ကျွန်တော်ငယ်စဉ်အခါက ဧရာဝတီတိုင်းမြန်အောင်မြို့နယ်ကရွာလေးတရွာမှာ ကျောင်းနေခဲ့ဖူး၏။ဧရာဝတီတိုင်းဖြစ်သည်နှင့်အညီ ထိုရွာလေးသည်လယ်လုပ်ခြင်းမှတပါးအခြားအလုပ်အကိုင်များမရှိသလောက်ရှားပါး၏။ထိုကြောင့်အိမ်သုံးစရိပ်များ၊လူမှူရေးစရိပ်များ၊ပညာရေးစရိတ်များ အားလုံးသောကုန်ကျစရိတ်များကို လယ်မှထွက်သောစပါးများကိုကြိတ်ခွဲ၍ လယ်မလုပ်သောမြစ်အရှေဘက်ကမ်းကျွန်းတောဖက်သို့ ရွာမှရှိသောအမျိုးသမီးများ မနက်စောစောထသွားနေလည်ပြန်ရောင်းချကာသုံးစွဲကြရ၏။
ထိုသို့ဈေးရောင်းသောအဖွဲ့ထဲတွင်ကျွန်တော့သူငယ်ချင်းမဌေးဌေးဆိုသောကောင်မလေးတယောက်လဲပါ၏။သူသည်အရမ်အေးပြီးတဖက်သားကိုလဲအားနာတပ်၍စကားလဲအလွန်နည်း၏။
တရက်မှာသူတို့ဆန်ရောင်းသွားသောရွာမှပြန်လာရာ
မဌေးဌေးသည် လမ်းတရှောက်စကားမပြောခြေအလိုလိုစကားနည်းသူမို့မသိလိုက်မသိဖာသာပဲနေလိုက်ကြ၏။ထိုရွာမှစက်လှေစီးပြီးမြန်အောင်သို့ပြန်လာသောအခါနေလဲပူသဖြင့်မြစ်ဆိပ်ရှိဖရဲသီးစိတ်ရောင်င်္းတဲ့ဆိုင်မှာဖရဲသီဝယ်စားကြ၏။တခြားလူများသည်တစိတ်စနှစ်စိတ်စ စားသော်လဲ
မဌေးဌေးသည်ဖရဲသီးတလုံးနီးပါးထူးဆန်းစွာကုန်အောင်စားနေ၏။နံမယ်ခေါ်စကားပြောလဲမရ မျက်လုံးကလဲကြောင်တောင်ဖြစ်နေသဖြင့် ကျန်အဖော်များကအပမှိနေတာဖြစ်မယ်ဆိုပြီးချက်ချင်းလိုင်းကားနဲ့ရွာသို့အမြန်ခေါ်ခဲ့ကြ၏။
ရွာရောက်၍အိမ်ပေါ်ရောက်ခါမှ စကားနဲသောမဌေးဌေးသည်သောင်းကျမ်းလေတော့၏။ မကျေနပ်ချက်များကိုလဲပေါက်ကွဲကုန်၏။ထိုအခါရွာထဲမှဆွေမျိုးများလဲတယောက်စနှစ်ယောက်စမှဝိုင်းအုံလာခဲ့၏။မဌေးဌေးအမေသည်တရှူံ့ရှူံ့
ငိုနေပြီး မဌေးဌေးရဲ့အဖေကတောရိုက်မယ်တကဲကဲလုပ်နေသဖြင့်ကျန်လူများမှဝိုင်းအုံဆွဲပြီးဖြောင်းဖျကာ တခြားအိမ်သို့ဆွဲခေါ်သွားလေ၏။မဌေးဌေးသည်သူ့ကိုယ်သူဒီရွာကမဟုပ်ကြောင်းမြစ်အရှေဖက်မှ ဖြစ်ကြောင်းသူ့ကိုလူတယောက်မှသတ်လိုက်သဖြင့်သေခဲ့ရကြောင်းသူ့ကို ငှက်ပျောတောထဲမှာမြှုတ်ထားကြောင်းပြောပြလေ၏။(နောက်ပိုင်းသိရသည်မှာငှက်ပျောတောထဲတွင်အလောင်းတလောင်းတွေ့ရကြောင်းတဆင့်စကားအရကြားသိရပါသည်)ထိုအချိန်တွင် နတ်များဝိညဉ်များကိုမယုံကြည်သော မဌေးဌေးရဲဦးလေးကျောင်းအုပ်ဆရာကြီးရောက်လာလေ၏။ခနအကြာတွင်တယောက်ယောက်သွားခေါ်သဖြင့်ပယောဂကုတဲ့ဆရာတယောက်လွယ်အိပ်တလုံးနှင့်ကြိမ်လုံးတချောင်းကိုလက်ကကိုင်၍ရောက်လာ၏။ထိုအခါကျောင်းအုပ်ဆရာကြီးသည်အိမ်အောက်ကိုဆင်း၍ပယောဂဆရာအား "ကျွန်တော့တူမလေးကို ကုနိုင်ရင်ကုပေးပါဒါပေမဲ့ကောင်မလေးကိုလက်ဖျားနဲ့တောင်မတို့ပါနဲ့ရိုက်တာပုတ်တာရှိရင် ကျွန်တော်ကတော့ခင်ဗျားကိုတရားစွဲမှာ"ဟု ပွင့်ပွင်လင်းလင်းပင်ပြောလိုက်၏။ပယောဂဆရာသည် "ကျွန်တော်ကုကြည့်ပါအုံးမည်"ဟုပြောပြီးအိမ်ပေါ်သို့တက်သွားလေ၏။ဆရာကြီးကလဲအိမ်ထဲမှလမ်းဖက်သို့ထွက်သွားလေ၏။
ထိုနောက်တော့အိမ်ပေါ်တွင်ပယောဂဆရာကြီးရဲ့အော်ငေါက်သံ၊ကြိမ်းလုံးဖြင့်ကြမ်းပြင်ပေါ်သို့တဖုန်းဖုန်းရိုက်သံ၊လူနာ၏တွေ့ကရာစကားပြောသံ တို့ဖြင့်ဆူညံနေ၏။ပယောဂဆရာရဲမေးခွန်းများကိုလဲ လူနာမှညားသလိုဖြေသဖြင့် ပယေဂဆရာသည်စိတ်တိုပြီးဆဲဆိုကြိမ်းမောင်ရုံမှတပါးဘာမှမတပ်နိုင်ခြေ မကြာပါ ခရီးပြန် စကားဆက်တိုက်ပြောနေရသဖြင့်မောသွားလားမသိမဌေဌေးသည်ခနငြိမ်သွားပြီးအိပ်ပျော်သွား၏။ပယောဂဆရာလဲအတော်ပင်ပန်းသွားလေ၏။ ထိုနောက်ပယောဂဆရာမှသူထွက်သွားပြီ ညမှတခေါက်လာခဲ့မယ်ဆိုပြီးပြန်သွားလေ၏။ ခနအကြာတွင် ကျောင်အုပ်ဆရာကြီးသည် ကျေးလက်ဆေးပေးခန်းမှသူနာပြုဆရာမတယောက်၊မြိုမှအလယ်ရောက်တုန်းကြုံတဲ့ဆရာဝန်တယောက်ကိုပါခေါ်လာခဲ့၏။အိပ်နေသောမဌေးဌေးရဲမျက်လုံများဖြဲကြည့်ခြင်း နားကြပ်ထောက်ကြည့်ခြင်းသွေးပေါင်ချိန်ခြင်းများလုပ်ပြီးသောအခါ။မဌေးဌေးသည်မိန်းမရောဂါဖြစ်တဲ့ဓမ္မထာမမှန်ခြင်းဖြစ်နေခြင်းကြောင့်စိတ်ကယောင်ချောက်ချားဖြစ်နေသည်ကိုသိရှိရပြီးလိုအပ်သောဆေးများကိုလဲထိုးပေ၍သောက်ဆေးများကိုလဲ မှန်မှန်တိုက်ဖို့ ညွှန်ကြားလေ၏။ ညနေအိပ်ယာနိုးသောအခါ မဌေဌေးသည်အကောင်းပကတိဖြစ်နေ၍ယနေအချိန်ထိ
ကျမ်းမာရေးကောင်းနေ၏။
ထိုအဖြစ်အပြက်ကိုကြည့်ခြင်းဖြင့် ဝိညဉ်ဆိုသည်မှာမရှိမဟုပ် ရှိပါသည်သို့သော်ခန္တာကိုယ်ကျမ်းမာရေးကောင်းသူ စိတ်ဖိစီးမူ့မရှိသူ။စိတ်သမာဓိအားကောင်းကြံခိုင်သူများကိုဝင်ရောက်မပူးကတ်နိုင်ပေ ။အကယ်၍ အကြောင်းအမျိုးမျိုးတခုခုကြောင့်ပူးကပ်ခံရလျှင်လူနာကိုရိုက်နက်ပြီးမကုသင့်ပေ၊ဟိုတလောကဂျာနယ်တစောင်တွင်ဖတ်လိုက်ရ၏။ပယောဂဆရာရဲ့ရိုက်နှက်ကုသမူ့ကြောင့်လူမမယ်ကလေးနှစ်ယောက်အသက်ဆုံးရှူံးသွားလေ၏။ပထမဆုံးခန္တာကိုယ်ကျမ်းမာရေးစစ်ဆေးသင့်ပြီး ဒုတိယအနေနဲ့သူရဲ့စိတ်ကျမ်းမာရေးကိုစစ်ဆေးသင့်ပေသည်။ထိုနောက်တရားစာများရွတ်ဖတ်၍တရားထိုင်ခြင်းအလုပ်ကိုလုပ်ပေးသင့်သည်။ပယောဂဆရာတွေကတော့ရိုက်နက်ကုခြင်းသည်လူနာရှင်ကိုရိုက်နက်ခြင်းမဟုပ်ဘဲ ပူးကပ်နေသောဝိညဉ်ကိုရိုက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်မရှိသောစကားကိုဆိုကြ၏။ဘာဖြစ်လို့သူတို့ရိုက်နက်ကုသနေကြသနည်း ဘာကြောင့်လူနာရှင်တွေကလဲလက်ခံနေကြသနည်း၊ရိုက်နှက်ကုသမှူကြောင့်ရောဂါပြောက်သွာသည်လည်းရှိပေလိမ့်မည်ထင်ပါသည်။အမှန်မှာဝိညဉ်ကိုရိုက်မိ၍ပြောက်သွားခြင်းမျိုးမဟုပ်ပေ။
ဘာကြောင့်ရိုက်လို့နှက်လို့ပြောက်သွားရလဲဆိုတဲ့အကြောင်းကို ကျွန်တော့ကိုယ်တွေ လက်တွေ့အဖြစ်အပြက်ကိုနောက်အပတ်ဆက်လက်တင်ပြပါအုံးမည်
အားလုံးကိုကျေးဇူးတင်ပါသည်။
Post writer=@yuzana(shineshine)
Photo=google
MSC=146
ကောင်းတယ်ဗျာ
ဆက်လက်ပြီး အားပေးနေပါအုံးမယ်
ဆက်လက်အားပေးရင် မျှော်နေမယ်နော်။နောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်
Ok
စောင့်မျှော်နေပါ့မယ်ဗျ
Ok
ဘယ်မရှိရမလဲ ရှိတာပေါ့ဗျာ လိပ်ုပာလွင့်တယ်ဆိုတာနဲ့အတူတူပေါ့
မှန်ပါတယ်ဗျာ
ဆက်ဖတ်ပါ့မယ်...စိတ်ဝင်စားစရာပါ...
ကျေးဇူးပါဗျာ
ကျန်းမာရေးမကောင်းလို့ စိတ်ကယောင်ခြောက်ခြားဖြစ်တာမျိုးပေါ့
ကျမ်းမာရေးမကောင်းရင် ကိုယ်ပင်ကိုစိတ်ကကျလာတယ်လေ
အဲ့ဒီအခါ စိတ်တွေကရောင်ချောက်ခြားဖြစ်တာပေါ့
စိတ်ဝင်စားတယ် ဖတ်မေလေ နောက်အပတ်ကျ လဲဘူး နာက နောက်ရက်ဖစ်တွားလို့😊
ရဘူးပြန်လဲမယ် ခိခိ
စိတ်ဝင်စားဖို့ကောင်းသလို နောက်အပိုင်းကိုလဲ စောင့်ပီးဖတ်ပါ့မယ် ခင်ဗျာ
ကျေးဇူးပါဗျာ
စိတ်ဝင်စားဖွယ် ဇတ်လမ်းလေးပါ
တချို့အပြင်မှာ အရိုက်ခံရလို့အသက်တွေတောင်ဆုံးရှူံကြရတယ်ဆရာမ
ကြားဖူးတယ် ..
ပယောဂဆရာ ဒေါသနဲ့ ..
မာန်တွေထပြီးရိုက်တာနေမှာ ..
အမြဲဖတ်နေပါတယ် ဖတ်လို့ ဗဟုသုတ ရလို့ ပါ
ကျေးဇူးပါဗျာ
I interest your story and hope next.
Thank you ပါ
ဇာတ်လမ်းကောင်းလေးပါ
Thank ပါ
စိတ်စွမ်းအင် ခေါ် ဝဲ ပါဝါ အားနည်းသူတွေ မှာ အဖြစ် များတယ်။အထူးသဖြင့် မိန်းခလေး တွေ ပေါ့။
သိပ်မှန်တာပေါ့ဗျာ
ဝိဥာဉ်များနဲ့ ကခုန်ခြင်းကတော့ ဖတ်လို့လည်းကောင်း ဗဟုသုတလည်းရနေတော့ ဘာမှပြောစရာမရှိကောင်းလွန်းနေပါတယ်ဗျ နောက်အပိုင်းတွေကိုမျှော်နေရတာလည်း ကိုးရီးယားကားတွေလိုပါဘဲနော် တမ်းတမ်းစွဲဖြစ်နေမိပြီဗျ
ကျေးဇူးပါဗျာ
ရှိတာပေါ့ ပြောရင်းကြောက်တောင်လာဘီ ညကမှသရဲကားကျိထားဒါ ဟိဟိ
ကြောက်ပါနဲ့ မိုးပေါ်ထောင်ဖောက်တာပါ
waiting for your post
Ok
ဆက်ဖတ်ရန်မျှော်နေပါ့မယ် စိတ်ဖိစီးခြင်းက ကြောက်စရာကောင်း
သိပ်မှန်တာပေါ့ဗျာ
အင်း အထူးသဖြင့် မြို့ကြီးနဲ့အလှမ်းဝေးနေတဲ့လူတွေဟာ ဗဟုသုတ အရမ်းနည်းကြပါတယ်။ ဆက်ဖတ်ပါဦးမယ်ဗျာ။
မှန်တာပေါ့ဗျာ
အရမ်းကောင်းတယ်။နောက်လည်းခုလိုများများရေးပေးပါ
ကျေးဇူးပါ
မှားယွင်းတဲ့အယူအဆတွေပါ
ဟုတယ်ဘရိုရေ့