သိုဝှက်နေ့စွဲ(၂)
ကျနော့အတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလား မသိနိုင်တဲ့ ကျနော့ကိုယ်ပိုင်သတ်မှတ်ချက်အရတော့ ကံကောင်ုးခင်းတစ်ခုကို ကျနော် ရရှလိုက်တယ်။ အဲ့ဒါကတော့ မေခေတ်ကို ကျနော်တွဲလိုက်နိုင်တာပါပဲ။
ကျနော်မေခေတ်နဲ့ တွဲနေကြတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပြီးတဲ့နောက် သူမ ကျနော့ဘေးကနေ ပျောက်သွားတော့တယ်။ကျနော့သူငယ်ချင်းတွေက ကျနော့ကိုပြောကြတယ် မင်းမေခေတ်ကို တကယ်ချစ်တာလည်း မဟုတ်ပဲနဲ့ သူငယ်ချင်းအရင်းလောက်ခင်မင်ရုံအဆင့်လောက်ပဲနဲ့ ယုယကို မဖဲ့ထုတ်သင့်ဘူးတဲ့..။ ကျနော် ပြုံးနေလိုက်တယ် ။ ကျနော့လုပ်ရပ်အတွက် ကျနော်ကျေနပ်တယ်လေ..။ အထူးသဖြင့် ကျနော့ဘေးက တောက်တဲ့တစ်ကောင် ကို ခွာချလိုက်နိုင်တာ ကျနော့ရဲ့အောင်မြင်မှုပဲလို့ ထင်တယ်။
မေေ
ခတ်ကိုကျနော်ချစ်နေတာတော့မဟုတ်ပါဘူး..ရဲတင်းပွင့်လင်းပြီး ခေတ်မီတဲ့ မေခေတ်က ချစ်စရာကောင်းတာမှန်ပေမဲ့ ကျနော်တို့က သူငယ်ချင်းသက်သက်တွေပါပဲ။ ကျနော့ဘေးက သူမကို ခွာချင်ရုံနဲ့ မေခေတ်ကို နည်းနည်းလေး အသုံးချသလို လုပ်လိုက်တာပါ။
ကျနော် သူမကို ဖယ်ထုတ်လိုက်နိုင်ပြီလို့ ကိ့်ကိုယ်ကိုယ်ကြွေးကြော်လိုက်မိရင်းနဲ့ပဲ သူမနဲ့တစ်ပတ်လောက်မတွေ့ရတဲ့အချိန်မှာ ကျနော့်စိတ်ထဲ သူမ နေများ ကောင်းရဲ့လားဆိုတဲ့ အတွေးက ဘယ်လို စိုးရိမ်မှုမျိုးလဲဆိုတာ ကျနော် မခံစားလိုက်မိဘူး..။
ပြီးတော့ ကျနော့ညီမလေးက ဖုန်းဆက်လာတယ် ကိုကို ယုယကို ဂရုစိုက်ပေးနော် သူက ကိုကို့ကို သိပ်ခင်တာ အေး...ကိုကို့ကြောင့် ယုယ တစ်ခုခုဖြစ်တယ် ကြားကြည့် ...ငါ့အကြောင်းသိမယ်..တဲ့။ ကျနော့ညီမလေးအကြောင်း ကျနော်ကိုယ်တိုင်အသိဆုံးမို့ နည်းနည်းတော့ လန့်သွားမိတယ်။ပြီးတော့ ကျနော့ဘေးက သူငယ်ချင်းတွေကလည်း သူမအကြောင်းဆို တစ်စွန်းတစ်စမှ မဟကြတော့ ကျနော် သူမကို စိတ်ပူလာတယ်။ဘယ်လိုပဲဖြစ်ဖြစ် ငယ်သံယောဇဉ်ဆိုတာ နည်းမှ မနည်းတာပဲလေ..။
ကျနော် သူမအိမ်ကို လိုက်သွားပြီး ယုယနေကောင်းလားလို့ မေးကြည့်လိုက်မိတော့ မမ သုတခင်က ညီမလေးကအားနည်းပြီး နေမကောင်းဖြစ်နေလို့ အိမ်မှာပဲ နားခိုင်းထားလိုက်တာ မောင်လေးရဲ့ သူခဏကလေးတင်ပဲ ကျောင်းကိုသွားပြီတဲ့ ပြုံးပြုံးလေးပဲ ပြန်ပြောခဲ့တယ်။ မသုကို ကျနော် အလာပ သလာပတောင် သိပ်မပြောအားလိုက်ဘူး..ကျနော် ကျောင်းကို လိုက်သွားမိတယ်။
ကျနော်သိလိုက်ပြီလေ သူမ ကျနော့အတွက် ရှောင်ပေးရင် ဘယ်လောက် ခံစားသွားရမလဲဆိုတာကိုပေါ့။ သူမက ကျနော့ကို သူမရဲ့အစ်မအရင်း မသုထက်တောင် ပိုပြီး သံယောဇဉ်ကြီးခဲ့သူမဟုတ်လား..။
ဒီတစ်ခါတော့ ကျနော့တောက်တဲ့မလေးအပေါ်မှာ ကျနော် ကောင်းကောင်းပြောဆိုဆက်ဆံပေးမယ် သူက ကျနော့ ညီမလေးပဲလေ..။

ကျနော်ကျောင်းကို ရောက်သွားတော့ သူမကိုအရင်လိုက်ရှာနေမိတယ်။ ကျနော့ဘေးက သူငယ်ချင်းတွေ ဘယ်လို စနောက်နေကြပါစေ ကျနော် မမှုဘူး..
သူမကို တွေ့ရဖို့ကိုပဲ ကျနော် အာရုံစိုက်တယ်။
ဟော..ပန်းနုရောင်ထက်အာက်ဆင်တူ ဝတ်စုံလေးနဲ့ ဖြူနု နွဲ့ဖတ်နေတဲ့ ကျနော့ရဲ့ တောက်တဲ့မလေးက မထိုင်စဖူး ကျောင်း ကန်းတင်းမှာတောင်ထိုင်လို့.. ဆံနွယ်ပျော့ပျော့လေးတွေ ဝဲကျနေလို့ မျက်နှာလေးမပေါ့်တပေါ် အနေအထားမှာတောင် ကျနော့် ညီမလေးက သိပ်ချစ်စရာ ကောင်းတာပဲဗျာ...
ကျနော့ခြေလှမ်းတွေဘာကြောင့်နှေးကျသွားကြမှန်း ကျနော်မသိဘူး..ကျနော့ကို နောက်ကနေ သွားလေ ယောက်ဖရ လို့ခေါ်လိုက်တဲ့ ဟိုကောင်တွေတွန်းလွှတ်တာကို ကျနော်သိပေမဲ့ ဒီတစ်ခါ ယောကဖ ခေါ်လိုက်သံကို ကျနော့ နားထဲ ခါးသွားမိတယ်..။ဘာကြောင့်မှန်း ကျနော် မသိဘူး..
အသက်ကို ဝဝရှူသွင်းပြီး ကျနော် သူမဆီကို သွားလိုက်တယ်..။ အဲ့ဒီအချိန် သူမခေါင်းလေး လှည့်သွားတယ်..။ ကျနော်ရှိရာ အပြင်ဖက်ကို မဟုတ်ဘူး..အတွင်းဖက်ကို..။
ဆိုင်ရဲ့အတွင်းဖက်ကနေ ကော်ဖီဗန်းလေ မ ပြီး ထွက်လာတဲ့ လူချောလေးတစ်ယောက်ရဲ့ မျက်နှာပေါ်က အြံပုံးတွေကို ကျနော် မြင်လိုက်ရတယ်..။
ကျနော့နှလုံးသားထဲ ဆစ်ခနဲနာ ကျင်သွားပြီး အဲ့ဒီလူချောလေးရဲ့ အပြုံးတွေက ကျနော့နှလုံးသား တည့်တည့်ကို ပစ်ပေါက်လိုက်တဲ့ ဓားပါးလေးတွေလိုပဲ..။
တစ်စက်လေးမှ မလွှဲဘူး...။

လူချောလေးက သူမနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေရယ်မောပြောဆိုနေလိုက်ကြတာကို ကျနော် တွေ့လိုက်ရတယ်။ ကျနော့ခြေထောက်တွေက အော်တို နောက်လှည့်ပြီးသား။ ကျနော့သူငယ်ချင်းတွေ အားလုံး နှုတ်ဆိတ်တဲ့ စကားတွေထဲမှာ အဓိပ္ပါယ်များစွာကို ထည့်သို့လို့ ။ ကျနော်တို့ အောင်မြင်စွာ တပ်ဆုပ်နိုင်ခဲ့ကြပါတယ်။
ကျနော့စိတ်ကို ကျနော် ထိန်းချုပ်ရင်း အောင်မြင်တဲ့ တပ်ဆုတ်ခြင်းကို ကျနော် ဖန်တီးနိုင်ခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ကျနော့ဆီကို သူမ ရောက်မလာခဲ့ပေမဲ့ ကျနော့ နှလုံးသားထဲမှာတော့ သူမက တွယ်ညှိသွားခဲ့ပါတယ်။ကျနော့ကို မေးထူးခေါ်ပြောလောက်နဲ့သာ ကျနော်နဲ့သူမရဲ့ သံယောဇဉ်တွေကို ထိန်းထားနိုင်ခဲ့ပေမဲ့ ကျနော့ရင်ထဲမှာ သူမကိုမြင်တိုင်း ပူလောင်ကြေကွဲနေမိတယ်။
ကျနော့သူငယ်ချင်းတွေကြားထဲမှာတောင် ကျနော့ရဲ့ ခံစားချက်တွေကို ကြုံ့နိုင်သမျှကြုံ့အောင် ကျနော် ကြိုးစားထိန်းချုပ်ခဲ့မိတယ်။
လက်လွှတ်ဆုံးရှုံးရပြီးမှ တန်ဖိုးဆိုတာကို သိလိုက်ရတဲ့ ကျနော်မှာ နောင်တတွေနဲ့လေ..။
တကယ်တော့ကျနော့ဘေးက တောက်တဲ့လို့ထင်နေခဲ့တဲ့ သူမလေးက ကျနော့နှလုံးသားထဲအထိပါ တိုးဝင်ကပ်ညှိနေခဲ့တာကိုး..။
ဒီကြားထဲ ညီမလေးက ဖုန်းဆက်တတ်သေးတယ်..ကိုကို ယုယတို့ကို မနှောင့်ယှက်နဲ့နော်..အဲ့လူကို ညီမလေးသိတယ်။ သူက သိပ်သဘောကောင်းတာ ။ယုယကအဖြစ်အနာထူတာနဲ့ ကိုဇေကြီးက ဆရာဝန်နဲ့ဆိုတော့ ဘယ်လောက်လိုက်ဖက်သလဲ ဆိုတဲ့ စကားလုံးတွေက ကျနော့နှလုံးသားကို တဝုန်းဝုန်းပြိုကျပြီး ဗလာကျင်းသွားစေခဲ့သလိုပါပဲ။

ကျနော့ရဲ့တန်ဖိုး မသိခဲ့ခြင်းတွေအတွက် ကျနော့ကို ကျနော် ဒဏ်ခတ်ပစ်တယ်။ ဒီတစ်သက်သူမပျော်ရွှင်နေခြင်းမှန်သမျှ ငါ့ကြောင့် မပျက်စီးစေရဆိုတဲ့ သန္နိတ်ဋ္ဌာန်ချပစ်လိုက်တယ်။ကျနောဟာ သူမမသိခြင်းကနေ သူမကို ကာကွယ်ပေးမဲ့ ထာဝရကိုယ်ရံတော်လို့ ခံယူလိုက်ချိန်မှာပဲ
ကျနော့အတွက် ကံကြမ္မာက တဖျက်ဖျက် တောင်ပံ ခတ်ပြပြန်တယ်..
မသုနဲ့ကျနော့ကို နေရာချပေးချင်ကြတယ် တဲ့..
ဆက်လက်ဖော်ပြပါမည်..
@yekungsatthone
MSC 213
Photo by google.
မင်္ဂလာပါ ခင်ဗျ ကျွန်တော်မောင်သာအေး ပို့စ်ကွန်မန့်ဘုစမ်းသပ်နေခြင်းဖြစ်ပါသည်ခင်ဗျာ ပို့စ်နှင့်မသက်ဆိုင်သောကွန်မန့်အတွက်နားလည်ခွင့်လွတ်ကြပါခင်ဗျ Tanks
ဟုတ်ကဲ့
ကံကြမ္မာ အလှည့်အပြောင်းရဲ့အောက်က ချစ်ရသူအပေါ်တန်ဖိုးထားမယ့် အစ်ကို့ရဲ့ဇာတ်လမ်းကိုဆက်လက်အားပေးသွားပါဦးမည်
ဟုတ်ကဲ့ အားရှိရပါတယ်ဗျ
ဖတ်ကောင်းပါတယ်...ဆက်အားပေးပါ့မယ်..
ကျေးဇူးပါ
မသု့နဲ့  ယူဗျာ😁😁
ဟင်းနော်..စိတ်ဆိုးပစ်လိုက်ရ😖
အသဲကွဲ ဇတ်လမ်းများလား
ဆက်လက်စောင့်ကြည့်ပေးပါဗျ..
ချစ်သူတွေ ညားကြလားဟင် ?
ချစ်တိုင်းလည်း မညား...😂😂😂
ပြောစာလားဗျာ..ဟီးဟီး
ဇာတ်လမ်းလေး အရမ်းကောသ်းတယ်ဗျာ
ရင်ထဲ စိတ်မကောင်းပါဘူး Bro
ဟုတ်ကဲ့ ဆက်ဖတ်ပေးပါ
အဆုံးထိသိရဖို့ စောင့်စားအားပေးပါ့မယ်ဗျာ
ဟုတ်ကဲ့ ဆက်လက် အားပေးပေးပါအုံးဗျ
နွမ်ဂျာသိုင်းလား ၊တက္ကသိုလ်ဘုန်းနိုင်လားဗျာ။အရေးအသားက Very good.စာရေးဆရာဆိုတာ ဒါမျိုးကို ခေါ်တာ။
အိုက့်စ် များသွားပြီ ကျော်က ခေးပဲရှိသေးတာ..😂
အကြည်တော်လိုတော့ ဇာတ်သိမ်းမှာ ဘယ်တော့မှပေးမပေါင်းဘူးမလုပ်နဲ့ နော် ။အလွမ်း ဝတ္ထုဆိုဖတ်တာမဟုတ်ဘူး။
ဒါကတော့ ဇာတ်လမ်းအရပဲ..😝
v100%$0.04 v n m done. thanks
ကွဲကွာ ကွဲမ ဆက်ဖတ်မှာ😁မမက ကွဲလေကြိုက်လေ
အမလေး....လေး.....
ဘိုကြီးလား...
v100%$0.06 v n m done. thanks
ရသစာပေ လေးတွေကောင်းတယ်ဗျ
ဖတ်လို့ကောင်းတယ်ဗျာ
ကျေးဇူးပါဗျ
တောက်တဲ့လေးကို ၈ လား