Present

in #myanmar3 years ago

Birthday Present
မွေးနေ့လက်ဆောင်
မိန်းမရေ………ဒီနေ့….မင်းရဲ့မွေးနေ့နော်……
မွေးနေ့တိုင်းကို ပျော်ရွှင် မြူးတူး …..ကြည်နူးခဲ့တာတွေ….ပြန်လည်မြင်ရောင်ပြီး
နေ့ရက်ဟောင်းတွေဆီကို အလည်အပတ်သွားချင်မိတယ်….မိန်းမရယ်……။
တို့နှစ်ယောက်သွားနေကျ ….ဘုရားကျောင်းက….ခေါင်းလောင်းသံတွေ….ဆည်းလည်းသံတွေလည်း
ငှက်တွေနဲ့အတူ….ပျံသန်းသွားရော့သလား….” Happy birthday “ သီချင်းနဲ့ ..ဂီတ…..သံစဉ်တွေက
တို့အရေး တွေဖြစ်သွားကြတယ်ထင်တယ်…….။
စိတ်ဓါတ်မကျပါနဲ့မိန်းမရယ်……ဒီကာလမှာ ခွဲခွာနေကြရပေမယ့်….မဝေးတော့တဲ့အချိန်က
တို့ရဲ့လက်တစ်ကမ်းကို…ရေက်လာတော့မှာပါ…။ ခုများမှာတော့ တစ်ယောက် တစ်နေရာ
နွေးထွေးမှုနဲ့ မေတ္တာတရား …ကင်းမဲ့ဇုန်က ကန္တာရခရီးထဲမှာ ဘဝတွေအားလုံး…..တိုက်စား
ခံနေရတာဟာ…အတ္တမာနဆိုတဲ့ မုန်တိုင်း
ကြောင့်….ငါတို့လို အညတရ မိသားစုတွေ….
ဒဏ်ရာ…အနာတရဖြစ်စေတာကိုတော့….ငါတို့မေ့ထားလို့မရဘူးဆိုတာကို………မင်း
နားလည်နိုင်ပါစေ…….။
ကျဆုံးခြင်းတွေနဲ့…ပြည့်နှက်နေတဲ့နိုင်ငံမှာနေရတော့…….ဘဝတိုင်းဘဝတိုင်းဟာ
“ လမ်းလျှောက်ရင်းနဲ့ သေနေသလို…….ထိုင်နေရင်းလည်း ..မသေချာဘူး……” ဆိုတဲ့ဘဝတွေထဲက ငါတို့လို မိသားစုတွေ အတူတကွ ပြန်နေနိုင်ဖို့…ဝမ်းရေးထက်..နိုင်ငံရေးတိုတောင်းပါစေလို့…ဆုတောင်:မိတယ်…မိန်းမရယ်….။
ဒါတွေက..ငါ့အပြစ်တွေပါ….ငါသက်လုံမကောင်းခဲ့လို့…တစ်ခေတ်ပြီး တစ်ခေတ်ပြောင်းပေမယ့်…..အသစ်အသစ်ဆိုတာတိုင်းဟာ….ဟောင်းဟောင်းသွားရတဲ့….အရာအားလုံးဟာ…အရှိအရှိကိုအတိုင်း…မမြင်နိုင်ခဲ့လို့ ….အမှုမဲ့ အမှတ်မဲ့…နေ့ရက်တွေက ..ငါတို့မိသားစုကို…ခွဲခွာနိုင်တာလို့ပဲ ….ရှက်ရှက်နဲ့ဝန်ခံပါရစေ ။ ဒါ.ကြောင့်မိန်းမရေ…မင်းရဲ့မွေးနေ့ကို..ငါပေးနိုင်တဲ့လက်ဆောင်က“ငါအသက်ရှင်နေသမျှကာလပတ်လုံး…မင်းအပေါ် သစ္စာရှိရှိ်ချစ်နေမယ် … “ ဆိုတဲ့လက်ဆောင်ကိုပဲလက်ခံပေးပါ…။ ဘုရားစူး …မိုးကြိုးပစ်….ချစ်တယ်။

img_0.37076403663094254.jpg

လွပ်လပ်နယ်မြေတစ်နေရာက

မင်းကိုသိပ်ချစ်တဲ့
Victor Naw Awng

  1. 8.2021