အချိန်

in #myanmar7 years ago

လွန်​ခဲ့​သောနှစ်​ပတ်​​ကျော်​က ကျွန်​​တော်​မီးအားမြှင့်​စက်​အ​ကြောင်း​လေး​ရေးတင်​ခဲ့ပါတယ်​၊ဒါ​ပေမဲ့ကြားဖြတ်​ပြီး မီးအားမြှင့်​စက်​အ​ကြောင်း​လေးခနနားကာ ကျန်​ဗဟုသုတရစရာ​လေး​တွေတင်​​ပေးခဲ့ပါတယ်​၊အီလထ​ရောနှစ်​ကအ​ရှေည်​​ရေးရမည်​ဖြစ်​သဖြင့်​ စာဖတ်​သူများညီး​ငွေ့မသွား​စေရန်​ အ​ပြောင်းအလဲ​လေး​ရေးရခြင်းဖြစ်​ပါသည်​၊လူတ​ယောက်​မိမိအလုပ်​အ​ပေါ်မှာညီး​ငွေ့လာခြင်းမှာ အလုပ်​ပင်​ပန်းတာ သက်​သာတာနှင့်​မဆိုင်​ ပိုက်​ဆံရတာမရတာနဲ့လဲမဆိုင်​ဘူးလို့ကွန်​​တော်​ထင်​ပါတယ်​၊တချိုလူများသည်​ ပိုက်​ဆံမရဘဲ ခက်​ခဲဆင်းရဲ​သောအလုပ်​များကိုဝါသနာအရလုပ်​​နေ​သောသူများအများအပြားရှိ​နေပါသည်​။
မည်​မျှပင်​ဝါသနာပါ​စေ မည်​မျှပင်​သက်​သာပါ​စေ အမြဲတမ်း ဒီအ​ကြောင်းဒီအလုပ်​ခြည်းပဲဆိုရင်​​သေခြာ​ပေါက်​ညီး​ငွေ့လာပြီး မိမိလုပ်​ရပ်​အ​ပေါ်မှာအားနည်းချက်​သက်​​ရောက်​မှူရှိလာမှာပါ၊

61n252YpctL.png

https://goo.gl/images/cmVTZN

ဒါ​ကြောင့်​မိတ်​​ဆွေတို့လဲ့ မိမိအလုပ်​ အ​ပေါ်မှာ ​ပြောင်းလဲမလုပ်​ကိုင်​နိုင်​ရင်​​တောင်​ ခနနားပြီး တခြားဝါသနာပါရာ ကြားဖြတ်​အလုပ်​က​လေးလုပ်​ပါ။ခနားနားပြီးလွပ်​လပ်​စွာအနားယူ​ပေးပါ၊အချိန်​ရဲ့တန်​ဂိုးအချိန်​ရဲ့ရိုက်​ခပ်​မူ့သည်​အလွန်​အစွန်းထက်​​ကြောင်းသိ​စေချင်​ပါသည်​၊
လူတ​ယောက်​ရဲ့ စိတ်​ချမ်းသာမှူ့ စိတ်​ဆင်းရဲမှူ ဝမ်းသာမှူ ဝမ်းနည်းမှူတို့သည်​ အချိန်​ရဲ့ကုစားမှူ​ကြောင့်​ခနခန ​ပြောင်းလဲမှူဖြစ်​​ပေါ်​စေပါသည်​၊ ထို​ကြောင့်​ ပညာရှင်​ကြီးများက စိတ်​ပိုင်းဆိုင်​ရာဒဏ်​ရာကိုကုတဲ့​နေရာမှာ အချိန်​သည်​အ​ကောင်းဆုံးဆရာဝန်​ဖြစ်​သည်​ဟုဆိုခဲ့ခြင်းဖြစ်​ပါသည်​၊ လူတ​ယောက်​ကိုမည်​မျှပင်​ချစ်​​စေကာမူ မည်​မျှပင်​သံ​ယောစဉ်​ရှိ​စေကာမူ ထိုလူ​သေဆုံးသွားရင်​ ​လော​လောလပ်​လပ်​အချိန်​ခနတာမှာ​တော့ပူ​ဆွေး​သောက​ရောက်​မိကြမှပါပဲ၊ ထိုအချိန်​တွင်​မည်​သည်​ဆရာဝန်​ သမား​တော်​မျှကုယူ၍မရပါ။ အချိန်​ကြာလာသည်​နှင့်​အမျှ အချိန်​ရဲ့ကုစားမှူ​ကြောင့်​ဒီ​ဝေဒနာက​ပြောက်​ပြီး ​သေသွားသူကို​တောင်​ ကြာလာရင်​​မေ့​တေ့​တေ့ဖြစ်​လာပါလိမ့်​မည့်​။ အချိန်​ဆိုတာကြာလာသည့်​နှင့်​အမျှ မိမိဘဝဖြတ်​သန်းလာတဲ့ခရီးကိုဒုက္ခတွေဖြတ်သန်းလာခဲ့လည်းဒုက္ခလို့မမြင်​ သုခ​တွေဖြတ်​သန်းလာလည်းသုခလိုမမြင်​မိ​တော့​ပေ မိမိဖြတ်​သန်းခဲ့တဲ့ဘဝမှာကျင့်​သားရသွားခြင်းသ​ဘောဖြစ်​​လေသည်​။
no_free_speech.jpg

https://goo.gl/images/3kzifR

ကျွန်​​တော်​နဲ့​ကျောင်း​နေဖက်​ သူငယ်​ချင်းတ​ယောက်​နိုင်​ငံ​ရေအမှူဖြင့်​ရှစ်​ဆယ့်​ရှစ်​မှာအဖန်းခံရပါသည်​။ သူ့ကို့​ထောင်​မကျခင်​တရာရုံးကိုနှစ်​​ခေါက်​သုံ​ခေါက်​​လောက်​လာတဲ့အခါသူ့ကိုသွား​တွေ​တော့သူသည်​အမြဲတန်းငို​နေသဖြင့်​ကျွန်​​တော်​အလွန်​ဝမ်းနည်​ခဲ့ရပါသည်​။ သူသည်​နိုင်​ငံ​ရေးမှာဒီ​လောက်​စိပ်​မပါဘဲ နိုင်​ငံ​ရေးစိတ်​ပါတဲ့သူငယ်​ချင်းနဲ့တွဲမိပြီး သူ​နောက်​လိုက်​ရင်းနဲ့ လှူပ်​ရှားမူတခုမှာပါဝင်​​သော​ကြောင့်​ ​ထောင်​အနှစ်​နှစ်​ဆယ်​အချခံလိုက်​ရပါသည်​။ ကျွန်​​တော့သူငယ်​ချင်းဘယ်​​လောက်ခံစာရမလဲဟုအမြဲတမ်းတွေးမိတွေးမိနေပါသည်​။နောက်​ဆယ့်​​လေးငါးနှစ်​ကြာလာတဲ့အခါလွပ်​ငြိမ်းချမ်းသာခွင့်​နဲ့ လွပ်​လာခဲပါသည်​။ဒီအချိန်​မှာကျွန်​​တော်​စိတ်​ထင်​တာနဲ့တခြားစီဖြစ်​​နေခဲ့ပါသည်​။ သူသည်​ကျွန်​​တော်​တို့နဲ့​တွေ့တဲ့အခါ ​ထောင်​ထဲမှာ​နေခဲ့ရတဲ့အ​တွေ့အကြုံစိတ်​ဆင်​ရဲစရာ စိတ်​ချမ်းသာစရာများကို ဗဟုသုတရရန်​ မနားတမ်း​ထောင်​တွင်းအ​တွေ့အကြုံများကို​ပြောပြပါသည်​။ တဖန်​နိုင်​ငံ​ရေးသမားများနှင့်​တွဲ၍တဖန်​နိုင်​ငံ​ရေးလုပ်​​နေပြန်​ပါသည်​ သူ့မိဘများကလဲ တခါခံရတာအမှတ်​မရှိဘူးဟုဆူလို ကျွန်​​တော်​တိုကလဲ ဆင်​ခြင်​ပြီးလုပ်​ဖို့​ပြောမိပါသည်​၊ သူက မင်းတို့ကငါ့ကို​ထောင်​ကြမှာစိုးလိုလား မစိုးရိမ်​ပါနဲ့ငါ​ထောင်​ကျမှာမ​ကြောက်​ပါဘူး ထွက်​လာကာစတပတ်​​လောက်​က ​ထောင်​ထဲမှာအတူ​နေခဲ့တဲ့သူငယ်​ချင်း​တွေ၊​ထောင်​ထဲမှာ​နေခဲ့ရတဲ့ကိုယ့်​​နေရာ​လေး​တွေကိုတအားလွမ်း​နေတာ ​ထောင်​တဲက ငါ့သူငယ်​ချင်း​နေမှ​ကောင်းရဲ့လား ခုချိန်​ဘာများလုပ်​​နေလဲ ခြင်းခတ်​​နေကြလား တရာထိုင်​​နေကြလား ဒီ​နေ့ဘာ​နေ့ ဒီအချိန်​ဟို​ကောင်​​တွေဟိုဟာလုပ်​​နေ​လောက်​ပြီ ဒီဟာလုပ်​​နေ​လောက်​ပြီလို့ သတိရတာ ငါ​တောင်​​ထောင်​ထဲအလည်​သွားချင်​စိတ်​​ပေါက်​​နေတယ်​တဲ့။ ဒီဖြစ်​စဉ်​သည်​ဖြစ်​နိုင်​​သောဖြစ်​စဉ်​တခုဖြစ်​ပါသည်​။သူ့ဘဝမှာ ​ထောင်​ထဲမှာအ​နေကြာလာတဲ့ဖြစ်​စဉ်​တခု​ကြောင့်​ အချိန်​ကသူ့ရဲ့စိတ်​​ပေါ်ရို​က်​ခပ်​လာခဲ့ခြင်းဖြစ်​ပါည်​။

99665225.jpg

https://goo.gl/images/jhUHBs

ဒီဖြစ်​စဉ်​​တွေကိုကြည့်​ချင်းအားဖြင့်​ မိတ်​​ဆွေတို့လည်း ဒုက္ခနဲ့ကြုံလာတဲ့အခါမှာလည်းဝမ်းမနည်းပါနှင့်​။ သူခနဲ့ကြုံလာတဲ့အခါမှာမှည်းဝမ်းသာမူ​တွေသိပ်​မဖြစ်​ကြပါနဲ့။ ဒုက္ခ​တွေဖြစ်​လာတာအချိန်​ကြာလာလျှင်​လည်း ဒုက္ခကိုဒုက္ခလိုမမြင်​မိလာသလို့ သုခ​တွေဖြစ်​လာတာ အချိန်​ကြာလာလျှင်​လည်းသုခကိုသုခလိုမမြက်​မိဘဲ ငြီး​ငွေ့စရာဒုက္ခ​တွေအဖြစ်​မြင်​မိလာမှာအမှန်​ပါ ကျွန်​​တော်​​ရေးတဲ့စာလဲရှည်​သွားပြီဖြစ်​သဖြင့်​မိတ်​​ဆွေတို့လဲ ဝမ်းသာစရာ​တွေ​တွေ့ရင်​လဲအလွန်​အကျွံဝမ်းမသာဘဲ ဒုက္ခနဲ့​တွေ့တဲ့အခါမှာလဲ အလွန်​အကျွံစိတ်​မဆင်းရဲ ကြပါနဲ့ ၊အချိန်​ရဲ့ကုစားမှူ​ကြောင့်​ အချိန်​ရဲ့တန်​ဂိုး​ကြောင့်​​ အရာရာတိုင်းဟာ​ပြောင်းလဲ​နေပါ​ကြောင်းတင်​ပြ​ရေသားလိုက်​ရပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

You got a 23.35% upvote from @mitsuko courtesy of @yuzana!

အချိန်​ကကုစားသွားတယ်​ဆိုတာအမှန်​ဘဲ​နော့....

ဟုပ်​ပါ့ဗျာ

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝကလည်း
မလွယ်ဘူးနော် ရောက်တဲ့အရပ်မှာ နေပျော်အောင် နေတတ်တာလည်း
စွမ်းရည်တစ်မျိုးပါပဲလေ

သူတို့က စိတ်​ကိုပိုင်းဖြတ်​နိုင်​တယ်​ အစွဲမထား
ထောင်​ထဲ​ရောက်​သွားရင်​ အပြင်​စိတ်​​တွေအပြင်​ထားခဲ့တာ
စိတ်​ခိုင်​တယ်

အချိန်က အကြောင်းလေး တင်ပြသွားတာ ကျေးဇူးပါ

လူဘဝမှာ ပိုက်​ဆံ​ပေးဝယ်​လို့မရ​အောင်​တန်​ဘိုးရှိတယ်
အရာရာတိုင်းကို အချိန်​ကကုစားသွားနိုင်​တယ်

အချိန်​ သမား​တော်

You have been defended with a 10.24% upvote!
I was summoned by @yuzana.

This post has received a 10.24% upvote from
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots. thanks to: @yuzana!!!

Do you know, you can also earn passive income after every bidding round simply by delegating
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount your Steem Power to @minnowhelper?

ဟိုက်‌ရှားပါး။‌ကောင်းတယ်‌ အစ်‌ကိုကြီး‌ရေ။အသိတစ်‌ခုလင်းလက်‌‌စေတယ်‌။

ကျေးဇူးပါ

ကကြာရင်တော့ ပြောင်းလဲသွားတာပဲ ကိုယုဇနရေ 😊

မှန်​ပါတယ်​ဗျာ

အချိန်​က ​ပြောပြသွားမှာပါ

အချိန်​သည်​ တန်​ဖိုးအရှိဆုံး

အချိန်သည် အကောင်းဆုံးသမားတော်ဖြစ်သည်တဲ့။ တွေ့ကြုံလာသမျှ အချိန်ကြာလာရင် မေ့သလောက်ဖြစ်သွားမှာပါ

အချိန်​ဆိုတာ ကိုင်​တွယ်​လို့ရတဲ့ ရုပ်​ဝထ္ထုမဟုပ်​​ပေမဲ့ 
လူ​တွေအတွက်​ တန်​ဘိုးဖြတ်​လို့ မရနိုင်​တဲ့ အရာပါခင်​ဗျာ

အေးပါတော် ကျေးဇူးပါတော်😁

ဟုတ်ပါ့ အစ်ကိုရေ အချို့ နှစ်ကြီးသမားတွေဆိုရင် ထောင်ကလည်းလွတ်ရော ကိုယ့်နေရာမဟုတ်တော့သလို ဖြစ်ပီး စိတ်ကျရောဂါတွေ ဘာတွေရကုန်ကြတာ ကြားဖူးတယ်။

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.