လွန်ခဲ့တဲ့ Feb ၃ရက် စနေနေ့ကပင် အမေကလှမ်း
၍ဖုန်းဆက်ပြီး ပြောထားသည်။
သားရေ နောက်တစ်ပတ် ပိတ်ရက်က ၃ရက်ဆက်ပိတ်မှာ။
ပြည်ထောင်စုနေ့နဲ့။
အဲ့ဒါ သားပြန်ချင်ပြန်ခဲ့ပါလားဆိုပြီး ပြောထားသည်
အဲ့တုန်းက စိတ်သိပ်မပါ။
"အင်းအမေ ပြန်ဖြစ်မပြန်ဖြစ်တော့ မသေချာသေးဘူး ပြန်ဖြစ်ရင် ပြောမယ်လေ" ဆိုပြီး
ပြောထားလိုက်သည်။
ကျွန်တော်က ဘယ်လိုပြောရမလဲ။
လိုချင်တာရှိရင် အမေ့ဆီပဲ ပြောတယ်။
အဖေကိုကျ ကြောက်တယ် ငယ်ငယ်ကတည်းက
သိပ်မရင်းနှီးခဲ့ဘူးပဲပြောရမလား။
အမေနဲ့အဖေနဲ့ဆို အမေဆီပဲ တော်တော်များများ
ဖွင့်ပြောဖြစ်။
အဲ့နေ့ကလည်း အမေ့ဆီပြောဖြစ်တာက
"ဖုန်းလေးလဲမလို့ စိတ်ကူးထားတာက သွားပါပြီ
အမေရာ သားလုပ်နေတဲ့ Steemit ဆိုတာကလေ
ထုတ်လို့ မရတော့ဘူး စုရဦးမှာ။
စုရမဲ့ပမာဏပြည့်မှ ထုတ်လို့ရမှာ။
သားဖုန်းကခုတော်တော်ဟန်းနေပြီ စသဖြင့်
ရင်ဖွင့်သလိုနဲ့ ပူဆာလိုက်တာပေါ့။
ကျွန်တော့်ဖုန်းလေးပါ
အပြင်ပိုင်းကတော့မဆိုးပေမဲ့
အထဲကတော့လုံးဝဟမ်းနေပါပြီ
တကယ်ပါ ကျွန်တော်လဲ လုံးဝမပူဆာချင်ပါဘူး။
ဘာလို့ဆိုကျွန်တော့် ကျောင်းစရိတ်ဆိုတာနဲ့တင်
အမေတို့ အဖေတို့ကို အားနာနေပါပြီ။
ကျွန်တော် onilne ငွေရှာလောကကို စ၀င်ခဲ့တဲ့
ရည်ရွယ်ချက်က ပထမတော့ ကိုယ်အပိုဝင်ငွေရပြီး
သုံးနိုင်စွဲနိုင်ဖို့ပါ။
ဒါပေမဲ့ ကျောင်းတက်နေရင်းနဲ့မှ ကိုယ့်ရဲ့ တစ်လတစ်လ စားရိတ်ကိုသိပြီး အဖေတို့ နည်းနည်း
သက်သာလဲနည်းလား onlineကရတာတွေနဲ့ သုံးမယ်ဆိုပြီး ရည်ရွယ်ချက်ပြောင်းသွားပါတယ်။
Steemit ပထမထုတ်ရတုန်းကနဲ့ တော်တော်လေအဆင်ပြေခဲ့ပါတယ်။
Engသင်တန်းတစ်ခုတက်ချင်တယ်နော်။
အိမ်ကိုတောင်းစရာမလိုဘူး။
Steemitကဟာကိုထုတ်ရောင်းတယ်။
အဲ့ဒါနဲ့တက်တယ် ဟန်ကျနေတာပဲ။
သင်တန်းတက်ဖို့က ကျွန်တော်ရဲ့ ပထမဆုံး
ရည်ရွယ်ချက်ပဲ။
ဒုတိယ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်ရှာတာလေးနဲ့
ဖုန်းလဲကိုင်မယ်ဆိုပြီး စုနေတုန်းမှာပဲ ကံမကောင်း
အကြောင်းမလှစွာနဲ့ပဲ SP500 ပြည့်မှ ထုတ်ခွင့်ရ
မယ်ဆိုတာကြီး ဖြစ်လာပါတယ်။
Leader တွေ တွေးတာကိုလဲ နားလည်ပါတယ်။
သိပါတယ်။နောက်ပိုင်း.proဆိုတာ မရှိတော့တဲ့
အခါ ကိုယ့်မြန်မာတွေအချင်းချင်း voteပြီး
ရကြအောင် ရည်ရွယ်တာပါ။
ဒါကို ကျွန်တော်စိတ်ထဲကလဲ နားလည်ပါတယ်။
ဒါပေမဲ့ နည်းနည်းတော့ ၀မ်းနည်းမိတာပေါ့။
ကျွန်တော့်ရည်ရွယ်ချက်လေး မဖြစ်နိုင်တော့ဘူးလေ။
ဒီလိုနဲ့ ဖုန်းက လုံးဝ ဟမ်းလာပါတယ်။
အဲ့ဒါကြောင့် အမေ့ကို အခုလိုပူဆာမိခြင်း
ဖြစ်ပါတယ်။
နောက်နေ့တွင်မူ တိုက်တိုက်ဆိုင်ဆိုင် အဘမှ
ထပ်၍ဖုန်းဆက်ပြန်သည်။
"ငါ့မြေး ဖုန်းမဆက်တာကြာလို့ဆိုပြီး"ပြောသည်။
ဟုတ်ပါတယ်။
ကျွန်တော်ကလည်း ကျွန်တော်ပါ ခုsecond year
မှာ ကိုယ့်crushကို cb မှာ စကားပြောရတာနဲ့ည
ကျန်တာတွေကို မေ့ထားလိုက်မိတယ်။
အဲ့ကျမှ ပြန်ပြီးစိတ်မကောင်းဖြစ်ရတယ်။
အဘရယ် မဟုတ်ပါဘူး သားကျောင်းကနေ
သင်တန်းကိုဆက်တက် သင်တန်းကနေ
အိမ်ရောက်တော့ ၈နာရီလောက်ဖြစ်
ရေမိုးချိုးတာနဲ့ ၉နာရီလောက်ဖြစ်သွားတာနဲ့
မဆက်ဖြစ်တာပါဆိုပြီး သင်တန်းကိုအကြောင်းပြ
ိလိုက်ရသည်။
အဖေကလည်း နောက်နေ့မှာ ဆိုင်းမဆင့်ဗုံမဆင့်
ထပ်ပြီး ဖုန်းဆက်ပါတယ်။
အမေကပြောလိုက်ပုံရပါတယ်။
"မင်းဖုန်း မကောင်းဘူးဆို။ဒီတစ်ပတ် ၃ရက်ပိတ်တာ အိမ်ပြန်ခဲ့လေ။
အသစ်လဲပေးတာပေါ့ဆိုပြီးပြောလာပါတယ်။"
ဒုတိယပိုင်းဆက်ရန်
Steemit မှညီအကိုမောင်နှမများအားလုံကျန်းမာချမ်းသာကြပါစေဗျာ
SP500မြန်မြန်လည်း ပြည့်ကြပါစေ
လို့ဆုတောင်းရင်း အဆုံးသတ်လိုက်ရပါတယ်
Written by@yeyintkyaw
MSC-020
ဆက်အားပေးပါ့မယ်
ကျေးဇူးပါပဲ
ဟယ် ဖုန်းအသစ်ရတော့မေဟေ့😁😁
ရပြီအမရေ
နောက်အပိုင်းမှရေးဖို့ချန်ထားတာ
အိမ်ကိုလည်း လွမ်း ဖုန်းကလည်း လှဲပေးမယ်ဆိုတော့ ပြန်တော့မယ်ပေါ့
ဒါပေါ့😄
မိုက်တယ် ဖုန်းအသစ်ရတော့မယ်
Hehe ရပြီနောက်အပိုင်းမှထည့်ရေးမယ်
Waiting next post
Thz alot
တောင်းတတိုင်း ပြည့်တော့ ကံကောင်းတာပေါ့။
ချဲလ်ဆီးလည်း နိုင်ပါစေ။
ဟုတ်ကဲ့ပါ
နောက်အပိုင်းတွေ မျော်နေလျက်ပါ
good post
i m chelsea fan
Me too
ကိုယ်အဆင်ပြေတဲ့အချိန် ပြန်ပြီးလုပ်ကျွေးပြုစုပေါ့လေ မိဘတွေဆိုတာ ပြန်လိုချင်လို့မဟုတ်ပါဘူး သူတို့အဆင်မပြေကြပေမယ့် သားသမီးများကို အဆင်ပြေအောင်ထားချင်တတ်ကြပါတယ်ညီရေ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါစေဗျာ စာရေးထားတာလည်း ကောင်းပါတယ် ကြိုးစားပါ
ဟုတ်ကဲ့အကိုကျေးဇူးပါ
ကောင်းတယ်နော်
Nice post ပါဗျာ
လိုချင်တာတွေရမှာပါ
ကျေးဇူးပါအကို
ညီလိုအပ်တာလေး ရပါစေ။
ကျေးဇူးပါအကို
မျော်နေတယ်
ဟုတ်ကဲ့ပါအကို
GR5 2016လေးများလား
ဟုတ်တယ်အကိုရ
ဖုန်းဟောင်းလေးပေးပါ
အလကားတော့ရဘူးနော်:😛
ပုံလေးနဲ့ စာလေး အဆင်ပြေ ကိုက်ညီအောင်ထည့်ပါအုန်းလို့အကြံပေးပါရစေ
ဟုတ်ကိုသာအေး
မ င်ြဆင်ဘြုပ်လိုက်ရတာမ့
i am MU Fan :)
Enemy
နောက်ဆုံး ဆုတောင်းပြည့်စေ
ကျေးဇူးပါ
ဖုန်းဟန်းတာနဲ့ပတ်သက်ပြီးအတွေ့ကြုံချင်းတိုက်ဆိုင်သွားခဲ့ရပြီကိုရဲရေ
ထပ်တူပါပဲလို့သာ ပြောခဲ့ပါရစေကိုရဲ…………သူရ
ဘ၀တူတွေပေါ့ဗျာ
အားပေးလျှက်ပါ .. Upvoted!
ကျေးဇူးပါ
အိမ်ပြန်ရောက်တော့ ဖုန်းအသစ်ရတယ်မို့ လား ဆုတောင်းပြည့်သားပဲ
ခရက်ရှ်နေရတာဆိုးတယ်ကွာကျန်တဲ့အရေးကြီးတာတွေကိုပြန်ဂရုစိုက်ဖို့မေ့မေ့သွားတယ်
အိမ်လည်းပြန်ရ၊မိဘတွေနဲ့လည်းတွေ့ရ၊ လိုချင်တဲ့ ဖုန်းအသစ်လဲရ ..မိုက်တယ်ဗျာ..