နေရောင်ပြအင်း သမိုင်း
မင်းနေပြည်ကို နေပြည်တော်သို့ ပြောင်းရွှေ့ရခြင်း ဗျာဒိတ်ပေါ် ထွန်းလာပုံကို ကြည့်ပါက အလွန်တရာ မွေ့လျော်ဖွယ် ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (နေရောင်ပြအင်း) အကြောင်း ကို ဦးစွာ လေ့လာရပေမည်။ သို့မှသာ ဤမြေနေရာသည် မည်မျှအရေးပါ၊ အရေးကြီးကြောင်း သိမြင်နိုင်မည်ဖြစ်သည်။
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံသော မူသော မြတ်စွာဘုရားသည် ပလလဲတောတွင် ပလလဲဆင်မင်း၏ အလုပ်အကျွေးကို ခံယူတော်မူပြီး ၀ါဆိုလေသည်။ တစ်နေ့ သောအခါ တန်ခိုးတော်အားဖြင့် ပလလဲ ဆင်မင်းကို နောက်ပါ ခေါ်တော်မူပြီးလျှင် ဟိမ၀န္တာ တောမှစ၍ ၀နစာရီ ကြွချီတော်မူလာရာ တောင်ငူမြို့ အရှေ့ မြတ်စောညီနောင် တောင်၌ ခေတ္တ ရပ်တန့်တော် မူပြီး နောက်ပလလဲ ဆင်မင်းနှင့်အတူ နေရောင်ပြ အရပ်သို့ ဆိုက်ရောက် လာရာ အလွန်တရာ မွေ့လျော်ဖွယ်ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (ယခုနေရောင်ပြ အင်း) တစ်ခုကို တွေ့တော်မူလေသည်။
ပလလဲ ဆင်မင်းသည် ကြာမျိုးငါးပါးနှင့် ပြည့်စုံသော နေရောင်ပြ အင်းကိုမြင်သော် လွန်စွာ ၀မ်းမြောက် လှသည်နှင့် ဤ ဌာနတွင် နေသန့်တော်မူရန် သင့်လျော် ပါသည် ဘုရားဟု လျှောက်ထားလေရာ ရှင်တော်မြတ်ဘုရားသည် ပလလဲဆင်မင်း၏ လျှောက်ထားချက်ကို လက်ခံပြီး နေရောင်ပြအင်းတွင် တစ်နေ့မျှ သီတင်းသုံး တော်မူပါသည်။
မြတ်စွာဘုရား တရားဟောတော် မူပြီးနောက် ထိုတောတောင်တွင် ကျက်စားနေ သော တောဆင်သား အဖနှစ်စီးသည် တောအတွင်း၌ အလေ့ကျ ပေါက်ရောက်လျက် ရှိနေသော ကြံများကို နှာမောင်းဖြင့် ရစ်ပတ်ဆောင်ယူပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်သည်။ ပလလဲဆင်မင်းသည် ထိုကြံကို အရည်ညှစ်၍ ကြံရည်အဖျော် အဖြစ်ဖြင့် မြတ်စွာဘုရားကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် ကြံရည်ကို ဘုဉ်းပေးပြီးနောက် တောဆင်နှစ်စီးကို ကြည့်ရှုကာ ပြုံးတော်မူပါသည်။ ပြုံးတော်မူရခြင်း အကြောင်းကို ပလလဲ ဆင်မင်းကလျှောက် ထားမေးမြန်းရာ မြတ်စွာဘုရားက-
““အို ပလလဲဆင်မင်း ဤဆင်သား အဖသည် ငါဘုရားအား ကြံတို့ဖြင့် ရိုသေစွာ ပူဇော် လှူဒါန်းပေသည်။ ထိုကုသိုလ်ကြောင့်-
(၁) ဆင်သားအဖသည် ဤနေရောင် ပြအရပ်ကို အုပ်စိုး၍ ဘုန်းတန်ခိုးကြီးမားသော မင်းဧကရာဇ်များ ဖြစ်လတံ္တ့။
(၂) ဤနေရောင်ပြ အရပ်တွင် နန်းတည်၍ စံလတ္တံ့။
(၃) ငါသီတင်းသုံးတော် မူရာဖြစ်သော ဤနေရောင်ပြကုန်းသည် ကမ္ဘာဆုံးသည့် တိုင်အောင် အယုဇ္ဈအောင်မြေ ဖြစ်၍ ထိုအရပ်ကို အမှီပြုသော မင်းတိုင်းပင်လျှင် ရန်အပေါင်းကို အောင်မြင်ကုန်လတံ္တ့။
(၄) ဤနေရောင်ပြ ကြာအင်းကြီးသည် အမြဲတည်သော အင်းမဟုတ်ဘဲ ရံခါအင်း ဖြစ်၍ ရံခါ ညီညွတ်သော မြပြင်ဖြစ်လတ္တံ့။
(၅) ကြအင်းပျောက်၍ ညီညွတ်သော မြေအဖြစ်သို့ ရောက်တိုင်း ဤဌာနတွင် ဘုရင်ဧကရာဇ်တို့၏ ထီးနန်းစိုက်ရာ မြေဖြစ် လတံ္တ့။
(၆) မြို့ပြ-ပြည်ရွာ သာယာစည်ပင် လတံ္တ့။
(၇) သာသနာတော် နှစ်ထောင့်လေး ရာကျော်သောအခါ၌ ဤနေရောင်ပြအနီး သိမ်ကြီး ကိုးသိမ်ပေါ်လတံ္တ့။
(၈) ပြာသာဒ်ကိုးဆောင် ပေါ်လတံ္တ့။
(၉) ဤနေရောင်ပြ အနီးတွင် လမ်းကြီး တောင်မြောက်တွင်လတံ္တ့။
(၁၀) ငါဘုရား၏ သာသနာကို ကောင်းစွာ ရွက်ဆောင်၍ ထွန်းကားအောင် ပြုစုသော မထေရ်တစ်ပါး ပေါ်လတ္တံ့”” ဟု ဗျာဒိတ်ထားခဲ့လေသည်။
ထိုသို့ မြတ်စွာဘုရား ဗျာဒိတ်တော် မိန့်ကြားတော်မူသည့် အတိုင်း ယနေ့အချိန် အခါ၌ နေပြည်တော်ဟူ၍ မင်းနေပြည် ပေါ်ထွန်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရလေသည်။ ထိုကဲ့သို့ မင်းနေပြည် ပေါ်ထွန်း လာခြင်းကို ဆန်းစစ်ကြည့်ပါက ယခင်မိမိတို့ မသိမမီလိုက်သော မင်းနေပြည်များ အကြောင်းကို စာအုပ် စာတမ်းများထဲမှ ပြောသမျှကိုသာ မျက်စိမှိတ် ယုံလိုက်သည်ဟု ထားဘိဦး။ ယနေ့ပေါ်ထွန်း လာသော နေပြည်တော် ဟူသည့် မင်းနေပြည်သည် မင်းနေပြည်အဖြစ် မပေါ်ထွန်းမီ ကတည်းကပင် မြတ်စွာဘုရားက ဗျာဒိတ် ထားတော်မူခဲ့သည့် အကြောင်းနှင့် အိပ်မက်နိမိတ် အကြောင်းကို စာအုပ်စာတမ်းများပြု စုရေးသား ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးရေးသားသော တပင်ရွှေထီးဝတ္ထုတော်ကြီးသည် ၁၉၅၈ ခုနှစ်တွင် ဒုတိယအကြိမ် နှိပ်ခြင်းဖြစ်ပေရာ ပထမအကြိမ်သည် မည်သည့် နှစ်ဟုပြောပြရန် ရှာမတွေ့ သဖြင့် မပြောလိုက် နိုင်ပါ။ သို့သော်ယနေ့ ၂၀၁၁ ခုနှစ်နှင့် ဒုတိယ အကြိမ်ထုတ် ၁၉၅၈ ခုနှစ်တွင် တွက်ဆ လျှင် နှစ်ပေါင်း ၅၃ နှစ်မျှ ရှိခဲ့ပေပြီ။ တစ်နည်းအားဖြင့် နေပြည်တော်ဟူသည် မင်းနေပြည် ပေါ်ထွန်းလာရန် လွန်ခဲ့သော နှစ်ပေါင်း ၅၃ နှစ်ကတည်းက ရေးသားခဲ့သည်မှာ အထောက်အထား အခိုင်အမာပင် ဖြစ်သည်။ ဤသည်မှာ ယခုမြန်မာပြည် သူတို့ အားလုံး လက်လှမ်းမီသော အထောက် အထားဖြစ်၍ မည်သူမျှ ငြင်းပယ် မရသော သမိုင်းသက်သေပင် ဖြစ်သည်။
မြတ်စွာဘုရား ဗျာဒိတ်တော် ထားရှိတော် မူခဲ့သည့် အလွန်တရာ မွေ့လျော်ဖွယ် ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (နေရောင်ပြအင်း)၏ အလယ်တွင် နေရောင်ပြ အင်းဘုရားကို တည်ထားလေသည်။ အဆိုပါ နေရောင်ပြ အင်းကြီးသည် နေပြည်တော် ပျဉ်းမနားမြို့ မြောက်ဘက် ၃ မိုင်ခန့် ကွာဝေးသောနေရာ၌ တည်ရှိ လေပြီး ပဌမံအင်း ဟူ၍လည်း ခေါ်ဆိုကြ သည်ဟု ပျဉ်းမနား၊ အောင်ဇော်မိုး စက်မှ ပုံနှိပ်ထုတ်ဝေသော နေရောင်ပြအင်းလယ် ဘုရားကြီး သိုက်သမိုင်း အချုပ်စာအုပ်တွင် တွေ့ရှိရသည်။
အဆိုပါ နေရာတွင် ဘုရားတည်ထား ကိုးကွယ်ရခြင်းကို ကြည့်ရှုသော် ၁၁ မေ ၁၉၅၄ ခုနှစ် လယ်ဝေးမြို့နယ် ၀က္ကမူရွာ ပဌမံဂိုဏ်းရှင် ဆရာကြီး ဦးစံလှအိပ်ပျော် နေစဉ် ညသန်းခေါင်အချိန် ““ဘိုးသိကြား၏ စေခိုင်းချက်အရ ဝေဿ၀ဏ် နတ်မင်းကြီး ကိုယ်တိုင် လာရောက်၍ နေရောင်ပြအင်း လယ်မြေဇာခုံပေါ် ကိုးထွာ ဘုရားနေ့ချင်း ပြီး တည်ဆောက်ရန် အမိန့်ပေးစေခိုင်းသည်””ကို အိပ်မက်မြင်မက်လေသည်။
မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသိဒိ္ဓယ၊ အဖွဲ့ဝင်များ ဖြစ်သော ဆရာတော်ဦးပညိန္ဒ(ရန်ကုန်)၊ ဆရာကြီးဦးသန်းညွန့်(မန္တလေး)၊ ဆရာကြီးဦးမောင်မောင်(ပုသိမ်)၊ ဆရာကြီး ဦးအောင်ချစ်(စစ်တွေ)၊ ဆရာကြီးဦးကျော်(ရန်ကုန်)၊ ဆရာကြီးဦးပြေငြိမ်း(မုံရွာ)၊ အတွင်းရေးမှူး ဆရာကြီး ဒေါက်တာဖေဉဏ် (ရန်ကုန်)တို့တက်ရောက်ကြသည် . . .
ဗုဒ္ဓဘာသာဝင်များ ဘုရားစေတီ၌ ဌာပနာ ထည့်သွင်းလှူဒါန်းကြသည့် သတ္တဌာန ပုံတူကြေးသွန်းရုပ်တုများ
တစ်ချိန်တည်း မှာပင် ဦးကျေးရွာမှ ကုလားမ ဒေါ်စာရင် သည်လည်း အိပ်ပျော် စဉ်တွင် ““နံနက် ၈ နာရီကျော် အချိန်၌ အထက် ဆရာကြီးများ ညည်းအိမ်သို့ မျက်စိလည်၍ ရောက်လာလိမ့်မည်၊ နေရောင် ပြ အင်းဘုရား တည်ရန် ညည်းကိုယ်တိုင် အင်းလယ်တွင် ရှိသည့် မြေဇာခုံအလယ် ပန္နက်ရိုက်ရန် လက်ထောက်၍ ပြသရမည် ဟု ဘိုးတော်ဟု ထင်မြင်ရသော ၀တ်ဖြူ စင်ကြယ်နှင့် ပုဂိ္ဂုလ်လာရောက်၍ အိပ်မက်လိုလို ကိုယ်တိုင် ပြောသလိုလိုနှင့်”” အိပ်မက် မြင်မက်လေသည်။
ဖော်ပြပါ အိပ်မက်အတိုင်း ဒေါ်စောရင်သည် နံနက် ၈ နာရီကျော်တွင် အိမ်ပေါက်ဝင်းတံခါးမှ ထိုင်ပြီး စောင့်နေရာ မကြာမီ ရေငတ်၍ မောပန်းလှစွာသော လူ ၃ ယောက် ရောက်ရှိလာ ကြပြီး မျက်စိလည် နေကြောင်း ပြောပြသည်။ ဒေါ်စောရင်သည် ရောက်လာကြသော သူတို့သည် အိပ်မက် အတွင်းက လူများ ဖြစ်နေကြောင်း အံ့သြ ဖွယ်ရာ တွေ့မြင်ရလေသည်။ ထို့ကြောင့် ဒေါ်စောရင်က ““ဆရာကြီးတို့ ၃ ဦးသည် နေရောင်ပြအင်း ဘုရားတည်ရန် ရောက်လာကြသည် မဟုတ်လား””ဟုမေးရာ ထို ဆရာကြီးများ အနက် ပါလာသော ဦးစံလှဆို သူက ဒေါ်စောရင်အား““နင်ဟာ ကုလားမ ဒေါ်စောရင် မဟုတ်လား”” ဟု ပြန်လည်မေး လေသည်။ ထိုအခါ ဒေါ်စောရင်က ဟုတ်မှန်ကြောင်းနှင့် ညက အိပ်မက်တွင် အထက် ဆရာကြီးများ လာပါက နေရောင်ပြအင်းကို လိုက်ပြရန် တာဝန် ပေးထားကြောင်း အလုံးစုံ ရှင်းပြလေသည်။
ထို့နောက် ဒေါ်စောရင်သည် ဆရာကြီး ၃ဦးဖြစ်သော ဦးစံလှ၊ ဆရာတင်ခေါ် ရသေ့ကြီး ဦးသုမင်္ဂလ၊ ဆရာညီတို့ကို ၀မ်းမြောက် ၀မ်းသာဖြင့် နေရောင်ပြအင်း ဆီသို့ ခေါ်ဆောင်သွား လေသည်။ နေရောင်ပြ အင်းသို့ ရောက်သောအခါ ဒေါ်စောရင်က နေရောင်ပြ အင်းကြီးရှိ မြေဇာခုံ အလယ်တွင် ဘုရားတည်ရန် ပန္နက်ရိုက်မည့် နေရာကို ပြသသည်။ ၁၂ မေ ၁၉၅၄ ခုနှစ်တွင် ပန္နက်ရိုက်ပြီး ကိုးထွာ ဘုရားကို နေ့ချင်းပြီး တည်ရာ ညနေ ၃ နာရီတွင် တည်ပြီးတော် မူလေသည်။ ဤသို့သော မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်က ရောက်ရှိ သီတင်း သုံးတော်မူခဲ့ပြီး ဗျာဒိတ်ထားတော်မူခဲ့သည့် နေရာတွင် ထူးထွေ ဆန်းပြား လှသည့် အိပ်မက်များနှင့် နေရောင်ပြအင်း ဘုရားကို တည်ထား ကိုးကွယ်သည်ကို လေ့လာတွေ့ ရှိရ သည်။
ထိုသို့ ဗျာဒိတ်၊ အိပ်မက် နိမိတ်များ သာမက ““အင်းကို ဆင်ထိုး၊ ဆင်ထိုးတော့ အင်းကော၊ အင်းကောတော့ မြို့တည်၊ မြို့တည်တော့ ကြက်ပျံမကျစည်၊ နေရောင် ပြအင်းမြို့လယ်ဖြစ်၊ ငလိုက်ချောင်းသည် မြို့တောင် ဘက်ရောက်၊ ဆင်ဖြူတောင် စေတီသည် မြို့ဦးစေတီ””ဟူ၍ တဘောင် ပေါ်ခဲ့သည်။ ထွက်ပေါ်ခဲ့သော တဘောင်ကို ကြည့်ပါကလည်း မင်းနေပြည်အဖြစ် ပေါ်ထွန်းလာမည်ဟူ၍ တွက်ဆ၍ ရနိုင်ပေသည်။
ထို့ကြောင့် ယခုအခါ ပေါ်ထွန်းလာသော နေပြည်တော် ဟူသော မင်းနေပြည်သည် အကြောင်းအကျိုးမဲ့စွာ ဖြစ်တည် လာခြင်း မဟုတ်မူဘဲ ဗျာဒိတ်၊ အိပ်မက်၊ နိမိတ်၊ တဘောင်များနှင့် ဘုန်းကံအလျောက် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပေါ်ထွန်းစည် ပင်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ ရပေသည်။
Credit to
Well, history ============= sun Myanmar, the advent of capital being transferred to the inner land is very likely to delight the suns Inn (Inn) must be studied first. How much so that this land is important, This will see the importance. And six full glory of the Blessed, which is the work of the care he received page. One day, when power to the next call, he did not disclose from body east of Taungoo, he look better than his brothers even stop temporarily in the early months after you arrive at the place with sunlight, is very likely to delight Kones rightsS Inn (Inn), he found that the sun now. Five months later, and perfect sun I saw too much joy 0 and from this center to clean them suitable to be applied in all active candidate has accepted the Inn was his last day in the sun. Chasing after the Lord Buddha preached in the jungles of two wild elephants have been for the wild and take a cane wrapped around trunk Buddha offer things reverently offer. The cane juice squeezed sugar cane juice as a beverage. Buddha offer. Blessed two after sugar cane juice is important the reasons I asked Buddha, This is my cane and honor by offering donations. The works - (1) The father and son over this place of sun and great glory. Emperor such as YouTube, and objects. (2) The sun will be standard in place.. (3) I have a week out of the sun until the end of the world for land i Aung heed because this place even if successful YouTube, and objects. (4) The sun and the Inn is a pair of enduring Inn Inn will be a reserve outside the United Mya. (5) Inn. United lost ground when this center becoming Emperor planted on the ground, to the throneYouTube, and objects. (6) inhabited village of urban land - quiet, YouTube, and objects. (7) spread angle when four hundred years the sun or near large nine-ordination on YouTube, and objects. (8) on the blue nine YouTube, and objects. (9) this close to the sun on the broad road to the YouTube story. (10) I am Gods religion to flourish well. Will be compiled on a leave a burden. The burden of doing that, as he told the time comes when Naypyidaw Myanmar, saying appears today to see clearly. Such examination of the emergence of Myanmar, with no previous knowledge of their books about Myanmar on everything from paper to your eyes believe. This is the revelation today Naypyidaw MyanmarMyanmar since before appearing as one about which he has spoken about the dream and sign books published. unless expressly written 0 substances great year in 1958, the second pressing state, will for the first time in years I can find to say. Today, however, if the 2011 figure and the second time in 1958 years has been 53 years. In other words, implies the emergence of Myanmar Naypyidaw is a strong proof of the years he wrote 53 years ago. This country will have access to all of their evidence, no one can deny a compelling witness history. One, he was placed in an extremely burden of land is likely to delight the suns Inn (Inn) to the sun in the middle of the Inn set. The sun and the Inn north of Pyinmana Naypyidaw, located about 3 miles distant place first Inn -as they call Pyinmana, William mid published sunlight Inn god deposits found in historical summary book. In view of worship will be able to set 11 May 1954 village gang U asleep at midnight while standard divide according to their knowledge of labor peace o cosmic visiting sunlight Inn from the land of the nine seats on spanBeen commanded to build a dream dream. Chairman of the Myanmar Calendar Advisory Bishop ministerial Toro consists of Bhaddanta Swedish Group U Nyine (Yangon) U Than Nyunt (Mandalay) U Maung Maung (Pathein) True Love U () U Kyaw (Rangoon) U settlement (Show) Secretary guru Dr. Pe-tank (Rangoon) General. . . Buddhist pagodas, which are included in the enclosed donation disused department portrait statues At the same time, the village, the aunt of sleep in the morning, 8 hours while the upper house groan large eyes, it will come. Well, the sun god to the mid-hearted InnAs noted, according to the type of a stake in the middle of the field, you see, this does not seem altogether pure white and the individual need to register the dream you want to say and dream dream. If you dream as she displayed early morning 8clock door to door 0 thirsty soon sit and wait to arrive exhausted. 3 are their eyes. She arrived early in a dream that theyre people was amazing to see. Therefore, Daw Saw, Master of the 3 sun Well, God came to me to ask, The teachers of the standard that came out of Daw Saw, monetization ndian Daw Saw , he was asked. Then, Daw SawThe dream is true and if large upper sun Show Inn explain all being . Then, Daw Saw Master 3 standard, auspicious Joy Inn was taken towards the sun. Well, Daw Saw the sun when the sun of the Inn was the place to take a stake in the middle. 12 May 1954 and hit a nine span stake Same-day, he is focusing on at 3 pm. While these appear in one breath, he arrived three weeks, he has spoken Where special Fantasy Dreams and sun worship Inn setThe study found. It revealed, Signs, only a dream Well, Inn Well, the city, Flying Chicken trunks Inn downtown, the sun The creek, The White Elephant, power. See the leaked power will arise as Myanmar, whose weighting.. So now appeared Naypyidaw Myanmar, which is not the causes, but he was not claiming to be divine, dream, sign, Appearing in central Myanmar, according to power and influence comes from barrel to see clearly. Credit to
Don't forget to upvote other people's post
Follow back me and vote together!