ကျွန်တော်ပြောချင်တာကတော့ မိသားစုတစုမှာ
စားဝတ်နေရေးထက်အပိုအဆာပလာတွေက ကုန်ကျမှူပိုများနေသလိုဘဲ တွက်ကြည့်ရင် ပိုက်ဆံရှိတဲ့သူတွေ မွဲသွားတာ အထည်ကြီးပြက်ဖြစ်သွားတာ အားလုံးရာခိုင်နူန်းအားဖြင့် စားလို့သောက်လို့မကုန်ဘဲ
လုပ်ငန်းလွဲချော်သွားတာနဲ့ လောင်းကစားလုပ်တာနဲ့
မွဲသွားကြတာများတယ် စားရုံသောက်ရုံနဲ့မွဲမသွားနိုင်ကြပါဘူး အသက်၇၅နှစ်သက်တန်းထား တရက်ထမင်းဘိုးဘယ်လောက်ကုန်မယ် တွက်ထားကြည့်
တွက်ချက်မူထက် ငါးပြန်လောက်လက်ထဲငွေရှိတဲ့သူတွေတောင်အဲ့ဒီ အပိုအဆာပလာတွေသွားလုပ်လို ၇၅နှစ်မပြည့်ခင်ပိုက်ဆံမရှိတော့တာတွေ ကြုံတွေ့ရပါတယ်။ သာမန်မိသားစုတစုဘယ်လိုဖြစ်နေဖြစ်နေထမင်းစားဘို့ကတော့ အလုပ်လုပ်ရင်စားရပါတယ် တချိုကမစုမိမဆောင်းမိတာကတော့အပိုအဆာတွေက ထမင်းဖိုးထက်ကုန်ကျနေကြလို့ပါဘဲ ဥပမာ အရက်ဖိုး ဆေးလိပ်ဖိုး ကွမ်းယာဖိုးစတာတွေပေါင်းကြည့်လိုက်မိသားတစုရဲ့စားအိုးလောက်ကုန်တယ်။ ယောင်္ကျားတယောက်တင်မဟုပ်ဘဲ မိန်းမရောပါ အရက် ဆေးလိပ် ကွမ်းယာ စသည့်အပိုအဆာပလာတွေလုပ်ရင်သွားပြီ အဲဒီမိသားစုစီးပွားတက်လာဖိုကတော့မလွယ်ဘူး လုပ်ငန်းကတအားဖြစ်နေရင်ာအဆင်ပြေလိမ့်မယ် ဝင်ငွေခြင်းတူတဲ့မိသားစုနှစ်စုယှဉ်ရင်တော့ ဘယ်လိုဖြစ်ဖြစ်နောက်ကျနေမှာပါဘဲ ဥပမာ ကျွန်တော်စားနေတဲ့ကွမ်းယာ တရာဖိုးတောင်ဝယ်မရပါဘူး အနဲဆုံးနှစ်ရာဖိုးဝယ်ရတယ် တရက်ကို
၃ထုပ်လောက်ဝယ်ရင်တောင် ငွေခြောက်ရာသွားပြီ
ဒီငွေခြောက်ရာက မိသားစုအတွက်ကြက်ဥဝယ်ပြီးဟင်းလုပ်မယ်ဆိုရင်၁၅၀ိ ထားထွက်ရင် ကြက်ဥလေးလုံးရမယ် ဘယ်လိုဖြစ်ဖြစ်မိသားစု ဟင်းတနပ်စာရသွားပြီလေ။
အရက်ဖိုးတွေဆေးလိပ်ဖိုးတွေမပါသေးပါဘူး ဆေးလိပ်ဆိုရင်တချို့တရက်၂ဖူးလောက်ကုန်တယ် အရက်ဆိုရင်တော့ပြောမနေနဲ့သောက်တဲ့အရက်အကောင်းစားပေါ်မူတည်ပြန်ရော့ အဲ့တော့တွက်ကြည့် တယောက်ထဲမဟုပ်ဘဲနှစ်ယောက်လုံးအဲဒီအပိုအဆာတွေလုပ်ရင် တရက်အပိုအဆာဘိုးက မိသားစုထမင်းစားဘို့ အတွက်သုံးရက်စာလာက်ကုန်သွားတယ်။ အဲ့ဒီအပိုအဆာတွေကြောင့်မိသားစုစီးပွားရေးလဲမတက်နိုင်သလို လူ့ရဲ့အကြင့်စာရိတ္တတွေပါပြက်စီးစေပါတယ် ဥပမာဝမ်ထမ်းတယောက် အပိုအဆာတွေကုန်ကျမူများပြီး မိသားစုစားဝတ်နေရေးမလောက်ငှတော့ဘူးဆိုရင် လတ်ပေးလတ်ယူမူ့တွေလုပ်လာမိမှာအမှန်ပါဘဲ ၊ဆက်တိုက်အကျိုးဆက်တွေကတော့တရက်မဟုပ်တရက်မှာအရေးယူခံရမှူတွေဖြစ်လာရင်တော့ သွားပြီ မိသားစုဂုဏ်သိက္ခာ ကိုယ့်ဘဝရဲတိုးတက်မူ့လမ်းကြောင်းတွေ အားလုံးရေစုံမျောသွားပါလိမ့်မယ်။ အဲ့တာကြောင့်ကိုယ့်ဘဝရဲ့အစထူထောင်ချိန်မှာ အတတ်နိုင်ဆုံးအပိုအလုပ်တွေမလုပ်စေခြင်ပါဘူး ကိုယ့်ရဲ့ဝင်ငွေနဲ့ချင့်ချိန်ပြီးသုံးစွဲစေခြင်ပါတယ် ကိုယ့်ရဲ့ဝင်ငွေဆယ်ရာခိုင်နှူန်းကိုစုနိုင်အောင်ချွေးခြံပြီး ဇယားဆွဲပြီးသုံးစွဲ ဆယ်ရာခိုင်နူန်းတွေစုစုလာတဲ့အခါအဒီငွေနဲ့ လုပ်ငန်တခုလုပ် ဝင်ငွေတွေထပ်တိုးလာတဲ့အခါမှာလျှင် ချင့်ချိန်တွက်ချက်ပြီးမိသာစုအတွက်ပိုသုံးလို့ ဘာပြသ်နာမှမရှိပေ။
အရင်တခါကြာဘူးပါသည် ကုလားတယောက် တရုပ်တယောက် လမ်းပြင်တဲ့လမ်းမှာ နေ့စားလုပ်နေသတဲ့ နေ့စားရတာခြင်းအတူးတူ တရုပ်ကနေ့စဉ်အားရှိဘို့အတွက်ဝက်သားဝယ်စားပါသတဲ့ ကုလားကတော့ ကုလားပဲကိုဘဲနေ့တိုင်းစားပါသတဲ့ နှစ်ခုစလုံးကအဟာရဖြစ်တာခြင်းကအတူတူပါဘဲ လကြာလာသည်နှင့်အမျှကုလားမှာ တော်တော်စုမိဆောင်းမိလာသဖြစ် လမ်းအလုပ်ကထွက်လိုက်ပြီးအပြင်မှာကိုယ်ပိုင်စီးပွားရေးလေးလုပ်ပါတော့တယ် တရုပ်ကတော့လမ်းအလုပ်ကိုဆက်လုပ်နေရတာပေါ့
ဒီလိုနဲ့အသက်ကြီးလာတဲအခါ တရုပ်ကလမ်းအလုပ်မလုပ်နိုင်တော့သဖြင့်ထွက်လိုက်ရပါတော့တယ် ဒီအချိန်မှာ သူ့သူငယ်ချင်းကုလားရဲ့အခြေအနေဘယ်လိုလဲသွားကြည့်တဲ့အခါ စီးပွားရေအဆင်ပြေပြီးချမ်းသာနေပါတော့တယ် ဒီအချိန်မှာမှကုလားက တရုပ်ကြိုက်တပ်တဲ ဝက်သားဟင်းကိုနေစဉ်စပါယ်ရှယ်ကျွေးပါတော့တယ် "မင်းနဲ့ငါနဲ့အလုပ်လုပ်ခဲ့တာခြင်းအတူတူ ဒီလိုအခြေအနေဖြစ်တာ မင်းကဝက်သားကိုအချိန်မတန်ခင်စောစားလို့ဖြစ်တာ"လို့ပြောလိုက်ပါသတဲ့ ဒီလိုအချိန်ကြမှကြိုက်သလောက်စားလို့ရပြီလေ ဟုပ်သည်ဖြစ်စေ မဟုပ်သည်ဖြစ်စေ မှတ်သားထိုက်စရာပုံပြင်လေးမို့တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ အချိန်မတန်ခင်ဝက်သားမစားကြပါနဲ့ဦး အချိန်တန်ပြီဆိုမှစိတ်ကြိုက်စားကြပါလို့ပြောကြားရင်း ဒီအပတ်နားပါအုံးမည် ။
Post writer=@yuzana(shineshine)
MSC=146
ကောင်းမွန်သောစာများပါဗဟုသုတရစေပါသည်
ကျေးဇူးပါဗျာ
တွက်ချက်မှူတွေကောင်းပါတယ်
လူတိုင်း အလုပ်လုပ်ရင် တွက်ချက်ပြီး အကွက်ကျကျလုပ်ရင် အောင်မြင်မယ်လို့ ကျွန်တော်တော့ယုံတယ်
မှန်ပါတယ်ဗျာ အပိုအဆာတွေရှော့ရင် မြန်မာပြည်ရဲ့ဝင်ငွေက
လောက်ပါတယ်
အချိန်မတန်ခင်တော့ ဝက်သားမစားစေချင်ဘူး
ကြိုက်တယ်ဗျာ တစ်ကယ်လည်း သင်ခန်းစာရတယ်
မှန်ပါတယ် တက်လာတဲ့အညွန့် လေးအရွယ်မရောက်ခင်ခူးတဲ့
ကွမ်းရွက်လိုဖြစ်နေကြတယ်ဗျာ
ကိုယ်ရရှိတဲ့ဝင်ငွေအပေါ်ချင့်ချိန်သုံးစွဲတာအကောင်းဆုံးပါ...မှတ်သားထိုက်စရာပါ....
ဟုပ်တယ် တချို့ ပိုက်ဆံ ကိုချေးပြီးတောင်အထက်အညာဘုရားဖူးဆိုးပြီးထွက်တာတောင်တွေ့ရတယ် အံသြတယ်နော်
ဝက်သားမကြိုက်တဲ့အတွက် မစားဘူး။ သို့သော် တခြားထွက်ငွေတွေတော့ရှိပါ့ဗျာ။ ပြန်လည်ဖာထေးဖို့လိုသလို ထွက်ငွေကိုလည်းဆန်းစစ်ဖို့လိုတာပေါ့။
တချိ့ကိစ္စတွေက အိဓိပ္ပယ်မရှိကုန်တာ
ချွေတာတဲ့အလုပ်က အလုပ်တကာ့အလုပ်တွေထဲမှာ အကောင်းဆုံး
အလုပ်ပါ နေရာတကာချွေတာလိုက်တော့ အဆင်ပြေသွားတာပေါ့
နော် အကောင်းဆုံး တင်ပြချက်ပါသားလေး
ချွေတာတာလဲအလုပ်တခုပါပဲလေ
ဝက်သားစားချန်တန်လည်း ဝက်တွေက ရောဂါဖြစ်နေတော့ မစားရဲပါဘူးဗျာ 😆😆
ဟုပါ့ဗျာ ဆုပ်ကပ်ရောက်နေပီ
အချိန်မတန်ဘဲ ဝက်သားမစားတော့ဘူး
ကြက်သားကိုဝယ်စားနော်ညီမ အဟီးးးး
နာလဲ ဝက်သား စားချင်နေတယ် မြင်သမျှ ဝယ်ချင်နေတေ စိတ်ထိန်းမှ ဖြစ်မယ်လေ😌
ထူးဘူး နာလဲ စိတ်ကိုမနည်းထိမ်းထားရတာ
ပုံ ပြင်လေးထိရောက်တယ်ဗျာ။ကျေးဇူးပါကိုယု။
သိပ်ကောင်းတဲ့စာပဲ
ချွေတာစုဆောင်း သူဌေးလောင်း ဆိုတဲ့စကားပုံထဲကလို ချွေတာလို့ သူဌေးဖြစ်ဖို့ မသေချာပေမယ့် သေချာတာတစ်ခုကတော့ ချွေတာစုဆောင်းတတ်တဲ့လူကတော့ အရေးကြုံလာရင် ပိုက်ဆံအတွက် အပူတပြင်း မရှာရတော့ဘူးပေါ့ အစ်ကိုရာ နော့လေ။
ကျနော်လည်း ဖတ်ဖူးတယ် အဲ့ပုံပြင်လေး
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.