Myanmar Regional a news.

in #myanmar4 years ago (edited)

ဗန်းမော်ခရိုင်အတွင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်စီးဆင်းမှု ချောမွေ့စေမည့်
ဗန်းမော်-နမ့်ခမ်းလမ်းဖွင့်ရန်လို
ဗစ်တာ (ဗန်းမော်)

      ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသ ဖွင့်ဖြိုးတိုးတက်ရေးအတွက် ကုန်စည်စီးဆင်းမှု ချောမွေ့စေမည့်ဗန်းမော်-နမ့်ခမ်းလမ်း ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဗန်းမော်ခရိုင် ဆန် / စပါး  ကုန်သည် ကြီးများအသင်:၏ 

သဘောထားအကြံပြုချက်ကိုသိရသည်။
" ဒီနမ်ခမ်းလမ်းသာ အသုံးပြုလို့ရမယ်
ဆိုရင် စိုက်ပျိုး တောင်သူတွေအနေနဲ့ မိမိသီးနှံ
ကို မိမိတို့ကိုယ်တိုင် သွားရောက်ရောင်းချနိုင်
မှာဖြစ်တဲ့အတွက် တောင်သူတို့ဘဝ မြင့်တက်
လာမယ်လေ ခုတော့ ဒီလမ်းကို အသုံးမချနိုင်
တော့ တောင်သူက ကုန်သည်ဆီကိုပဲလာရောင်း
ရတယ်။ကုန်သည်ရဲ့ ပေးနိုင်တဲ့ ဈေးကိုပဲရမှာပေါ့ဗျာ " ဟု ဗန်းမော်ခရိုင် ဆန်/စပါးကုန်သည် ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးနော်ဆန်းက အကြံ ပြုပြောကြားခဲ့သည်။
ဗန်းမော်ခရိုင်အတွင်း ဆန်/ပျောင်း၊ ကြံ၊ ငှက်ပျော၊ ဖရဲ ၊ သခွား စသည့် သီးနှံ ကုန်များအနေဖြင့် တရုတ်ပြည်ကိုသာအားထားပြီးတင်ပို့ရောင်းချနေရာတွင် လွယ်ဂျယ်ကုန်စည် ထွက် ပေါက်သည် အနီးဆုံးဟု ဆိုသော်လည်း ယခုအခါဗန်းမော်-လွယ်ဂျယ်လမ်းကိုပြန်လည် တည်ဆောက်နေသည့်အတွက်ဖြတ်သန်းသွား လာရန် အခက်အခဲရှိနေခြင်း၊ တရုတ်အစိုးရမှ လည်း လွယ်ဂျယ်ကုန်စည်မှ ဆန်စပါးဝယ်ယူ မည့် ကုမ္ပဏီများကို ထိန်းချုပ်ကန့်သတ်ပြီး ဝယ် ယူစေခြင်း၊ ၎င်းအပြင် ဗန်းမော်ခရိုင်၊ မံစီမြို့
ဆဝမ်ကထောင်တန်ပိုချိန် ကတ္တားဂိတ်တို့ကြောင့် ဗန်းမော်ခရိုင်အတွင်းမှဆန်၊ ပျောင်း၊ ကြံ၊ ဖရဲ၊ငှက်ပျောကုန်စည်များသည် ရှမ်းပြည် နယ် မူဆယ်ကုန်စည်ဂိတ်သို့သာ တင်ပို့ရောင်:ချနေရသည် ဟု ဆိုသည်။

IMG_20201206_112156.jpg
အဆိုပါလမ်းနှင့် ပတ်သက်ပြီး ကချင်
ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ မှ အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်သည်
၂၀၁၈ ခုနှစ် ဒုတိယအကြိမ် အမျိုးသားလွှတ်
တော် သတ္တမပုံမှန်အစည်းအဝေးတွင်" ပြန်လည်
ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း
သည့် မေးခွန်းကို မေးမြန်းခဲ့ဖူးကြောင်း ၎င်း ၏ ပြောပြချက်ကိုသိရသည်။
" နယ်မြေလုံခြုံရေးအခြေအနေကောင်း မွန်လာပါက ဆောင်ရွက်ရန် လိုအပ်သည့် လုပ်
ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလို့ ဆောက်
လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်
လင်းက ဖြေကြားသွားပါတယ် " ဟု မေးမြန်းခဲ့သည့်အမျိုးသာ:လွှတ်တော်ကိုယ်စားလှယ် ဦး
သိန်းလွင်က ပြောသည်။

received_179115527191692.jpeg
ဗန်းမော်ခရိုင်အတွင်းရှိ ဆန်စပါးနှင့်
သီးနှံ ကုန်စည်များ အနေဖြင့် လွယ်ဂျယ်လမ်း
အဆင်မပြေနိုင်သည့်အတွက် မူဆယ်လမ်းကို
အသုံးပြုကာ ကုန်သွယ်နေကြရာဝယ်၊ ဗန်းမော်
မန္တလေးလမ်းမှ ကွေ့ပတ်ပြီး မူဆယ်ကို သွားရ
သည့်အတွက် အချိန်၊ ငွေကြေးကုန်ကျမှုများရှိ
နေကြောင်း ၊ အကယ်၍သာ ဗန်းမော်-နမ့်ခမ်း
လမ်းကိုသာ အသုံးပြုခွင့်ရမည်ဆိုပါက အချိန်၊
ငွေကြေးကုန်ကျမှုများ သက်သာပြီး၊ ဒေသတွင်း
ဆန်နှင့် သီးနှံ စိုက်တောင်သူများဘဝကိုလည်း
မြှင့်တင်ပေးနိုင်ရာရောက်ပါကြောင်း ၎င်းက ပင်
ထပ်လောင်းပြောကြားခဲ့သည်။
ဗန်းမော်နှင့် လွယ်ဂျယ် သည် ၅၈မိုင်ရှိပြီး
တစ်ရက်ခရီးသာမောင်းနှင်ရသည်၊ ဗန်းမော်-နမ့်
ခမ်းမှာ မိုင် (၇၀)ကွာဝေးပြီး တောင်တက်ခရီးမ
ရှိကြောင်း၊ ဗန်းမော်မှ မူဆယ်လမ်းကို ကုန်သွယ်
ရာတွင် ဗန်းမော်မှ မန္တလေး ၊ မန္တလေးမှ မူဆယ်
ရောက်သည်အထိ ရက်ပေါင်း ၁၀ ရက် ကျော်ခန့်သွာ:ရသည်ဟု ဆိုသည်။

received_2690042004583448.jpeg
ယခုအခါ ဗန်းမော်ခရိုင် ဒေသထွက် ဆန်ကို
ကုန်းလမ်းဖြင့်မူဆယ်အရောက်သွားမည်ဆိုလျှင်
(၁၀)ရက်ကြာပြီး၊ ရေကြောင်းလမ်းကို အသုံးပြု
မည်ဆိုလျှင် ရက်ပေါင်း (၂၀) ကျော်ကြာသည်
ဟု ဆန်ကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်: အထက်ပိုင်း၊
ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ ကုန်စည်
ထွက်ပေါက်လမ်းအဖြစ် နိုင်ငံတော်အစိုးရအနေဖြင့် လွယ်ဂျယ်နှင့် ကန်ပိုက်တီတို့တွင်သာ ကုန်
သွယ်ရေးစခန်း ထားရှိနိုင်ပြီး၊ လိုင်ဇာနှင့် နမ့်ခမ်းလမ်းတို့သည်ယခင်ကကုန်စည်စီးဆင်းမှုအတွက် ဒေသခံတို့ အသုံးပြုနိုင်ခဲ့ကြသော် လည်း ၂၀၁၁ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာ့တပ်မတော်တို့၏တစ်ကျော့ပြန် စစ်ပွဲကြောင့်လိုင်ဇာနှင့်နမ့်ခမ်း လမ်းတို့ကို ပိတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

                                                   victornawawng
Sort:  

အခုအစိုးရလက်ထပ်မှာလည်း လမ်းပမ်းဆက်သွယ်ရေးကို အဓိကထားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အမြန်ဆုံး ဗန်းမော်- နမ့်ခမ်းလမ်း ဖွင့်နိုင်စေဖို့ မျှော်လင့်မိပါတယ်။

ဟုတ် ကျေးဇူးပါ ညီ

သတင်းသမား ဂျာနယ်လစ် လားဗျ။
ကြိုဆိုပါတယ်ဗျာ။
အချင်းချင်း တင်တဲ့ Post တွေ မြင်ရအောင် follow လုပ်ပေးထားပါဗျ။
Introducemyself က မိမိ အကြောင်း စရေးရင် ကောင်းပါမယ်။

ဟုတ်ကဲ့ ကျွန်တော် သိပ်မတတ်သေးလို့ ဖြစ်သွားတာပါ ခုလို အကြံ ပြုတာ ကြိုဆိုပါတယ်