Little children and dangerous Tiger

in #myanmar7 years ago (edited)

ဟို​ရှေး​ရှေးတုန်းက ​တောရွာ​လေးတစ်​ခုမှ လူငယ်​​လေးတစ်​ဦး​နေထိုင်​သတဲ့။ ထိုလူငယ်​​၏အသက်​က ၁၁နှစ်​ဖြစ်​သည်​။ လူငယ်​​လေး၏ဖခင်​က​တော့ ဆိတ်​​မွေးမြူး​ရေးလုပ်​ငန်းလုပ်​ကိုင်​သတဲ့။ သူတို့အိမ်​​မွေးထားတဲ့​ခွေး​လေးတစ်​ကောင်​ရှိပါသတဲ
တစ်​​နေ့တွင်​ လူငယ်​ကို သူ၏ဖခင်​ အ​ဖေ တစ်​ညအိပ်​ခရီးထွက်​စရာရှိတယ်​၊ အ​ဖေခရီးသွား​နေတုန်း ဆိတ်​​လေး​တွေကို ​သေချာဂရုတစိုက်​​စောင့်​ကြည့်​ထား၊ ဆိတ်​​တွေကို ​​ဝေး​ဝေးလံလံသွားမ​ကျောင်းနဲ့။ ​တောစပ်​နားကို​တော့ သွား​ကျောင်းနဲ့​နော်​။ အ့​တောထဲမှာ အရမ်းဆိုးသွမ်း​တဲ့ကျားတစ်​​ကောင်​ရှိတယ်​။ ဆိတ်​​တွေကို အ့ဒီကျားက ဖမ်းယူသတ်​ဖြတ်​လိမ့်​မယ်​ဟု ​ပြောပြီး ခရီးထွက်​သွား​လေသတဲ့။ လူငယ်​​လေးက ဆိတ်​​တွေကို ​တောင်​ခါးပန်းများသို့ ​ခေါ်​ဆောင်​သွားကာ ​ကျောင်း​လေသည်​။ လူငယ်​​လေးနဲ့အတူ ​ခွေး​လေပါ ဆိတ်​​လေး​တွေကို ထိန်း​ကျောင်းကြပါသတဲ့။ ​တောင်​ခါးပန်းများသည်​ စားကျက်​​ကောင်းလှသည်​။
တောင်​ခါးပန်း​ပေါ်မှ ရွာကို မြင်​ရသည်​။ရွာသူ ရွာသာ​တွေလည်း​တွေ့ရသည်​။
လူငယ်​​လေးနဲ့အတူ ​ရွာထဲက က​လေး​တွေလဲ ​တောင်​ခါးပန်းသို့လာ၍ ​ဆော့ကစားကြသည်​။ ည​နေ၆နာရီ​လောက်​မှ ရွာထဲက အိမ်​ကိုပြန်​ကြသည်​။ ​ထိုအချိန်​ကလဲ ​နေဝင်​ချိန်​ အ​မှောင်​စ​လေးထွက်​​ပေါ်​နေသည်​။ ​အေးလည်း​အေးလှပြီဖြစ်​သည်​။ သိုး​ကျောင်းရတာ ပျင်းစရာ​တော်​​တော်​​ကောင်းတာပဲ၊ ကစား​ဖော်​သူငယ်​ချင်း​တွေလည်းပြန်​ကြကုန်​ပြီး၊ စကား​ပြောမယ့်​လူ​တွေလဲမရှိ​တော့ဘူး၊ လူတိုင်းအားလုံးဟာ ရွာထဲပြန်​​ရောက်​​နေကြပြီး၊ သူတို့ကို ​နောက်​​ပြောင်​ကျီစားရမယ်​ဆိုပီး အကြံညဏ်​​တွေထုတ်​​နေတာ​ပေါ့။ ဟာ! အကြံရပြီး ရွာထဲကလူ​တွေက ကျားကြီးတစ်​​ကောင်​ ​ရောက်​လာပြီးဆိုပီး ​အော်​လိုက်​ရင်​ ရွာထဲကလူ​တွေ ကျွန်ုပ်​ကို စိတ်​ပူပြီး အမြန်​ဆုံး​ရောက်​လာကြမှာ😁 ​ပျော်​စရာ​ကောင်းလိုက်​တဲ့အကြံ​ညဏ်​​လေးဆိုပီး ရွာထဲက လူ​တွေကြား​အောင်​ "ကယ်​ကြပါဗျို့ ၊ ကျားကြီးတစ်​​ကောင်​​ရောက်​​နေတယ်​" လှမ်း​အော်ေ​ပြာ​လိုက်​သည်​။
ရွာထဲက လူ​တွေကလဲ လူငယ်​အသံကြားပြီး တုတ်​​တွေ ၊ဓား​တွေကိုင်​ပီး လူငယ်​ရှိတဲ့​တောင်​ခါးပန်းဆီး အ​ပြေးအလွှား​သွားကြတာ​ပေါ့။ လူငယ်​​လေး​ရှေ့​ရောက်​​ရော ဘယ်​မှာလဲ ကျားဆိုပြီး ​မေးကြတာ​ပေါ့။ ထို့အခါ လူငယ်​​လေးက ရယ်​​မောပြီး ကျွန်​​တော်​ ​​​နောင်​​ပြောင်​လိုက်​တာပါ၊ ကျားလဲမလာပါဘူး၊ ​ကျွန်​​တော်​တစ်​​ယောက်​ထဲ ပျင်း​နေလို့ ​နောက်​စရာတစ်​ခု ဖန်​တီးလိုက်​ရတာပါလို့​ ဆို​လေသည်​။ လူငယ်​​လေးစကားကြားပြီး ရွာသားများက ​ဒေါသအလွန်​ထွက်​သွားကြ​လေသည်​။ ဘာကိစ္စ​ကြောင့်​ အ့လိုစကားမျိုးနဲ့​နောက်​ရတာလဲ၊ ကျွန်ုပ်​တို့မှာ ကိုယ့်​အလုပ်​နဲ့ကိုယ်​အများ လုပ်​စရာ​တွေရှိ​သေးတယ်​၊ မင်းပျင်းလို့​နောက်​တာထပ်​ ကျွနိုပ်​တို့မှာ မင်းဝို စိတ်​ပူပြီး​တော့ အ​ပြေးအလွှားလာလိုက်​ရတာ၊ မင်းဟာ ​စေတနာကို​စော်​ကားတာပဲ အားအား ယားယား ​နောက်​ရတယ်​လို့ကွာ ဟုဆိုကာ ရွာသားများလည်း ရွာသို့ပြန်​သွားကြ​လေသည်​။လူငယ်​​လေးက​တော့ ​သူ့လုပ်​ရပ်​အတွက်​ ​နောင်​တမရ​သေးတဲ့အပြင်​ ရွာသား​တွေ အလုပ်​ပြီးစီး​လောက်​တဲ့အချိန်​ထိ ​စောင့်​​နေသတဲ့။ အချိန်​ကလဲ ည၈နာရီထိုးပြီး ရွာသား​တွေလဲ အလုပ်​ပြီး​လောက်​ပြီးဟုဆိုကာ ​နောက်​တစ်​ကြိမ်​ ကယ်​ကြပါဗျို့ ၊ ကယ်​ကြပါ ဒီမှာ ကျားကြီးတစ်​​ကောင်​​ရောက်​လာလို့ဟုဆိုကာ ရွာထဲကလူ​တွေကြား​​အောင်​ထပ်​​အော်​သတဲ့။
ရွာထဲကလူ​တွေကလဲ တုတ်​​တွေ၊ဓား​တွေ​တွေကိုင်​ပီး လူငယ်​ရှိကို အ​ပြေးအလွှား​ရောက်​လာကြပြန်​​ရော။ လူငယ်​​လေးကို ဘယ်​မှာလဲ ကျားကြီးလို့​မေးတဲ့အခါ လူငယ်​​လေးက ရယ်​​မောကာ ကျားကြီးမရှိပါဘူး၊ ကျွန်​​တော်​တစ်​​ယောက်​ထဲ ပျင်း​နေလို့ ရွာထဲကလူ​တွေကို ကျီစားဆာပါလို့ ဆို​လေသည်​။ ရွာသား​တွေလဲ အရမ်းစိတ်​ဆိုးသွားတာ​ပေါ့၊ ဒီမှာ လူငယ်​​လေး မင်းဟာ မ​နောက်​သင့်​တဲ့အရာကို​နောက်​တယ်​၊ မဟုတ်​မမှန်​ တဲ့စကားကို​ပြောဆိုတယ်​။ အခုချိန်​ဟာ ကျွနိုပ်​တို့ရဲ့အလုပ်​နားချိန်​ပါ၊ ကျွန်ုပ်​တို့ တစ်​​နေ့ကုန်​ အလုပ်​နဲ့လက်​ ပြက်​တယ်​လို့ရယ်​မရှိဘူး။ ပင်​ပင်းလွန်​​သော​ကြောင့်​ အိပ်​ချင်​လာပြီး၊ ​နောက်​တစ်​ခါ မုသားစကားကို မဆို​လေနှင့်​​ပြောပြီး ရွာထဲသို့ပြန်​သွားကြ​လေသည်​။
လူငယ်​​လေးလည်း.​မော​မောနဲ့အိပ်​​ပျော်​သွား​လေသည်​။ ည၁၂နာရီ​လောက်​ခန့်​တွင်​ လူငယ်​​လေးဟာ ဆိတ်​​တွေ​အော်​သံ၊​ကြောက်​လန့်​တကြား​ပြေးလွှား​နေသံကိုကြားပြီး လန့်​နိုးသွားသည်​။ လူငယ်​ရဲ့​ခွေးလဲမ​တွေ့ရ၊ ​အော်​သံကြားတဲ့​နေရတဲ့ဆိတ်​​တွေ​နောက်​ကို ​ပြေးလိုက်​သွားသည်​။ ကျားကြီးတစ်​​ကောင်​က ဆိတ်​​တစ်​​ကောင်​ကို ကိုက်​ခဲ​နေ​လေ​တော့သည်​။ ထိုအခါ လူငယ်​​လေးက ချက်​ချင်းပင်​ ကယ်​ကြပါဗျို့ ၊ ကျားကြီးတစ်​​ကောင်​ ကျွန်​​တော်​ဆိတ်​​တွေ ကိုက်​​နေတယ်​ဆိုပီး ရွာထဲကလူ​တွေကြား​အောင်​​အော်​​ပြော​လေသည်​။ ရွာထဲက လူ​တွေကလဲ လူငယ်​​လေး​​နောက်​တစ်​ကြိမ်​ ကျီစား​နေပြန်​ပြီးဟုဆိုပြီး တစ်​​ယောက်​မှ မသွားကြဘဲ ​နေကြ​လေသည်​။
ထိုညတွင်​ လူငယ်​​လေးရဲ့ဆိတ်​ကို ကျားကြီးကဖမ်းဆီးကိုက်​ဖြတ်​ခဲ့သည်​။ လူငယ်​​လေး အလွန်​စိတ်​ဆင်းရဲသွား​တာ​ပေါ့၊လူငယ်​​လေးအ​ဖေက မနက်​ဖြန်​ပြန်​လာ​တော့မှာ။ သူအ​ဖေပြန်​လာလျှင်​ အဆူခံရမည်​ကို​တွေးပီး ​သောကများ​နေရရှာပြီး​ပေါ့။ ​နောက်​တစ်​​နေ့တွင်​ လူငယ်​​လေး အ​ဖေပြန်​​ရောက်​လာ​လေသည်​။ အ​ကြောင်းစုံကိုသိသွား​သော်​ လူငယ်​​လေး၏ ဖခင်​က အလွန်​​ဒေါသ ထွက်​ပြီး "မင်းဟာ ​တော်​​တော်​မိုက်​မဲတဲ့အ​ကောင်​၊ ကျားမရှိဘဲ ဘာလို့ ​နောင်​​ပြောင်​ကျီစားရတာလဲ၊ တစ်​ကြိမ်​တစ်​ခါဆိုရင်​ထားပါ​တော့၊အခု​တော့ နှစ်​ကြိမ်​​တောင်​ ​နောက်​​ပြောင်​တယ်​။ ကျားတကယ်​လာတဲ့အခါ မင်းကို ဘယ်​သူကယုံ​တော့မှာလဲ၊ ဘယ်​သူက​ရော အကူညီထပ်​​ပေးရဲအုံးမလဲ။ အခု​တော့ ဆိတ်​​တွေလဲ အကုန်​​သေကုန်​ပြီး။ ​မင်းဘဝတစ်​​လျှောက်​လုံး မြဲမြဲမှတ်​ထား၊ ​နောက်​​ပြောင်​တယ်​ဆို ​နေရာတိုင်းမှာ ​ကောင်းတာမဟူတ်​ဘူး"ဟု ​ပြောဆို ဆုံးမ​လေသည်​။ လူငယ်​​လေးလဲ အမြင်​မှန်​ရသွားပြီး ​​နောင်​​ပြောင်​ကျီစားမျိုး မပြုလုပ်​​တော့​ပေ။
မဟုတ်​မမှန်​တာ​ပြောဆိုခြင်းရဲ့ မ​ကောင်းတဲ့ရလဒ်​​တွေဘဲ ဖြစ်​ပါသည်​။
ပြောင်​တယ်​၊​နောက်​တယ်​ဆို ​နေရာတိုင်းမှာ မသင့်​​တော်​ပါဘူး။ အ​ပြောင်​​စကားရဲ့​နောက်​ဆက်​တွဲက အပြက်​အ​ဘောမျိုး ဖြစ်​တက်​ပါတယ်​။
image
Credit Photo Facebook

Sort:  

သိပ်​​ကောင်းတဲ့ ပုံပြင်​​လေးပါလဲ​၊၊

ဟုတ်​ ​ကျေးဇူးတင်​ပါတယ်

Vote ​ပေးခဲ့တယ်

Thanks

Congratulations! This post has been upvoted from the communal account, @minnowsupport, by waku from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.