ဇွန်လ ကျောင်းတွေဖွင့်ပြီဆိုတော့ ကျွန်မနဲ့ အိမ်နားက ၆တန်းကျောင်းသား ကလေးတို့ ကျောင်းတတ်ခဲ့တယ် ကျောင်း ရောက်တော့ ကိုယ်ကကျောင်းသားအသစ်လေ ၁၀တန်းအခန်း ဘယ်မှာရှိလဲမသိ
၆တန်းကလေးကပဲ ၁၀တန်းအခန်းတွေဆီသို့ လိုက်ပို့ခဲ့တယ် ကျောင်းသားအသစ်ဆိုတော့လည်း ကိုယ့်ဘာသာအခန်းထဲဝင်ထိုင် နေရတယ် နောက်မှ ကျောင်းသားကျောင်းသူတွေ တဖြည်းဖြည်းရောက်လာပြီး တချို့ကလည်းအဖွဲ့လိုက် စကားတွေပြော
ရယ်မော နေကြတယ် ကျောင်းသားအသစ်ဖြစ်တဲ့ကိုယ့်ကိုလည်း ခေါ်ကြပြောကြပါတယ် ဘယ်ကျောင်းကပြောင်းလာတာလဲ ဘယ်မှာနေလဲ လာမိတ်ဆက်ကြပါတယ် ငယ်မွေးခြံပေါက်မဟုတ်တော့
သူတို့တွေနဲ့တော့အဖွဲ့မကျခဲ့ဘူး ဘေးနားကသူငယ်ချင်းတစ်ယောက်နှစ်ယောက်လောက်ပဲ တွဲဖြစ်ခဲ့တယ် ကျောင်းမှာလည်းအဆင်ပြေပါတယ် ဒါပေမဲ့ကျူရှင် တတ်ရမှာတော့ သိပ်မပျော်ခဲ့ဘူး ကျူရှင်ကသူငယ်ချင်းကလည်းတစ်ယောက် တည်း တစ်ယောက်တည်းဆို ပေါင်းသင်းလို့်ကလည်းမရ
စာအတူတူကျတ် အတူတူတွက် နားမလည်တာ တွေ မေးကြမြန်းကြ လုပ်ချင်တာ သူကအဲလိုမဟုတ်တော့ ကျူရှင်ကိုမတတ်ချင်တော့တာ မတတ်ချင်လည်း ငါအောင်မှဖြစ်မယ် အဖော်မင်နေလို့မရဘူး
သူမကျတ်လည်း ကိုယ့်ဘာသာကျတ် ကိုယ့်ဘာသာကြိုးစား အားတင်းထားခဲ့တယ်
ဒီလိုနဲ့ ၇လပိုင်း လဝက်လောက်မှာ ကျောင်းသူအသစ်တစ်ယောက်ရောက်လာတယ် အသစ်ဆိုတော့ ကိုယ်လည်းပိုခင်မိတယ် အသစ်အချင်းချင်းဆိုတော့ ကိုယ်ချင်းစာမိတယ် အဲဒီသူငယ်ချင်းနဲ့ပဲ တတွဲတွဲရှိခဲ့တယ် နောက်တော့ ကျူရှင်ပြောင်းခဲ့တယ်
ဒီကျူရှငိကတော့ ကျောင်းကသူတွေများတယ်
ဒီကျူရှင်မှာကျတော့ ပျော်ဖို့ကောင်းတယ် မိန်းကလေးသူငယ်ချင်းတွေလည်းများတယ် ကျောင်းသူအသစ်သူငယ်ချင်းလည်း ကျူရှင်ကိုရောက်လာတယ်
ဒီကျူရှင်မှာတော့တော်တော်ပျော်မိတယိ အားလုံးကစည်းလုံးတယ် စာဆိုလည်းအတူလိုက်ဆို လိုက်တွက် တိုင်တိုင်ပင်ပင်နဲ့ ပျော်စရာကောင်းတယ်
အတန်းထဲက အသင်းခေါင်းဆောင်တယောက်လည်း ကျူရှင်ကိုရောက်လာတယ် ဆရာမ က ကျောင်းခန်းထဲမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေဝယ်ဖိွု့သူ့ကို တာဝန်ပေးတယ် သူကလည်း တယောက်တည်းမသွားချင်ဘူးတဲ့ အဲဒါနဲ့ ကျောင်းပိတ်ရက်
ကျူရှင်ချိန်ပြီးရင် သွားမယ်တဲ့ လိုက်မလားတဲ့ ကျူရှင်ကသူငယ်ချင်းတွေလည်း နှစ်ခါမစွယ်ရဘူး
လိုက်မယ်ပေါ့ အဲတုန်းကအချိန်လေးတွေကအရမ်းပျော်စရာကောင်းတယ် ပိတ်ရက်ကျူရှင်ပြီးချိန်ဆို ocean centerသွားလိုက် city martသွားလိုက်နဲ့ အဖွဲ့တွေ လျှောက်ပတ်ဖြစ်တယ် ပထမနှစ်ဝက် နဲ့ ဒုတိယနှစ်ဝက် ဖြေပြီးချိန်မှာတော့ ကျွန်မတို့အဖွဲ့အရင် လို အပြင်သိပ်မသွားဖြစ်တော့ဘူး စာမေးပွဲကနီးလာတော့ ကျူရှင်ချိန်ကလည်း တနေ့လုံး ဖြစ်သွားတယ် ကိုယ်တွေလည်းမနည်းကြိုးစားခဲ့ရတယ် အနားကပ်တော့ ကျူရှင်မတတ်ဖြစ်တော့ဘူး
အိမ်မှာ ပြသနာ တစ်ခုဖြစ်သွားလို့ အိမ်မှာပဲစာကျတ်ခဲ့တယ် စာမေးပွဲဖြေချိန်မှာတော့ အမေ ကနယ်ကနေရောက်လာတယ် နေ့တိုင်းလိုက်ပို့တယ် အမေနဲ့ ဆရာမရဲ့ကောင်းမှုကြောင့် နေ့တိုင်း ယတြာချေရတယ် မြန်မာစာနေ့ဆို ညာဘက်လက်မှာ "တ"ရေးသွားရမယ် သေးသေးလေးပေါ့နော် အဲလို
ခြောက်ဘာသာလုံး တမျိုးဆီရေးသွားရတယ်
အမေကတော့ ကျောင်းရှေ့မှာထိုင်စောင့် ဘုရားစာတွေရွတ်နဲ့ နောက်ဆုံးနေ့ကျ ဖြေပြီးထွက်လာရင်
ကျောင်းကိုလှည့်မကြည့်နဲ့တဲ့ ဖနောင့် ၃ချက်ပေါက်ခဲ့တဲ့ အောင်ချင်တော့လည်း လုပ်ခဲ့တယ် အမှတ်တရများနဲ့ ပြည့်နေတဲ့ ၁၀တန်း ဘဝလေးပါ အမြဲအမှတ်တရရှိနေပါတယ် နောက်တခါပြန်မရနိုင်ပေမဲ့
တွေးလိုက်တိုင်း ပြန်ရောက်သွားသလိုခံစားမိတယ်
ငယ်ဘဝ အမှတ်တရလေးတွေပါ
အားလုံးကို ကျေးဇူးတင်ပါတယ်
Wirter by @yway
Photo credit -facebook photo
MSC-232
ခုလိုပြောပြတော့ အရင်အချိန်လေးတွေကို သတိရတယ်ဗျာ
ဟုတ်တယ်
ငယ်ဘ၀အမှတ်တရများကိုခုလိုပြန်ပြောပြတာဖတ်ရတာကောင်းပြီးပျော်စရာပါဘဲ....good story
Thank for sharing
Thanks sis
ကျောင်းသား ဘဝကို ပြန်လည် သတိရ လွမ်းဆွတ် တမ်းတမိ ပါတယ်
ဟုတ်
ပျော်စရာ နေ့ရက်များပေါ့။
ငယ်စဉ်ကျောင်းသားဘဝလေးကို လွမ်းမိသွားပြီဗျာ
ပြန်မရနိုင်တော့တဲ့အမှတ်တရတွေဆိုပေ့မဲ့ ပြန်တွေးမိတိုင်းနေ့တစ်နေ့ကလိုပါပဲဗျာ
လွမ်းရယ်မပြေ
အမှတ်တရ ဆိုတာ အသစ်တော့ဖန်တီးလို့ရတယ်
ပြီးသွားခဲ့တဲ့အမှတ်တရတွေကို မမေ့ပစ်တာ ဟာလဲ
ပျော်စရာတစ်ခုပါ
အေးပါကွာ
ဖနောင့်နဲ့ပေါက်လိုက်တာ မြေကြီးချိုင့်ဝင်သွားသေးလားဗျ စတာပါနော် ငယ်ဘဝကသတိရစရာတွေများလွန်းပါတယ်ဗျာ
ဒီဘဝမှာ ငယ်ဘဝကို ဘယ်တော့မှ ပြန်မရတော့
ဘူးလို့ သိလိုက်ရတဲ့အချိန် အလိုလိုဝမ်းနည်းလာတယ်
အမှန်ပါပဲ
ဟုတ်တယ်ဗျာ....အပျော်ဆုံးနဲ့ အပူပင်ကင်းဆုံးအချိန်
ဟုတ်ပါ့ လွမ်းမော်ဖွယ် ဘယ်တော့မှပြန်မရနိုင် ဝယ်လို့မရနိုင်တဲ့ အချိန်လေးတွေဘဲပေါ့
မမတို့ အယူဓလေ့ ကိုယ်ထက်မလာချင်တဲ့နေရာကို ဖနောင့်နဲ့ ၃ချက်ပေါက်တာ ချစ်စရာကောင်းတယ် မမ 10 တန်းဖြေတော့ အာ့လိုပဲ အသီး တမျိုး မဟုတ် တမျိုး.နေ့တိုင်းစားရတေ မမ ပန်းသီးစားရတုံးက ကြီကြီးအေ သူငယ်ချင်းတေပါ ကူစားခိုင်းပလိုက်တယ် အေးရော😋
ဟုတ်တယ် လူ ကြီးတွေက အဲလို
ယတြာယာပေးမယ် ။ နတ်တင်ရင်အောင်မယ်။ ဟီးးး
လွမ်းမောစရာ အတိတ်က ဇတ်လမ်းလေးတွေ ...
မင်းမရှိတော့ပေမယ့်
ငါတမ်းတနေမှာ ငါတမ်းနေမှာ အစဉ်အမြဲ
ငါ… တမ်း တ နေ မှာ……………
ပြန်လည်သတိရမိတယ်
ငယ်ဘဝဆိုတာပြန်မရနိုင်ပါဘူး
ရောက်တဲ့နေရာမှာ အစဉ်ပြေအောင်နေပါ
အပူအပင်ကင်းခဲ့တဲ့ ငယ်ဘဝလေးကို သတိရမိပါတယ်