တကယ်မအားလို့ပါ

in #myanmar7 years ago

IMG_20180502_080048.jpg
ဒါကတော့..မန္တလေးမြို့မှာ..အကောင်းဆုံး၊အသန့်ရှင်းဆုံးနဲ့
ဈေးလည်းအကြီးဆုံး..ပြင်ပဆေးရုံကြီးတခုဖြစ်ပါတယ်။
အဲဒီမှာ..ဆေးရုံတက်နေတဲ့ကျမရဲ့အကိုအရင်းကိုပြုစုစောင့်ရှောက်နေရလို့..စာရေးကျဲသွားတယ်။ရောဂါကတော့..
ကျောက်ကပ်ကင်ဆာ..။ဘယ်ဖက်ကျောက်ကပ်တလုံးကို
၁၂.၈.၂၀၁၇က..ဒီဆေးရုံမှာထုတ်ပစ်ရပါတယ်။အဲဒီအချိန်
ကထဲက..ကျောက်ကပ်ကင်ဆာဟာ..ဘယ်ဖက်အဆုတ်ကိုကူးနေခဲ့တာ..အဆင့်..၄ဖြစ်နေပီ။ထိုင်းဆေးရုံကနေ
လေးကြိမ်မြောက်သွားရောက်ကုသပီးပါပီ။
ပြောရရင်တော့..အင်္ဂလိပ်ဆေးသမားတော်များရဲ့ယူဆချက်ကတော့..သုံးလဘဲခံတော့မယ်ဆိုတာပါဘဲ။ဒါကလည်း
မနှစ်ကထဲကပြောကြားချက်ပါ။ဒါကို..ကျမရဲ့ကျန်းမာရေးဝန်ဆောင်မူ့လုပ်ခဲ့တဲ့..ကျမရဲ့ဗဟုသုတကိုအခြေခံပီး..မြန်မာ့ဆေးမီးတို(သစ်ဥ၊အမြစ်၊အရွက်)တို့ကိုသွေးသောက်ခြင်း၊လိမ်းခြင်းဖြင့်..တော်တော်ကိုကျန်းမာရေးကောင်းနေပီး
အလုပ်တွေလုပ်နေပါပီ။IMG_20180504_153932.jpg

အကျီင်္အဖြူ နဲ့ပုဂ္ဂိုလ်ပါ။ခန္တီးမြို့ရေဘေးမှကာကွယ်ဖို့တာဘောင်ပေတသောင်းကျော်တည်ဆောက်ခြင်းလုပ်ငန်းဖြစ်ပါတယ်။သူ့အနေနဲ့က..အခြားသူကိုခိုင်းရင်ဖြစ်သလိုလုပ်သွားမှာစိုးရိမ်တဲ့အတွက်..သူကိုယ်တိုင်ကြပ်မတ်ပီး..မနားမနေလုပ်ခြင်းပါ။အများအတွက်ရည်ရွယ်တဲ့အလုပ်တွေမှာပျက်စီးဆုံးရှူံးမူ့နည်းပါးအောင်၊ရည်ရှည်တည်တန့်အောင်ဆိုတဲ့
စိတ်စေတနာအများကြီးထည့်ပီးလုပ်တယ်လေ။
ဒီ့ပြင်အလုပ်တွေလည်းအများကြီးဘဲ။အလုပ်ရှူပ်တာနဲ့အတူ၊မြန့်မာ့ဆေးမီးတိုကို၊လုံးဝမှလုံးဝမလုပ်ဖြစ်တော့ဘူး။ကျမအနေနဲ့..အင်္ဂလိပ်ဆေးကိုပစ်ပယ်တာမဟုတ်ဖူးနော်။လိုအပ်ရင်လုပ်ကိုလုပ်ရမယ်။ဒါပေမဲ့..အရေးကြီးဆုံးက
ဘယ်အင်္ဂလိပ်ဆေးမဆို..ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာ
သိကိုသိရမယ်။
ဒီလိုနဲ့ ၂၄.၄.၂၀၀၁၈မှာ..အောက်ကပုံနဲ့မြို့တော်ဆေးရုံကို
ရောက်လာတယ်..ဒီတော့..နှမဖြစ်တဲ့ကျမက..ကိုယ့်လုပ်ငန်းတွေပစ်ပီးသွားကြည့်ရပီပေါ့။နှမဖြစ်သူရဲ့အကြင်နာတရားပေါ့နော်။IMG_20180427_080749.jpg
ကုသမူ့တွေနဲ့ပတ်သက်ပီး..မှတ်တမ်းတွေတင်ထားတယ်။
အခုလောလောဆယ်မှာတော့...IMG_20180502_092728.jpg
တော်တော်ကြီးကိုကြိုးစားလုပ်ယူရတယ်။
ချစ်မိတ်ဆွေတို့အနေနဲ့..ဒီလောက်ဘဲသိထားပါဦးနော်။
လူတွေဟာလေ...ကျန်းမာရေးဗဟုသုတနည်းပါးကြတယ်။
ရောဂါတခုခုဖြစ်လာရင်..ငွေရှိတိုင်းလည်း..ကျန်းမာရေးဗဟုသုတမရှိရင်..အသက်ဘေးအန္တာရာယ်ကိုမကာကွယ်နိုင်ဘူး။နောက်တခုက..ပိုက်ဆံများများပေးရမှ..ဆေးကို
အလေးထားကြတဲ့သူတွေ .အလကားမတ်တင်းနီးပါးရတဲ့
မြန်မာ့ဆေးကိုအထင်မကြီးကြတာတွေအကြောင်း...နောက်ပိုင်းမှာ..မိတ်ဆွေတို့လိုလားရင်..သိခြင်တဲ့ဆန္တရှိရင်၊အခု
ဖြစ်စဉ်ကိုအဓိကထားပီးရေးဦးမယ်။
အခုတော့..ဒီလောက်ပါဘဲ။

ရီရီဆွေ
အလုံ.မုံရွာ

Sort:  

ဆေးမြီးတိုနည်းလေးတွေစောင့်နေပါ့မယ် မမ

အန်တီရယ် မြန်မာ့တိုင်းရင်းဆေးအစွမ်းတွေကို ဖော်ပြပေးပါဦးဗျ

မျှ​ဝေ​ပေးပါအုံး အန်​တီ​ရေ....။

Loading...