ဒေါသဆိုတဲ့စကား လူတိုင်းပြောကြတယ်။ငါဒေါသထွက်နေတယ်နော်။ငါစိတ်ကို လာမဆွနဲ့။ငါဒေါသတွေ မင်းဆီရောက်သွားမယ်နော်ဆိုပြီ ပြောတတ်ဆိုတတ်ကြတယ်။ဒါဆို ဒေါသကို မိမိတို့ဘာသာ ခွဲခြမ်းစိတ်ဖြာကြည့်မယ်။မိမိကိုယ်ကိုပြန်တွေးပြီး ကောင်းကျိုးဆိုးကျိုးကို လေ့လာကြည့်ကြမယ်။
ဒေါသ=စိတ်ဆိုးခြင်း ကြမ်းတမ်းခြင်းဟုအဓိပ္ပာယ်ရပါတယ်။ဒေါသဖြစ်လာရင် လူတိုင်းဟာ အကျိုးရော အကြောင်းရော ဘာမှမသိတော့ဘူး။နောက်ဘာမှလည်းမမြင်တတ်တော့ဘဲ စိတ်၏စေခိုင်းချက်အရ ဘာမဆို ကြမ်းတမ်းပြီး တစ်ဇောက်ကန်းလုပ်တတ်ကြတယ်။အရှေ့အနောက်မကြည့်ဘဲ စိတ်လွတ်ထွက်သွားကာ လူရူးတစ်ယောက်လို့လုပ်တတ်ကြတယ်။တကယ်တွေးကြည့်ရင် ဘာမှမဟုတ်တဲ့အကြောင်းတွေကြောင့် ဒေါသထွက်ရ စိတ်ဆိုးရနဲ့ သံသရာလည်နေပြီး တစ်ဦးနဲ့တစ်ဦးမလိုမုန်းထားပြုနေရအောင် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။
ဒီလိုလေးစဉ်စားပြီးနေမယ်ဆို ဒေါသဆိုတာထွက်စရာမလိုတော့ဘူး။ဒါဆိုဘယ်လိုစဉ်းစားမလဲ။သူများက မိမိကိုဒေါသထွက်အောင် လုပ်ရင် မိမိကဒေါသထွက်ပြမယ်ဆိုရင် သူရဲ့အကြိုက်ဖြစ်ပြီးကိုယ်တစ်ကယ်ဘဲ ဒေါသထွက်သူဟာ အမိုက်မဲဆုံးလူသားလို့ ပြောချင်တယ်။ဘာဖြစ်လို့လည်းဆိုရင် သူရဲ့ရည်ရွယ်ချက်ဟာ သိနေပြီးဘဲ မဟုတ်လား။သူကမိမိကိုဒေါသထွက်စေချင်တာ သိနေမှတော့ ကိုယ်က ဘာဖြစ်လို့ ဒေါသထွက်ရမှာလဲဗျာ။ကျွန်တော်ဆိုရင် ဆန့်ကျင်ဘက်နေဖြစ်မှာဘဲ။လူတစ်ယောက်က ဒါမလုပ်နဲ့ပြောရင် မလုပ်ဘူးကွာ ပင်ပန်းတာသက်သာသေးတယ်လို့တွေးပါတယ်။ခုလိုလေးတွေးကြည့်ပါ။ဒါဆိုဒေါသထွက်လာတာတွေနည်းလာပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။တကယ်လုပ်ကြည့်ပါ ။တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။
ဒေါသထွက်ပြီးဆိုရင် အဓိကဒုက္ခရောက်တာကမိမိကိုယ်ကို အရင်ရောက်တာပါ။ဒေါသဖြစ်ပြီးဆို သွေးတွေဆူပွတ်လာပြီး မိမိရဲ့ကျန်းမာရေးကို အရင်ထိခိုက်စေကာ ကိုယ်ကဘဲ အသက်တိုတတ်ပါတယ်။ဒေါသဖြစ်တဲ့သူရဲ့တွေကို သိပ္ပံပညာရှင်တွေစမ်းသပ်မှုစာတစ်စောင်ဖတ်ခဲ့ဖူးပါတယ်။ဒေါသအရမ်းထွက်သူရဲ့သွေးကို ယူပြီး ကြွက်တွေကိုစမ်းသပ်ကြည့်လိုက်တော့ ကြွက်ဟာ လျှက်တပြတ်သေဆုံးသွားတာ တွေ့ရှိရတယ်။ဒါကိုကြည့်လိုက်တော့ ဒေါသဟာ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာ တွေးကြည့်ပေးတော့။ဒေါသခဏခဏထွက်တဲ့သူတွေ ဘာကြောင့်အသက်တိုကြလည်းဆိုရင် သွေတွေဟာ ဆူပွက်လာပြီး ဦးနှောက်သွေးကြောတွေ ပြတ်တောက်ပြီး သွေးယိုစီးကာ သေသွားကြတာပါ။ဒါဆို မိမိအသက်မတိုစေချင်ရင် လူလောကမှာအကြာကြီးနေချင်သေးတယ်ဆိုရင်တော့ ဒေါသကို ထိန်းတတ်အောင်လေ့ကျင့်ပြီး စိတ်ကောင်းနှလုံးကောင်းထာ၍ အရာရာကို အကောင်းမြင်ပေးလိုက်ကြပါ။
Steemitmyanmarအဖွဲ့သားအားလုံးဒေါသကင်းဝေ အေးချမ်းကြပါစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
20.12.2017/7:00am
HFS.3
MSC.100
ဒေါသကြီးလေ သောကမီးဝေ
ဒေါသမီးသည် မိမိကိုယ်ကို အရင်ဆုံးလောင်တတ်သည်
ခုလိုတင်ပြတဲ့အတွက်ကျေးဇူးပါ
ကြိုးစားဆဲပအညီမလေး
ဒေါသရှေ့တန်းတင်တာမကောင်းဘူးအမှားများတယ်
ဒေါသဖြစ်တဲ့သူတစ်ယောက်ဟာမောဟဆိုတဲ့အမှောင်ထဲရောက်သွားလို့ပါ။ဒါကြောင့်မှားသွားတာပါ
ဒေါသ တစ်လုံးထိန်းချုပ်နိုင်ရင် သေအောင်မဆင်းရဲ ဆိုလားဘဲ
Right
ဟုတ်ကဲ့။ဒေါသနည်းအောင်ထိန်းပါမယ်ညီ
ok bro
ဒေါသ ကို ထိန်းချုပ် နိုင်ရင် အကောင်းဆုံး ပါ။ လူဆိုတာ ဒေါသ မောဟ တော့ ရှိပါတယ် အကောင်းဆုံးထိန်းချုပ်နိုင်ရင် အဆင်ပြေပါတယ်။
ထိန်းကြည့်ပါ
ဒေါသနဲ့သေ ရင် တိရိစ္ဆန် ဖြစ်တတ်တယ်တဲ့
right
အာပေးခဲ့သည်
thank u
ထိန်းတဲ့ကြားက ထွက်ထွက်သွားတယ် ထွက်သွားမှပြန်ထိန်းမိတာအမြဲတမ်းပါ မထွက်ပါနဲ့လို့လည်း ဆွဲထားလို့မရပါဘူး
ဟုတ်အကို
This post has received a 0.45 % upvote from @buildawhale thanks to: @tunnaingwin. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.
To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness