စစ်ကိုင်းသို့ဦးတည်သွားနေသော ဘုရားဖူးကားကြီးဟာ သီချင်းသံများ စကားပြောသံများ ကလေးငယ်များရဲ့ ဆော့သံများဖြင့် ဘုရားဖူးခရီးသည်တွေရဲ့ ပျော်ရွှင်မှုတွေနဲ့ တစ်ကားလုံး ဆူညံ့ လျက် မောင်းနှင်လာပါတယ်ပထမဆုံးရောက်ရှိခဲ့တဲ့ စေတီတော်ကြီးဟာ ကံတလူ ဆုတောငိးပြည့် စေတီတော်ကြီး ဖြစ်ပါတယ် ကံတလူစေတီတော်ကြီးကိုဖူးမျှော်ပြီးရင်ဖြင့် ဘုရား၏အနောက်ဘက် မှာ "အောင်မြေသို့ "လို့ ညွှန်ထားသော ဆိုင်းဘုတ်လေးကို တွေ့ပါတယ် ။ ကျွန်မမှာ အောင်မြေ နင်းရတာကို ယုံကြည်သူတစ်ဦးလည်းဖြစ်သောကြောင့် အောင်မြေ နေရာသို့ သွားခဲ့ပါတယ် အောင်မြေ နင်းတဲ့ နေရာမှာ လည်း လူတွေကများလို့ တန်းစီပြီး တစ်ပတ်ပတ် ပြီးတော့ ဆုတောင်း အောင်မြေကို လိုချင် ရင်လည်း ယူလို့ရအောင် ပြုလုပ်ပေးထားပါတယ် အောင် မြေ လိုချင်တဲ့ ဘုရားဖူးခရီးသည်တွေ သည်လို့ရအောင် ကျွတ်ကျွတ်အိပ် တွေလည်းပေးပါတယ် ကျွန်မတို့လည်း တရွေ့ရွေ့နဲ့တန်းစီ တပတ်ပတ်ပြီး ဆုတောင်း အောင်မြေတွေလည်း ယူခဲ့ပါတယ်။ကံတလူ စေတီတော်ကြီးကို ဖူးမျှော်ပြီးနောက်မှာတော့ ကောင်းမှု တော် ဘုရားကြီးဆီသို့ ခရီးဆက်ခဲ့ပါတယ်။
ကောင်းမှုတော် ကိုရောက်တဲ့ အချိန်မှာ မိုးကဖွဲဖွဲကနေပြန်တယ် ဘုရားကြီးကို ဝငိရောက် ဖူးမျှော် ခဲ့ပါတယ် ကောင်းမှုတော် စေတီတော်ကြီးရဲ့ ဘုရားတန်ဆောင်းတစ်လျှောက် ဝင်ပေါက် နေရာတွေမှာ ကျောက် ပြင် ကျောက်ငရုပ်ဆုံ ကျောက်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ပေါတဲ့နေရာလို့ ပြောလို့ရပါတယ် အိမ်ပြန်လက်ဆောင် မုန့်သည်တွေလည်းပေါပါတယ် ပဲအမျိုးမျိုး ယိုတွေ ကန်စွန်းဥကြော် နို့်ယို မြေပဲယို မုန့်တွေကလညိးစုံလို့ ဘုရားကြီး၏ပတ်ချာလည် မှာ ဈေးဆိုင်ခန်းတွေနဲ့ဈေးတွေကလည်းတန်ပါတယ် ချည်ထည် ချည်ထဘီ လေးများမှာလည်း မြန်မာဆန်ပြီးလှပနေပါတယ် ကျွန်မတို့လည်း အိမ်ပြန်လက်ဆောင် မုန်တွေ ဝယ် ချည်ထည်တွေမြင်တော့လည်းသဘောကျ အဲလိုနဲ့ တစုံဝယ်ခဲ့ပါသေးတယ် သနတ်ခါး တုံးတွေမှာလည်း မွှေးပြီးဈေးတန်လှပါတယ်
အဲလိုနဲ့ နောက်သွားရန်ကျန်သေးသည့် မြသိန်းတန် စေတီ ပုထိုးတော်ကြီး မင်းကွန်း ခေါင်းလောင်းကြီး စစ်ကိုင်းတောင်ရိုးပေါ်က ဘုရားများထံသို့ ခရီးဆက်ခဲ့ပါတယ်။
အဲဒီဘက်ကို သွားမည့် နေရ်ာမှာတော့ ဘုရားကားကြီးဖြင့် မသွားရပဲ ဒေသခံဘုရားဖူးကားအသေးလေးများဖြင့် သာ သွားရောက်ရပါတယ် ဧရာဝတီ ကမ်းနားလမ်းတစ် လျှောက် ကားလမ်းဖောက်လုပ်ထားပြီး လမ်းကလည်းကျဉ်းတော့ ကားကြီး မမောင်းရတာလို့လည်း ထင်မိပါတယ် မြသိန်းတန်စေတီကိုရောက်ဖို့ကို တော်တော်လေး သွားရပါတယ် ဧရာဝတီ မြစ်ကမ်းတစ် လျှောကိ မောင်းနှင်လာပြီး မြသိန်းတန် မငိးကွန်း ပုထိုးတော်ကြီး သို့ ရောက်ရှိခဲ့ပါတယ် မြသိနိးတန် စေတီတော်ကတော့ အစွန်ဘက် ဆုံးမှာ တည်ရှိပြီး ဘုရားကြီးကိုမြင်ရင်ဖြင့် အလွန်သပ္ပါယ်ဖို့ကောင်းလှပါတယ် ရှေးခေတ် မြန်မာမှု ဗိသုကာ လက်ရာများဖြင့် ကြည်ညိုဖွယ်ကောင်းလှပါတယ။်
မြသိန်းတန် စေတီပေါ်သို့ တတ်ရာ လမ်းတွင် ရှေ့က နှစ်လမ်း ဘေးဘက် တဖက်တချပ်မှာလည်း လမ်းနှစ်ခုရှိပါတယ် ရှေးခေတ်ဘုရင် လက်ထက်က ဘုရင် မင်းမြတ်လာရောက်ဖူးမျှော်ရင် ရှေ့ဘက် လမ်းမှ တတ်ပြီး မူးမတ် အထိန်းအရံတို့က ဘေးဘက် လမ်းက တတ်ရောက်ရပါတယ်
စေတီတော်ကြီးပေါ်သို့ရောက်ရှိပြီးရင်ဖြင့် တဖက်က ပုထိုးတော်ကြီး လှမ်းမြင်နေပြီး ရှုခင်းမှာလည်းလှပနေပါတယ် ဘုရားအပေါ်မို့လို့လေကလည်းအရမ်းတိုက်ပါတယ် မြသိန်းတန်စေတီကနေအပြန်မှာတော့ မင်းကွန်းခေါင်းလောင်းကြီးရှိရာ သို့သွားရောက်ခဲ့ပါတယ် မင်းကွန်းခေါင်းလောင်းကြီး နေရာ ကလည်းအမြဲလူစည်ကားလှပါတယ်
ကျွန်မ၄လပိုင်းပိတ်ရက်တုန်းကလည်းစစ်ကိုင်းကိုတခေါက်ရောက်ရှိခဲ့ပါတယ် အဲတုန်းကလည်း ဘုရားဖူးဧည့်သည်တွေနဲ့အမြဲ မပြတ်စည်ကားနေပြီး ခုလည်း ခေါင်းလောင်းကြီးမှာ ဓာတ်ပုံရိုက်သူတွေနဲ့စည်ကားနေပါတယ် အဲဒီနောက်မှာတော့ ပုထိုးတော်ကြီးဆီသို့သွားရောက်ခဲ့ပါတယ် မြသိန်းတန် မင်းကွန်း ပုထိုးတော်ကြီးဟာ ကပ်လျှက်တည်ရှိနေပြီး ဘုရားဖူး ဧည့်သည်တွေဟာ လမ်းလျှောက်ပြီး သွားရတော့ အဆင်ပြေလှပါတယ် တနေရာတည်းမှာ နေရာ ၃ခု ရောက်ခဲ့တာပေါ့
ပုထိုးတော် ကြီးကိုတော့ အပေါ်ထိ မတတ်ရောက်ခဲ့ပါဘူးအပေါ်ထိတတ်ရင် အချိန်မရမှာ ဆိုးသောကြောင့်ဖြစ်ပါတယ် ပုထိုးကြီးဟာ ရှေးခေတ် ဗိသုကာ လက်ရာဖြင့် အသွင်တမျိုး ဆောက်လုပ်ထားပြီး ခုတော့ သဘာဝဘေးအန္တရာယ်ကြောင့် ဘေးဘက်မှာ အက်ကြောင်းတွေ ထနေပါတယ် အဲ လို အဖြစ်ကြောင့်လည်း လူတွေအန္တရာယ်ရှိမှာ ဆိုးလို့ အပေါ်ထိ တတ်ရောက်ခွင့်မပြုတာလို့ လည်းမြင်မိပါတယ် ကျွန်မကြိုက်သော သဘောကျသော နေရာတခုလည်းဖြစ်တဲ့ ဒီစစ်ကိုင်းမြို့ရဲ့ အထငိကရ နေရာလေးကို ရောက်ခွင့်ရတဲ့ အတွက်လညိး ပျော်မိပါတယ် လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က မနော သီချင်းတွေ စပြီး ခေတ်စား လာတော့ မနောရဲ့ သီချင်းတပုဒ်ထဲမှာ ဧရာဝတီမြစ်ဆိပ်ရယ် ပုထိုးတော်ကြီးရယ် မင်းကွန်းခေါင်းလေားငိးကြီးရယ် မြသိန်းတန် ဘုရားကြီးအစရှိသည့်နေရာတွေ မှာ သရုပ်ဆောင်ပြီးရိုက်ကူးထားတဲ့
သီချင်းလေးကို ကြည့်ပြီး သွားချင်တဲ့ စိတ်တွေကခနခနဖြစ်မိခဲ့တယ် အဲဒါနဲ့ မန္တလေးက သူငယ်ချင်းက သူရောက်ဖူးတယ် လာခဲ့ပါ သူလိုက်ပို့ပေးမယ် အပြင်မှာက ပိုတောင် လှတယ်လို့ သူကပြောလို့ ၄လပိုင်းကတခေါက်ရောက်ခဲ့ပါတယ် တကယ် လည်းအပြင်မှာ သွားရောက်တဲ့အခါမှာ သဘောကျမိပါတယ် ခုလိုနောက်တခေါက် ထပ်ရောက်မိတော့လည်းပျော်မိတယ် ၄လပိုင်းတုန်းကလည်း နေပူပူ လေတဝူးဝူးနဲ့ ခုကျတော့ မိုးအေးအေးနဲ့ လေကတော့ တိုက်နေပါတယ် ဒီလိုနဲ့ နောက်ထပ် ကျန်ရှိနေသေးတဲ့ စစ်ကိုင်းတောင်ရိုးပေါ်က ဘုရားဆီသို့ သွားရောက်ခဲ့ပါတယ်
ဆက်ရန်
Photo credit- facebook photo
Writer by @yway
MSC-232
v100%$0.08 v n m .
@yway မမက စစ်ကိုင်းသူ သတိရမိပီ စစ်ကိုင်းကို🤗🤗
ဟုတ်မ
စစ်ကိုင်းတောင်ရိုး ကိုသွားချင်တာ
အင်း
Good travel
ဆက်အားပေးပါ့မယ်
Thanks
GOod travelling
Thanks
ဖတ်နေရင်း ဘာကိုပဲ လွမ်းမိသလိုလို 😭
ဟုတ်လား
နေရာတော်တော်ရောက်ခဲ့တာဘဲ
ဟုတ်တယ်
ကောင်းတယ် ဘဟုသုတရလို့
ကျေးဇူးပါ
သွားချင်လာပြီ
အင်း
ရောက်ဖူးချင်လိုက်တာဗျာ ကျွန်တော်တို့နဲ့က ခရီးကအရမ်းဝေးတော့ သွားရေးလာရေး ခက်ခဲတယ်ဗျာ
ဟုတ်လားရောက်မှာပါ
သွားချင်တယ်
သွားချင်တယ်
ရောက်ဖူးတယ် ပျော်စရာတွေ ကြည်ညိုစရာဘုရားတွေစုံလို့ ပါ
လျှောက်သွားခြင်းအမှတ်တရများဟီး
ပျော်စရာဘုရားဖူးခရီးစဉ်ပါဗျာ
အရင်အချိန်တွေ သတိရမိတယ်ဗျာ
ကိုယ်တို့ ထပ်သွားကြရအောင်
ရွေးရေ
Good တယ်
ညီမက အစုံ ရောက်ဖူးတာဘဲ။
16ရက်ေ့ နာ့လည်းတွားမှာ 😁😁
ခရီးသွာယpostတွေမြင်ရင်ကိုလည်းသွားချင်မိတယိ
အင်ီးတစ်ယောက်လဲ စစ်ရင်ူနဲ့မှ v m ပေူရတယ် ပေးပီးသားထင်နေတာ