11.7.2018..ဒီနေ့မနက်လေးနာရီစွန်းစွန်းမှာ..ကိုယ့်အသက်
၅၆ နှစ်ပြည့်ပီပေါ့....။
ကိုယ်ဖြတ်သန်းခဲ့အသက်တာမှတ်တိုင်နံပါတ် ၅၆ ကိုရောက်ပီ။ခရီးလမ်းရှည်ကြီးတစ်ခုကိုသွားတဲ့အခါမှာ..ကိုယ်ဝယ်ထားတဲ့လက်မှတ်တန်ဖိုးအလိုက်..ရောက်ရှိမှာဖြစ်သလို၊လူ့ဘဝခရီးဆိုတာကတော့..ကိုယ်ဝယ်ခဲ့သောလက်မှတ်လို့ပြောရမဲ့..အတိတ်က..ကိုယ်ဆောက်တည်ခဲ့သော"သီလ"ရဲ့အား..အနည်း.အများပေါ်မူတည်ပီး..ဘယ်မှတ်တိုင်အထိ..ဆက်လျှောက်ရဦးမယ်ဆိုတာ..ကိုယ်လည်းမသိနိုင်ပေဘူးနော်။
ဘာဘဲပြောပြော..ကိုယ်ဖြတ်ကျော်လာခဲ့သောမှတ်တိုင် ၅၆ခုကို..ပြန်ပီးလှမ်းမျှော်ကြည့်လေသော်....
ပညာရေးနဲ့ပတ်သက်သောမှတ်တိုင်တွေ...
အလှူဒါနနဲ့ပတ်သက်သောမှတ်တိုင်တွေ...
ရဟန်းအမ..တရားအမ..စသဖြင့်..
စာပေအသိပညာနဲ့ပတ်သက်ပီး..ပတ်ဝန်းကျင်လူသားတွေအပေါ်၊အကျိုးပြုခဲ့တာတွေ...
ကိုယ့်မိဘဖြစ်တဲ့မိခင်ကြီး..မဆုံးခင်..အိပ်ယာထဲဆယ်လလောက်လဲနေစဉ်..ချီးသေးတွေကို..အားရပါးရလျှော်ဖွတ်သန့်စင်..အမေစားခြင်တာတွေ..ကျွေးမွေးခဲ့ရသောမှတ်တိုင်တွေ....
မောင်နှမတစ်တွေအပေါ်..ကိုယ်နားလည်တတ်ကျွမ်းသလောက်..ပြုစုကယ်တင်ခဲ့ရတဲ့မှတ်တိုင်တွေ...
မရှိဆင်းရဲသား..သွေးမတော်သားမစပ်..ပေးကမ်းကျွေးမွေးစောင့်ရှောက်ခဲ့တာတွေ..
လူမူ့ရေးဝန်ဆောင်မူ့လုပ်ငန်းမှာဥက္ကဌဖြစ်လေတော့..ကယ်တင်ခဲ့လေသော..အသက်တွေ..ဘဝတွေ..
ကိုယ်ရဲ့မိသားစုမှာလည်း..လင်ယောင်္ကျားဆုံးပါးပေမဲ့..သားသမီးတွေမျက်နှာမငယ်အောင်..စိတ်ဓာတ်မလျော့ပါးအောင်..အမျိုးမျိုးသောလောကဒဏ်တွေကိုတိုက်ထုတ်ရင်း..တည်ဆောက်လာရသောမှတ်တိုင်တွေ..
တကယ်တန်းမှာတော့..ထမ်းရတဲ့ဝန်နဲ့..ရှိတဲ့အားက..တကယ်ကိုမမျှခဲ့ပေဘူး...။မမျှသော်လည်း..ကိုယ်မောရမှန်းမသိခဲ့ဘူး...။အခု ၅၆ မှတ်တိုင်ရောက်မှ..ပြန်လှည့်ကြည့်သော်..
ဟူး....မောလိုက်တာ..။
အားလုံးအတွက်ဖြည့်ဆည်းခဲ့ရတာ...။ဒါပေမဲ့..ကိုယ်ကျေနပ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့...ကိုယ့်နပန်းလုံးခဲ့ရတဲ့တိုက်ပွဲတွေမှာ...ကိုယ့်ကြောင့်..အခြားမည်သူတစ်ဦးတစ်ယောက်ရဲ့ဘဝတွေ..စိတ်တွေ..မနစ်နာ..မဆုံးရှူံးခဲ့ဘူး။
ဒါကို..အကျေနပ်ဆုံးဘဲ။
အခုချိန်မှာတော့...ဒီလိုအနေအထားလေးတစ်ခုနဲ့ရပ်တည်
နေနိုင်ပီလေ...
ဒါက..ကိုယ်တို့ဆိုင်ရဲ့ရှေ့မြင်ကွင်းလေး..
ဒါကတော့..ကိုယ်တို့ဆိုင်ပေါ့..
ဘာဘဲဖြစ်ဖြစ်..ကျေနပ်ပါတယ်။
မွေးနေ့ဆုတောင်းစကား..ပြောကြားသူအားလုံးကိုလည်း..ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့..အသက်ရာကျော်ရှည်စေသော်..ဆိုတာကိုတော့..လက်မခံခြင်ဘူး။ကိုယ့်အရိုးကို..ကိုယ်နိုင်တဲ့ကာလထိမျှသာကိုဘဲ..လက်ခံပါရစေ။ကိုယ့်ကြောင့်..ကိုယ့်မိသားစု..ဒုက္ခမရောက်..မဖြစ်စေခြင်သလို..ကိုယ့်အာရုံကြောင့်လည်း..ကိုယ့်ရုပ်ခန္ဓာကြီးကို..တာဝန်မကြီးစေခြင်သလို...ချိနဲ့ပျက်စီးလာမဲ့ခန္ဓာဝန်ကြီးကိုလည်း..ပျင်းရိစွာမထမ်းဆောင်ခြင်တော့တာ..အမှန်ပါဘဲ။
ခုနှစ်ရက်သားသမီးအပေါင်း..ကိုယ်စိတ်နှစ်ပါး..အေးချမ်းကြပါစေ။သူတော်ကောင်းတရား..လက်ကိုင်ထားနိုင်ကြပါစေ။မကောင်းသောဘေးအန္တာရာယ်မှ..ကင်းဝေးကြပါစေ။မှန်ကန်သောအကျင့်ကို..ကျင့်ဆောင်နိုင်ကြပါစေ။လျှော်ကန်
သင့်မြတ်သောစကားကိုပြောကြားနိုင်ကြပါစေ။အမှန်တရားကိုမြတ်နိုးကိုးကွယ်နိုင်ကြပါစေ။
ရီရီဆွေ
အလုံ.မုံရွာ
MSC No 256
Happy Birthday!
ကျန်းမာ ပျော်ရွှင် တရားသက်ဝင်နိုင်ပါစေ
သားရဲ့လက်ဆောင်စကားကို..အနှစ်သက်ဆုံးဘဲ
အသက်ရှည်ကျန်းမာပါစေမမ
ကျမ္မာခြင်ပါတယ်ကွယ်...
ပေးဆပ်မှုတွေ ကြိုးစားမှုတွေ ထက်မြက်မှုတွေ အားကျစရာပါ
မောတော့မောတာပေါ့...ဒါပေမဲ့..မမောဘူး..ဆိုတဲ့သီချင်းလိုဘဲညိုရေ...
ဘဝရဲ့ မှတ်တိုင်တွေက လေးစားစရာကောင်းလွန်းပါ
တယ်ဆရာမ သားဆုတောင်းပေးပါတယ် ဒီထက်မက သက်ရှည်ကျမ္မာစွာ ဖြတ်သန်းရပါစေ
ကျေးဇူးပါ.သားရေ