လွန်ခဲ့တဲ့ လပိုင်းလောက်ကပေါ့ ၅လပိုင်းလောက်က သူငယ်ချင်းတွေပြန်အဆက်အသွယ်ရခဲ့တယ် !
ရရခြင်းတော့ ဖုန်းတွေဆက်ကြ facebook accountတွေ add ကြနဲ့ ငယ်သူငယ်ချင်းတွေလေ
ငယ်ငယ်ကခင်ကြတာဆိုတော့ ဝေးနေကြတာလည်း ကိုးနှစ် ကျော်ပြီ အဲလောက်အချိန်ထိ မဆုံဖြစ်ကြတာ အပြင်မှာပြန်မတွေ့ရသေးပေမဲ့ ခုလိုနည်းပညာခေတ်ကြီးမှာ ဖုန်းထဲကနေပြန်တွေ့ဖြစ်ခဲ့ကြတယ် ဘာတွေလုပ်နေလဲ ဘယ်မှာလုပ်လဲ ချစ်သူရောရှိနေပြီလား မေးဖြစ်ပြောဖြစ်ခဲ့ကြတယ် တစ်ယောက်ကိုအဆက်အသွယ်ရတော့ နောက်လူတွေပါ အကုန် အဆက်အသွယ်ရသွားတယ် သူတို့ကတော့ ခုထိ ဒဂုံမှာပဲနေကြတာဆိုတော့ အဲလိုနဲ့ facebookမှာ Best friend foreverဆိုတဲ့ groupလေးကို သူငယ်ချင်းတယောက်ကဖွဲ့လိုက်တယ်
ညဘက်ဆို groupထဲမှာ ဟိုပြောဒီပြောနဲ့ သူတို့ကအများ ကိုယ်ကတယောက်တည်း တနေရာမှာ နေတာ ဆိုတော့ တွေ့ဖို့ ချိန်းကြတယ် အင်းလေ တွေ့မယ်ပေါ့
အဲအချိန်တုန်းက မိုးတွင်းဆိုတော့ ငါမိုးကုန်ရင် လာလည်မယ်ပေါ့ အဲတုန်းက အလုပ်မှာလည်း overtime ဆင်းနေရတော့ သီတင်းကျွတ်ကျရင် လာခဲ့မယ်လေ ပြောလိုက်တယ် အဲလိုလည်းသီတင်းကျွတ် ရောက်ခါနီးတော့ အလုပ်ကသူငယ်ချင်းတွေက ပြည်သူ့ရင်ပြင်မှာ night marketရှိတယ်တဲ့ သွားကြမလားတဲ့ အစကတော့မသွားဘူးပေါ့ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းထားတယ်လို့ ပြောလိုက်တယ် ဖြစ်ချင်တော့ တူမလေးကလည်း သူတို့လိုက်မယ်တဲ့ သွားကြမယ်တဲ့ ပိတ်ရက်က၃ရက်ဆိုတော့ တစ်ရက်ကို ဒဂုံသွားမယ် နောက်တစ်ရက်ကို ရင်ပြင်သွားမယ်ပေါ့ အဲလိုအစီအစဉ်ဆွဲထားလိုက်တယ်ဒဂုံကသူငယ်ချင်းတယောက်ကအမလာရင် ရေကျော်ပွဲဈေးသွားမယ်တဲ့ သွားပေါ့ ကိုယ်ကလည်း ပြောလိုက်တယ် အဲမှာပဲ နောက်တယောက်က ရေကျော်ဈေးဆိုမလိုက်တော့ဘူးတဲ့ မသွားချင်ဘူးတဲ့ ကျန်တဲ့သူတွေကတော့ သွားမယ်ဆိုတာချည်းပဲ
တွေ့မဲ့တွေ့လည်းသူငယ်ချင်းတွေအကုန်ဆုံချင်တာကို အဲအချိန်မှာ အမေကလည်း ရေကျော်ဈေးကို လူငယ်တွေချည်း သွားမလို့လားတဲ့ မသွားနဲ့တဲ့ ရန်ဖြစ်တာတွေ ဘာတွေနဲ့ အန္တရာယ်များတယ်တဲ့
သွားချင်ရင် ပြည်သူ့ရင်ပြင်ပဲသွားတဲ့ အဲဒါနဲ့ပဲ သူတို့ကိုမလိုက်ဖြစ်တော့ဘူးလို့ ပြောလိုက်တယ်
ဖြစ်ချင်တော့ မိုးကလည်းရွာတော့ အကြောင်းပြချက်ရသွားတယ် မသွားဖြစ်လိုက်ဘူး
အဲလိုနဲ့ နောက်မှတွေ့ကြမယ်ပေါ့ နောက်မှဆိုတာကြီးက တကယ်တော့ မသေချာတာ ကြီးပါ
နောက်ပိုင်းကျတော့ ကျွန်မကအစိုးရအလုပ် လေးခေါ်တာတွေ့လို့ လျှောက်လွှာတင်လိုက်တယ် အဲဒီကစပြီးမအားတော့တာ ပိတ်ရက်ဆိုရင်လည်း သင်တန်းကတတ်ရသေး တန်ဆောင်တိုင် ကျတော့လည်း နေပြည်တော်သွား ပိတ်ရက်လေးမှာနားပေါ့ ၁၂လပိုင်းပိတ်ရက်ကျတော့ ဘုရားဖူးဖို့ အကြောင်းပါလာတော့ နှစ်သစ်ကူးပိတ်ရက်လေးမှာ ဘုရားဖူးသွားခဲ့တယ် ပြန်လာရင် လာတွေ့မယ်ပေါ့ ၄ရက်နေ့ကလွတ်လပ်ရေးနေ့ဆိုတော့
အဲလိုပြောထားလိုက်တယ် ဖြစ်ချင်တော့ ဘုရားဖူးသွားနေတုန်းဖုန်းကဝင်လာတယ် ညီမရေးဖြေ အောင်တယ်တဲ့ နှုတ်ဖြေ လာဖြေဖို့ ၃ရက်နေ့မနက်၉နာရီအရောက်တဲ့ အဲလိုလည်းကြားရော ဝမ်းလည်းသာတယ် ငါတော့တဆင့်အောင်ပြီပေါ့ စိတ်လည်းညစ်ခဲ့တယ် ဒီတခါလည်း ငါသွားမတွေ့နိုင်တော့ဘူးပေါ့ နှုတ်ဖြေအတွက်လည်းစိတ်ကပူမိတယ်
ကားပေါ်မှာပဲစာလည်းကြည့် ဘုရားရောက်ရင် ဘုရားဆင်းဖူးလိုက်နဲ့ နှုတ်ဖြေအတွက် ကြိုတင်ပြင်ဆင်ခဲ့တယ် ဘုရားကားကလည်း၂ရက်နေ့မနက်၃နာရီမှ ရောက်တယ် မနက်မိုးလင်းတော့ အလုပ်သွားတတ် နေ့လည်ကျတော့ gate passယူပြီး နေပြည်တော်သွားခဲ့တယ် ၃ရက်နေ့မှာ interviewပေါ့ ခုံနံပါတ်ကရှေ့မှာဆိုတော့နေ့လည်၂နာရီကားနဲ့ပြန်မယ်ပေါ့ကံဆိုးချင်တော့ ခုံနံပါတ်က နောက်ကစခေါ်နေတယ် အဲမှာပဲ နေ့လည်ကားလည်းမမှီပဲ ညနေ၃နာရီမှ interviewဖြေပြီးခဲ့တယ် နေပြည်တော်မှာတစ်ညထပ်အိပ်ပြီး မနက် ၇နာရီကားနဲ့ ပြန်လာခဲ့တယ် အိမ်ရောက်တော့အိပ်တာပေါ့ အတိုးချပြီး
နောက်နေ့ကျတော့ သူငယ်ချင်းတွေ groupမှာထပ်ပြောကြတယ် ၃လပိုင်းပိတ်ရက် တွေ့ကြမယ်ပေါ့ FB_IMG_1521110694150.jpg
အဲလိုကျတော့လည်းတစ်ယောက်က ငါကပုသိမ်သွားစရာရှိတယ်တဲ့ အဲဒါနဲ့ နောက်အပတ်တွေ့မယ်ပေါ့ FB_IMG_1521110694150.jpg]()အဲဒီအချိန်မရောက်ခင်မှာပဲ FDAကဖုန်းဆက်တယ် ညီမ သင်တန်းတတ်ရမယ်တဲ့ နေပြည်တော်မှာ သူငယ်ချင်းတွေနဲ့လည်းတွေ့ဖို့အချိန်မရှိတော့ ဝန်ထမ်းဖြစ်ဖို့အရေး လုပ်စရာရှိတာတွေလုပ်ပြီး နေပြည်တော်ကို သငိတန်းတတ်ဖို့ရောက်လာခဲ့တယ် ခုလည်းစဉ်းစားမိတယ် ၉နှစ်လောက်ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပိတ်ရက်လေးတွေကို ......
Writer by @yway
Photo credit by facebook photo
MSC-232
သူငယ်ချင်းတွေလားပြန်ဆုံချင်လိုက်တာဗျာ...တစ်ယောက်နဲ့တစ်ယောက်မိုင်ပေါင်းများစွာဝေးကွာနေကြတာ။
အင်းပြန်ဆုံချင်နေတာ
5ting ကမ္ဘာကြီးကကျင်းကျင်းလေးပါ
တွေ့ချင်တဲ့ စိတိလေးရှိရင် တစ်ရက်ရက် တွေ့ရမာပါ ညီမ😁 fighting
ဟုတ်အမ
မဆုံသောလမ်း
မင်းပဲရွေးချယ်သွားပြီး
ကျန်နေသူက အရူးမီး
ဟေး လှည့်ကြညိ့ဦး
အဆိုတော် ဖြစ် ထိုက် ပါပေ တယ်
ဇော်ပိုင် သီချင်း ကိုမှ ဆိုရသလားကွာ။
😁😁😁
အလုပ်သစ်မှာ ပျော်ရွှင်ပါစေ
ဟုတ်ကဲ့ဆရာ
သူငယ်ချင်းတွေဆုံရင်ပျော်စရာကြီးနေမယ်....
ဆုံချင်နေတာ
အန်တီတို့တောင် ခုထိ မူလတန်းတုန်းက သူငယ်ချင်းတွေနဲ့ ဆုံပြီး လည်ကောင်းတုန်း ..
ဝိုးးမိုက်တယ်
fighting
Thanks
သူငယ်ချင်းဆိုတာ ဘယ်တော့မှ မမေ့နိင်မဲ့ အမှတ်တရတွေပါ
ဟုတ်တယ်
မဆုံသောလမ်း
မင်းပဲရွေးချယ်သွားပြီး
ကျန်နေသူက အရူးမီး
ဟေး လှည့်ကြညိ့ဦး
ခံစားရပါတယ်
အင်း😥😥😥
ဆုံရမှာပေါ့လို့စ် အဲ
အင်း😁😁😁
ဝေးနေသော်လည်း ရင်ဘတ်ခြင်းတော့နီးကပ်ရင်
ပြန်တွေ့နိုင်ပါတယ်
အေးပါကွာ
ငယ်သူငယ်ချင်းတွေကိုသတိရမိတယ်
ပိတ်ရက်မှာသူငယ်ချင်းတွေနဲ့ မြန်မြန်ဆုံနိုင်ပါစေဗျာ
အိမ်ထောင်ရက်သားကျသွားရင်ပိုဆိုး
ပြန်ဆုံနိုင်အောင်ကြိုးစားရမှာ