စိတ်..ဆိုတဲ့..ပင်ကိုယ်လေးက..အဖြူထည်လေးပါတဲ့။ဒါပေမဲ့..သူရဲ့အားနည်းချက်က..အာရုံဟူသမျှကို၊ကပ်ငြိလွန်းပါသတဲ့။အင်မတန်မှလည်းမြန်ပါသတဲ့။ကောင်းတဲ့ဆီကိုရောက်သလို၊မကောင်းတဲ့ဆီကိုလည်းရောက်ပါသတဲ့။ဒါကြောင့်မို့..ပဌာန်းဒေသနာတော်မှာ..အာသေဝနပစ္စယောဆိုတာ
ကောင်းတဲ့ဆီမှာရောက်ဖို့အဖန်တလဲလဲ၊ကျင့်ဖို့လိုပါတယ်တဲ့။စိတ္တလုလင်က..လူကကောင်းတဲ့နေရာမှရှိနေပေမဲ့..စိတ်က..အကုသိုလ်စိတ်ကို၊အဖန်တလဲလဲဖြစ်နေတယ်။သုတလုလင်က..မကောင်းတဲ့နေရာမှရှိနေသော်လည်း..
စိတ်က..ကုသိုလ်စိတ်က..အဖန်တလဲလဲဖြစ်နေပါတယ်။
ကြိမ်ဖန်များစွာဖြစ်သောကုသိုလ်စိတ်..အကုသိုလ်စိတ်ရဲ့
အကျိုးပေးပါ။
Sort: Trending