ဖြစ်ခြင်တာထက်..ဖြစ်သင့်တာကိုရွေးလိုက်ရတာလည်း..ဘဝတခုပါဘဲ..။ဘယ်လိုဘဝတွေပါလိမ့်...
ကိုယ်က..အပျိုဖေါ်ဝင်စအရွယ်ဆိုတော့..မိထွေးနဲ့နေတာမသင့်တော်ဘူးဆိုပီး..အမေကခေါ်လို့၊ချင်းတွင်းအထက်ဖျားဆီကနေ..မုံရွာ..အလုံကိုရောက်ခဲ့ပါလေရော..။
စကားပြောဝဲဝဲနဲ့ရှမ်းမလေးပေါ့..။ကျမတို့အညာကလူတွေက..စကားပြောရင်ဝဲရုံမျှမက၊သနဲ့တ.လည်းမကွဲဘူး။ဟထိုးသံလည်းမပြောတတ်ကြဘူး။ဒီကောင်မလေး..လှတယ်ဆိုရင်..လ..တယ်။အဲဒါမျိုး..။စကားသံဝဲဝဲ..စကားပြောမပီဆိုတော့..ကျမရဲ့အခန်းမှာ၊လူအမြဲစည်ကားတယ်လေ။ကျမကို
စကားပြောခိုင်းပီး..သူတို့ကဝိုင်းရီကြနဲ့..။ဟာသမယ်ဖြစ်နေပါရောလား။
ကျမက..လူတကာကိုရီမောစေပေမဲ့..ကျမရဲ့ဘဝက..ရီမောစရာမဟုတ်ခဲ့ပါဘူး။အဲဒီအချိန်တုန်းက..ကျူရှင်တွေမရှိပေမဲ့
စေတနာနဲ့သင်ပေးတဲ့အချိန်ပိုဆိုတာတော့ရှိပါတယ်။အဲဒီအချိန်ပိုကို..တက်နိုင်တဲ့..အချိန်ပိုဆိုတာ၊ကျမမှာ..မရှိခဲ့ဘူး။
အမေ့အိမ်မှာ..မိသားစုလုပ်ငန်းအသေးစားလေးရှိတယ်။
လုံ..လုပ်ငန်းဆိုတာကြားဖူးကြရဲ့လားမသိ။အဂ္ဂိရတ်ပညာအတွက်..ဓာတ်လုံးဖြစ်ဖို့..အသုံးချရတဲ့အရာ။ဖိုထိုးတယ်ဆိုတာလေ...။အဲဒီလုံလေးတွေလုပ်ပီး..ပရဆေးဆိုင်တွေမှာသွင်းရပါတယ်။
မှတ်မှတ်ရရ..ကျမ..ကိုးတန်းနှစ်မှာပေါ့..အိမ်ရှေ့ကိုမာဇဒါစစ်ကားတစင်း..ရောက်လာတယ်။ကားပေါ်က..ရာထူးကြီးကြီးပုဂ္ဂို လ်တဦးဆင်းလာပါတယ်။လုံဝယ်ခြင်လို့တဲ့...။ကျမတို့သားအမိကလည်း..ကိုယ်ရောင်းမဲ့လုံလေးတွေ..ပြတာပေါ့နော်။ဒါပေမဲ့..သူက..အဲဒီပုံစံတွေ..မကြိုက်ဖူးဆိုတယ်။သူလိုခြင်တဲ့ဆိုဒ်က..ဘယ်လိုဆိုတာပြောပြတယ်..ဒါနဲ့..ကျမက..ရအောင်လုပ်ပေးမယ်လို့ကတိပြုလိုက်တယ်။သူက.
အိမ်ထဲတောင်..ဝင်မထိုင်ပါဘူး။
ဒါနဲ့ဘဲ..ချိန်းတဲ့ရက်ကို..ထိုပုဂ္ဂို လ်ကြီးက..ရောက်လာပါတယ်။ကျမကိုယ်တိုင်လုပ်ထားတဲ့လုံလေးတွေကြည့်ပီး..အရမ်းသဘောကျ..ကျေနပ်နေတယ်။ကျမက..ဘာလုပ်နေတယ်ထင်လဲ....။ထိုပုဂ္ဂို လ်ကြီရဲ့မလှမ်းမကမ်းလေးမှာ..ငုတ်တုတ်လေးထိုင်ပီး...သူ့ရဲ့..ခြေထောက်လေးတစုံ..ပန်းသွေးရောင်လေးပြေးပီး..နုဖတ်နေသောခြေထောက်လေးကို
ကြည့်နေတာ...။ပီးတော့..ဘာလုပ်တယ်မှတ်လဲ..။ထိုပုဂ္ဂို လ်ကြီးနားတိုးသွားပီး..သူ့ခြေဖမိုးကို..ကျမလက်ညှိုးနဲ့ထိုးကြည့်တာလေ...။ကျမ..မှ.မမြင်ဖူးတာ။ကြမ်းတမ်းစွာလှူပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့လေတော့..ဒီလိုနူးညံ့တာ..မမြင်ဖူးတာအမှန်ဘဲ။
အဲဒါကို..ထိုပုဂ္ဂို လ်ကြီးက..သဘောကျပီး..သူကဘယ်သူလို့
ပြောမှ..လန့်သွားတာဘဲ။စစ်ရေးချူပ်ကြီးပါတဲ့..ဦးနေဝင်းက
ဖိုလ်ထိုးတာ..ဓာတ်လုံးကအရေးကြီးတော့..လုံက..မခိုင်ရင်၊ဆုံးရှူံးမူ့တွေအများကြီးမို့ပါတဲ့ကွယ်...။ကျသင့်ငွေထက်..အများကြီးပိုပီးပေးသွားပါတယ်။ဆင်းရဲတာကြည့်ပီး.
စိတ်မကောင်းလို့ပါတဲ့။အဲဒီတုန်းက..သမ္မတကြီးဦးနေဝင်းဖိုလ်ထိုးတဲ့လုံလေးတွေဟာ..ကျမရဲ့လက်ရာလေးတွေပါ။
ထိုပုဂ္ဂို လ်ကြီးက..မေးသေးတယ်။ဘာတွေလိုအပ်သလဲ..
လိုအပ်တာပြောပါတဲ့..။အမေနဲ့ကျမကလည်း..မဆိုင်းမတွပြန်ဖြေလိုက်တာက...ဘာမှမလိုအပ်ပါဘူးရှင်.ပေါ့။အခုခေတ်လိုဆိုရင်တော့...ရှယ်ဘဲ..ဂွင်ဘဲနေမှာနော်။
ရိုးသားခြင်းဆိုတာ..သန့်ရှင်းခြင်းဘဲ။အကယ်၍များ...ဂွင်ကို
ဆင်တတ်..ဖမ်းတတ်ခဲ့ရင်..ဒီနေ့..ဒီအချိန်မှာ..ကျမအနေနဲ့
အမှန်တရားကိုမြင်တတ်မှာ..လက်ခံတတ်မှာမဟုတ်ဖူးဆိုတာ..ကျိန်းသေတယ်။လူ့စိတ်ဆိုတာ..မကောင်းမူ့အာရုံမှာ
မွေ့လျော်တယ်..ပျော်မွေ့တယ်..အချိန်ကြာလာသည်နဲ့အမျှ
စွဲလန်းစေတယ်။ထိုစွဲလန်းမူ့က..အားကြီးလာသော်..အပြစ်လုပ်ဖို့ဝန်လေးမှာ..မဟုတ်တော့ဘူး။ပဌာန်းသဘောတရား
အရ..မဆင်ခြင်တတ်ရင်..ဆက်ကာ..ဆက်ကာ..။အင်မတန်ကြောက်စရာကောင်းပါတယ်။
ဆင်းရဲခဲ့သော်ငြားလည်း...ရိုးသားမူ့ကိုအခြေခံပီးတည်ဆောက်ခဲ့တဲ့ဘဝဆိုတော့...ကိုယ့်ရဲ့အသက်တာခရီးစဉ်ကို
ဘယ်နှစ်ပိုင်းဘဲပိုင်းပီး..ခွဲခြမ်းစိတ်ဖြာကြည့်ဦးတော့..
ဘယ်အပိုင်းမှာတော့..ဘယ်လိုယုတ်ညံ့ခဲ့တာ.
ဘယ်အပိုင်းမှာတော့..ဘယ်လိုမဟုတ်တာတွေလုပ်ခဲ့တာ..
ပြောခဲ့တာ..မိမိကြောင့်..အခြားတစုံတဦးမှပျက်စီးဖွယ်ရာ
မဖြစ်စေခဲ့တဲ့..ကိုယ်ဘဝလမ်းကြောင်းတွေဟာ..ဆင်းရဲပေမဲ့လည်း..အမြဲသန့်ရှင်းနေခဲ့တာကို..ဇရာထောင်းလာလေ
ကျေနပ်လာလေ...။မရဏနားနီးလာလေ..ပီတိဖြစ်ရလေပါဘဲ။
လောကကြီးမှာ..ပစ္စည်းဥစ္စာဆင်းရဲတာထက်...စိတ်ဓာတ်
မဆင်းရဲဖို့အရေးကြီးတယ်။တချို့သောလူများက..ငွေချမ်းသာပေမဲ့..စိတ်ဓာတ်မချမ်းသာဘူး..လူတယောက်ကိုလူလို့
မမြင်နိုင်၊ကိုယ်ချင်းစာနာစိတ်ခေါင်းပါး..ကိုယ့်ထက်သာရင်
မနာလိုဝန်တိုစိတ်အားကြီး...ဘယ်သူသေသေ..ငတေမာရင်ပီးရောဆိုတဲ့အတ္တကြီးကို..ကိုးကွယ်ဖက်တွယ်၊ကိုယ့်ဘဝ
စိုပြေဖို့..ပြည့်စုံဖို့ဆိုရင်..အခြားသူများရဲ့ဘဝတွေကို..ချနင်းရဲသော..ဝိသမလောဘကြီးမားသောလူများဟာ..စိတ်ဓာတ်ဆင်းရဲချို့တဲ့သူများသာဖြစ်ပါတယ်။
ဥစ္စာဆင်းရဲသူများရဲ့အရင်းအနှီးဆိုတာ..ဖြူစင်သန့်ရှင်းသော..ကိုယ်ကျင့်တရားသာဖြစ်ပါတယ်။
ရိုးသားဖြောင့်မတ်စွာရှင်သန်ခြင်းဖြင့်..ကျမရဲ့ဘဝကိုတည်ဆောက်ခဲ့ပါတယ်။
ရီတော့ရီစရာကြီးနော်..ဥပဒေဘွဲ့ရတယောက်..ကိုယ်နဲ့ဘွဲ့အတူတူတွေက..တိုင်းဦးစီးမူး..ဌာနမှူး..စသဖြင့်ဖြစ်နေချိန်မှာ..ကျမကတော့..ဈေးသည်ပေါ့...။
ဒါပေမဲ့..ကျမ..ပျော်တယ်..ကျေနပ်တယ်လေ....။ဘာဖြစ်လို့လည်းဆိုတော့...လူတွေရဲ့အမြင်မှာ..အမြင့်ဆုံးဆိုတဲ့နေရာမှာရှိမှ..လူရာဝင်တာ..လူအထင်ကြီးတာဆိုတဲ့ဂုဏ်တု
ဂုဏ်ပြိုင်..နားထင်သွေးရောက်စေသောအရာဟူသမျှကို..
ကျမက..ပယ်နိုင်တယ်ဆိုတဲ့သတ္တိကို..ပိုင်ဆိုင်လိုက်ရလို့ပါဘဲ...။
ရီရီဆွေ
အလုံ.မုံရွာ
MSC No 256
ကိုယ်ပိုင်ဆိုင်ရတဲ့ ဘဝလေးမှာ ပျော်နေဖို့ဘဲလိုတာပါ အန်တီဆွေ
အမှန်ပါဘဲသမီးရယ်။ဘယ်နေရာမှမဟုတ်ပါဘူး။နေတတ်ရင်
အေးချမ်းတာပါဘဲနော်
ဂုဏ်ယူအားကျပါတယ် ဆရာမ
နေ့ရက်တိုင်းမှာပျော်ရွှင်ချမ်းမြေ့ပါစေဆရာမ
ကျေးဇူးပါ..ညို...။ညို..လည်းပျော်ရွှင်ပါစေ။
Congratulations @yiyiswe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Yes,i do
စိတ်ဝင်စားစရာပါပဲ အန်တီ..
ရိုးသားတဲ့ ဘဝဖြတ်သန်းမှုရဲ့ အတိတ်တစ်စိတ်တစ်ပိုင်းထဲမှာမှ ကြီးမားတဲ့ ဘဝအခွင့်အရေးကို စိတ်ချမ်းသာမှုနဲ့ လဲယူနိုင်ခဲ့သူမို့ တကယ်ပဲ လေးစားမိပါတယ်
ဒါပေါ့ တို့ဆရာမကြီးက နည်းတဲ့သတ္တိလား။သားလဲဈေးသည်ပါပဲ။
Congratulations @yiyiswe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last announcement from @steemitboard!
Yes,i do...