ကဲဒီနေ့ တော့ ပိတ်ရက်လေးမိုးအေးအေးနဲ့ ရခိုင်မုန့် တီလေးချက်စားဖြစ်ပါတယ်။ရခိုင်သူဆိုတော့ရခိုင်မုန့် တီအရမ်းကြိုက်တာပေါ့။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁:ငါးရွှေတစ်တုံး
၂:ပဒဲကောအနည်းငယ်
၃:ငရုတ်ကောင်းစိ(အနည်းငယ်)
၎:ကြက်သွန်ဖြူ ငယ်၁လုံး
၅:မုန့် ဖတ်ခြောက်တစ်ထုတ်
၆:ငရုတ်သီးစိမ်း/နီ (အစပ်ကြိုက်ရင်များများအသုံးပြုနိုင်)
၇:မန်ကျည်းနှစ် (အနည်းငယ်)
ပထမဆုံးတော့ ငါးရွှေကိုရေဆေးပီး ဒယ်အိုးထဲဆားအနည်းငယ်ထည့်ပီးပြုတ်ထားပါ။အရည်ဆူလာရင်ငါးကိုဆယ်ပီးအရိုးနွင်ပါ။ငါးပြုတ်ရည်ကိုဟင်းရည်အတွက်သုံးပါမယ်(သွန်မပစ်ရ)။ငါးပြုတ်ရည်ထဲရေနှင့်မျှင်ငါးပိ အနေတော်လေးထည့်ပီးဆက်ကြိုပါမယ်။ဟင်းရည်ဆူလျှင် ငါးသား၊ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူထောင်း၊ပဒဲကောထုထားတာတွေပေါင်းထည့်ပါမယ်။ငါးကချိုတော့အချိုမုန့် သိပ်သုံးစရာမလိုပါဘူး။ဆူလာရင်ဆားအနည်းငယ်ထည့်ပီး အရသာအနေတော်ရင် ရခိုင်မုန့် တီဟင်းရည်ရပါပီ။
မုန့် ဖတ်အတွက်တော့ မုန့် တီခြောက်ထုတ်ကို ရေအေးဖြင့်၅မိနိပ်ခံစိမ်ပီးရေနွေးဖြင့်၃မိနိပ်ခန့်ပြုတ်ပီးရေအေးဖြင့် လောင်းချပီး မုန့် ဖတ်ကိုအအေးခံထားရင် မုန့်ဖတ်အဆင်သင့်စားလို့ ရပါပီ။
အာပူလျှာပူငရုတ်သီးနှစ်အတွက်က ငရုတ်သီးကိုဦးစွာရေအနည်းငယ်ဖြင့်ပြုတ်ပါ။ပြုတ်ပီး ကျေညက်အောင်ထောင်းပါ။ဒယ်အိုးတစ်ခုထဲငရုတ်သီးထောင်းရယ်ငါးနှစ်အနည်းငယ်ရယ်ရောပီးချက်ပေးပါ။ကဲဒါဆိုရင်တော့ရခိုင်မုန့် တီစားရန်အဆင့်သင့်ဖြစ်ပါပီ။
မစားခင်နံနံပင်၊သံပရာသီး၊မန်ကျည်းရည်၊ပဲကြော် စသည်များကိုပြင်ဆင်ထားပါ။ကဲနောက်ဆုံးတော့ရခိုင်မုန့် တီအိမ်လက်ရာလေးအဆင်သင့်စားလို့ ရပါပီ။Steemit သူငယ်ချင်းများလည်း အချိန်ရရင်အိမ်မှာဘဲသန့် ရှင်းလတ်ဆတ်သောရခိုင်မုန့် တီချက်စားလို့ ရအောင်တင်ပြပေးလိုက်ပါတယ်။
@tthanthansoe
@tthanthansoe
@thanthansoe
@thanthansoe
Author:@tthanthansoe(Steemit)
Yummy!
စားချင်စဖွယ် ပါလား ကွယ်
Yummy 😋
အဟီး ရန်ကုန်မှာစားတာ ငရုပ်သီးကို စပ်ထာလန်ပြန်သွားတာပဲ