Borrow.Use.Return

in #myanmar8 years ago (edited)

စည်းကမ်းရှိတဲ့လူတွေအကြောင်းနည်းနည်းပြောပါရစေ။စလုံးမှာရာသီဥတုက နွေရယ်မိုးရယ်၂မျိုးဘဲရှိတာ။အချိန်ခါမဟုတ်လဲမိုးရွာတတ်တယ်။မိုးကြိုးတွေလဲပစ်လိုက်တာလွန်ရော။ဒီနေ့ ရုံးဆင်းတော့ရုတ်တရက်မိုးကရွာလာပြန်တယ်။ဒါနဲ့  ရထားပေါ်ကဆင်းတော့လူသွားလျှောက်လမ်းတွေအကုန် မိုးအကာလုပ်ပေးပါတယ်။ဟိုဘက်မီးပွုင့်ဒီဘက်မီးပွုင့်ကူးတဲ့နေရာမျိုးမှာတော့အဆင်ပြေအောင်ထီးလေးတွေထားပေးတယ်လေ။ယူဆောင်းပီးရင်လည်းဟိုဘက်ရောက်တော့ပိတ်ပီးသတ်မှတ်ထားတဲ့ နေရာမှာပြန်ထားခဲ့ ရတယ်လေ။အိမ်ကိုယူသွားမျိုးဘယ်သူကမှမလုပ်တဲ့ အပြင်လူတိုင်းစည်းကမ်းရှိနေကြတော့နောက်ကလူတွေလည်းစည်းကမ်းမမဲ့ တော့တာ။ထီးမပါပေမည့်မိုးမစိုအောင်လုပ်ပေးထားတာလေးတွေတစ်ကယ်အဆင်ပြေပါတယ်။ဂျပန်ကိုဘဲအတုယူပီးစလုံးအစိုးရကလုပ်ထားတာများလို့တွေးမိသေး။ကောင်းသောအတုယူခြင်းများဖြင့်နိုင်ငံတိုးတတ်အောင်လုပ်နေကြသောအကြီးအကဲများကိုလည်းလေးစားမိပြန်တယ်။ကောင်းသောအတုယူခြင်းဘဲအတုယူသင့်ကြောင်းတင်ပြရင်း......
IMG_5093.JPG
@thanthansoe
IMG_5092.JPG
@thanthansoe
IMG_5095.JPG
@thanthansoe
Author@thanthansoe(steemit)

Sort:  

လှလိုက်​တာဟယ်
ကောင်းလိုက်​တဲ့စနစ်​ ရန်​ကုန်​လဲအဲ့လိုလုပ်​ရင်​ရမှာ​နော်
ထီးကိုအ​ရောင်​တမျိုးတံဆိပ်​နဲ့ထားရင်​ အိမ်​ယူရင်​အများအမြင်​ရှက်​စရာမို့ သိပ်​မယူ​လောက်​ဖူး နင့်​ရဲ့လင့်​ကိုညွန်​ပြီး ငါပြန်​တင်​​ပေးအုံမယ်​ ကျန်​တဲ့သူသိ​အောင်

ဟုတ်ကျေးဇူးပါ

Loading...