လူဆိုတာ ပျော်ရာမှာမနေ တော်ရာမှာနေတဲ့ ခုလည်းအဲလိုပါပဲ ကျွန်မနေချင်မိတဲ့ နေရာလေးက ပြင်ဦးလွင် ဆိုတဲ့တောင်ပေါ်မြို့လေး ပင်လယ်ပြင်မျက်နှာပြင်အထက်ပေ၃၅၃၈ပေမြင့်တဲ့ တောင်လှေကားမြို့တော်လေးပေါ့ ပြင်ဦးလွင်မြို့လေးကိုစပြီးနှစ်သက်မိတာက ကျောင်းပြီးခါစအချိန်တုန်းက
အဲတုန်းကကိုယ်နဲ့ Uniမှာ အမြဲတပူးတွဲတွဲနေတဲ့သူငယ်ချင်းလေးတို့ မိသားစု ပြင်ဦးလွင်ကိုပြောင်းသွားတယ် သူက တော့ ကျောင်းမပြီးသေးတော့ ရန်ကုန်က သူ့အဒေါ်အိမ်ကနေ ကျောင်းဆက်တတ်ခဲ့တယ် စာမေးပွဲတွေပြီးလို့ သူကလည်းသူ့အိမ်ကိုပြန်မယ်ပေါ့ အဲဒီမှာသူကစခေါ်တယ် နင်မရောက်ဖူးဘူးမလားတဲ့ လိုက်ခဲ့ပါလားတဲ့ ငါအကုန်လိုက်ပို့ပေးမယ်တဲ့ တန်ဆောင်တိုင်လည်း ငါတို့ ပြင်ဦးလွင် မီးပုံးပျံလွှတ်ပွဲသွားကြတာပေါ့တဲ့ အဲလိုနဲ့ပဲပြင်ဦးလွင်ကိုအလည်လိုက်သွားဖြစ်ခဲ့တယ်
ကျွန်မသဘောကျတာက ရာသီဥတုအေးလို့ပါ
ရာသီဥတုကအေးတော့အပင်စိုက်လည်းဖြစ်တယ်လေ သန်မှသန် စိုက်ခင်းတွေကြည့်ပြီး သဘောကျမိတယ် နှစ်ရှည် ပင်တွေဖြစ်တဲ့ ထောပတ်သီးပင်တို့ မာလာကာ ပင်တို့ အစရှိသည့် အပင်တွေနဲ့ ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်တယ် အဲလိုနဲ့စိတ်ကူးယဉ်မိသွားတယ် ငါလည်းဒီမြို့လေးမှာ မြေကွက်လေးဝယ် တထပ်အိမ်လေးဆာက် ခြံရှေ့မှာပန်းပင်အလှပင်လေးတွေစိုက် အိမ်ဘေး ဘက်နှစ်ဘက်မှာ သီးပင် စားပင် နှစ်ရှည်ပင်လေးတွေစိုက်ပြီး အိမ်နောက်မြေအလွတ်မှာတော့ စိုက်ခင်းလေးစိုက်မယ်ပေါ့ သူ့ရာသီနဲ့သူ့အရပ်တော့ အဆင်ပြေပါတယ် ဆောင်းတွင်းဘက်ဆို မုန်လာ မုန်ညင်းလေးတွေ စိုက်မယ် ဆောင်းအကုန် လောက်မှာ စတော်ဘယ်ရီ ခရမ်းချဉ်သီး ပြန်ပျိုးမယ် အပင်လေးတွေကို ပေါင်းတင် မြက်နုတ်ကိုယ်တိုင်စိုက်ပျိုးပြုစုပျိုးထောင်ချင်မိတယ် ဘယ်လောက်တောင်အေးချမ်းလိုက်မလဲ စဉ်းစားလိုက်ယုံနဲ့ ကြည်နူးမိတယ် သဘောကျမိတယ် ငါလည်းတနေ့တော့ အဲလိုလေးး
သာယာနေတာ စိတ်ကူးထဲကအိမ်လေးနဲ့
ဟုတ်
ဖြစ်ချင်တဲ့ စိတ်ကူးလေးမြန်မြန်ပြည့်ဝပါစေ။
ပေးတဲ့ဆုပြည့်ပါစေ
ကောင်းပါတယ် ချဲ့ရေးရင် ပိုပြီးကောင်းပါတယ် ရှည်ရှည်လေးပေါ့နော်
ဟုတ်ကဲ့ပါ
အကို လည်း အဲ့လို
တောင်ပေါ်မြို့ ကအိမ်လေးမှာ
နားနားနေနေ
စာရေးပြီး နေထိုင်ချင်တာ
ရွေးရေ
Welcome တဲ့ သူငယ်ချင်းက