတွင် steemit သုံးနေသူတိုင်း အပြင်အပ အလုပ်ကိစ္စ မရှိသူ မရှိလောက်ပါဘူးခင်ဗျာ။
မအားတဲ့ ကြားထဲကနေ ကူညီပေးကျတဲ့ Admin,leader,memberများကိုလဲ ကျေးဇူးတင်ပါရဲ့။
ပုံစံကွက်ကလေးရှိတယ်ဆိုတာကတော့ သဘာဝကျပါတယ်ခင်ဗျာ။သူ့နေရာ၊သူ့တာဝန်အသီးသီးထမ်းဆောင်နေကျတာလဲ ပျော်စရာပဲမလား။
အဲ့ဒီလိုဖြစ်နေလို့တစ်ဦးပိုင်ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် လုပ်ငန်းမဟုတ်ပါဘူးခင်ဗျာ။
အများနဲ့လုပ်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းလို့ခေါ်နိုင်ပါတယ်ခင်ဗျာ။ ပြောပါလိမ့်မယ် တစ်ယောက်တည်းလဲ ဖြစ်တယ်ဆိုတဲ့ သူတွေလေ။ တစ်ချိန်က 0.01နဲ့ပဲ စခဲ့ရတဲ့ သူတွေချည်းပါပဲလေ။
ဘယ်လိုနားလည်ပေးရမလဲဗျာ။
အမိန့်ပေးသလိုမဖြစ်စေချင်ဘူးခင်ဗျာ။
တစ်ယောက်ကိုယ်စီ အခက်အခက်ဆိုတာ ရှိကျတာပဲမလား။
ဒါကို အာဏာတွေနဲ့ မခွဲခြားရင် သိပ်ကောင်းမှာပဲ။
စည်းလုံးရေး ဆိုင်းဘုတ်နဲ့ MSC ဆိုပြီး ချိတ်ခဲ့ကျတာပါ။ ထိုဆိုင်းဘုတ်အတွက် msc member ဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာလဲ တာဝန်ရှိပါတယ်။
ဒါကို........တစ်ယောက်တည်းလဲ..ခေါင်းမခံချင်ပါနဲ့။.ခေါင်းခံပြီးတော့လဲ..လေသံမမာပါနဲ့ခင်ဗျာ။
"အခက်အခဲ ကို ဆွေးနွေးပါ။
ဝိုင်းဝန်းဖြေရှင်းပေးမှသာ....MSCက တည်တန့်ခိုင်မြဲစေမှာပါ"
"Steemitကိုသုံးတာ......ငွေရလိုသက်သက်မဟုတ်ဘူးဆိုတာ...Admins,Leaders,membersများ....သိစေချင်ပါတယ်။
အမှန်ပြောရရင်...MSC ဆိုတဲ့ နံမည်လေးကိုကြိုက်လို့၊စည်းကမ်းလေးတွေကိုနှစ်သက်လို့ပါ။
MSCဆိုတာ အခုသုံးနေတဲ့ လူ...တစ်ဦးတစ်ယောက်အတွက် ပါလေခြင်းမဟုတ်ဘူးဆိုတာ MSC အဖွဲ့လုံးသိကျမှာပါ။
သို့ပေမယ့်...MSCတွင် လေသံမာ၊အာဏာပါဝါ ပြချင်တဲ့သူများက ရှိနေလေတော့ ဘယ်လိုများ အခက်အခဲကို ဖြေရှင်းကျမလဲပေါ့။ ဘယ်လိုများ စည်းလုံးကျမလဲပေါ့။
"ရှင်းရှင်းပြောရမယ်ဆိုရင် ကိုယ်ချင်းစတရားမရှိတာရယ် ဘဝမေ့နေတာရယ်
ဘဝင်မြင့်နေတာရယ်လို့. ဆိုနိုင်မည်လော။"
ထိုသို့ မလုပ်သင့်ပေ၊မပြုမှုသင့်ပေ။
စည်းကမ်းအရလုပ်နိုင်တယ်။သို့ပေမယ့် ခပ်ထန်ထန်စကားများကိုတော့ MSCတွင် အချင်းအချင်း မပြောသင့်ပေ။မခွဲခြားသင့်ပေ။
ဆက်လက်ရေးသားပါအုံးမည်။
MSC-061
@zawmyo
ဘယ်သူ့ကိုများ မကြေနပ်ဖြစ်နေလဲဗျ ။ ဆက်လက်ရေးသားပါအုံးမည်ဆိုတော့ အကြောင်းစုံသိအောင် စောင့်ဖတ်ပါ့မယ်။
ကျေးဇူးပါအကိုရေ
What happen bro?
May i know?
We all under same roof. We need unity.
Please tell me what problem?
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ