ဝမ်းနည်းခြင်း စိတ်မကောင်းဖြစ်ခြင်း ကြေကွဲခြင်းတို့ကို လူတွေကြားမှာ နေထိုင်ကာ ကြုံတွေ့နေရတော့
ဟန်ဆောင်အပြုံးတွေနဲ့ ပြုံးပြနှုတ်ဆက်တက်လာခဲ့ရတယ်လေ…………………။
ရှင်သန်လှုပ်ရှားရုန်းကန်ရာ ဘဝခရီးလမ်းတစ်လျှောက် ပေးဆက်ခြင်းများနဲ့ နေထိုင်လာခဲ့ရတော့ အချိန်ကြာလာတော့လည်း နာကျင်စရာတွေ ဖြစ်လာခဲ့ရတာပေါ့……………………။
ကံဆိုတာ မိမိ၏ပြုလုပ်မှုလို့ ပြောကြပေမယ့်လည်း တစ်ခါတစ်ရံမှာ ကိုယ်မလုပ်လိုက်ရပဲ ဖြစ်ပျက်သွားခဲ့ရတာတွေက လူ့ဘဝမှာ အများကြီးရှိကြမှာပါလေ …………………………။
ထိုအရာတွေကို ငါ့ကြောင့် သူ့ကြောင့်လို့ ပြောဆို ငြင်းခုန်နေမယ့်အစား ဘဝပေးကံတရားကြောင့်လို့သာ
မှတ်ယူလိုက်ကြမယ်ဆိုရင် အဆိုးတွေကနေ အကောင်းဘက်သို့ ကံတရားက မြင့်တက်လာမည်မှာ အမှန်ပင်ဖြစ်လာပါလိမ့်မယ်ဗျာ…………………။
မမြင်နိုင် မသိရှိနိုင်သော ဘဝပေး ကံတရားကို စိုးရိမ်စိတ်တွေနဲ့ ထိန့်လန့်တုန်လှုပ်နေမယ့်အစား ကိုယ်ပိုင်ဆိုင်နေသော လက်ရှိအချိန်လေးမှာ ဒီထက်ဆိုးမသွားနိုင်အောင် ထိန်းထားနိုင်ရင် ဒီထက်ကောင်းလာပေလိမ့်မည်…………………………။
လက်ရှိအနေအထားလေးမှာ ကောင်းနေတုန်းပါ ဆိုရင်တော့ မိမိရဲ့စိတ်တွေကို ပေါ့ပြက်ပြက်မထားပဲ လေးနက်စွာနဲ့ အဆိုးတွေဘက် ရောက်မသွားအောင်လို့ သတိဆိုတဲ့အချက်လေးနဲ့ နေထိုင်သွားရမှာပါလေ…………။
ကံကြမ္မာဆိုတာကလည်း လူတွေရဲ့စိတ်စွမ်းအားတွေကို အမျိုးမျိုးသော ပြောင်းလဲမှုတွေနဲ့ စမ်းသပ်ကာ လေ့လာနေတဲ့သဘောရှိတယ်ဆိုတာကို မမေ့ဖို့ရန် အရေးကြီးတယ်လေ…………………
လက်ရှိ ဖြစ်ပျက်နေသော အနေအထားလေးမှာ လူနဲ့ကံကြမ္မာ ဘယ်သူက စွမ်းအားပိုကြီးကာ အနိုင်ယူမည်ဆိုတာတော့ ခံနိုင်ရည်အားအပေါ်မှာ မူတည်နေပါတယ်လို့ စိတ်ထဲပေါ်နေသော အတွေးများကို ရေးချရင်း ဒီနေရာလေးမှာပင် အတွေးစိတ်ကူးလေကို ဖြတ်တောက်ကာ ရပ်နားလိုက်ပါရစေဗျာ…………………………။
author:@thura
phots:cedit google images
ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ
အမြဲပြောင်းလဲတက်နေသည်။
ကျုပ်အကြောင်းတွေးပြီး ခင်ဗျားတို့စဉ်းစားကြည့်................
ဟုတ်တယ်ဗျို့
ဘဝအတွေ့ကြုံတွေလား
စိတ်ကူးပေါ်လာလို့ရေးချလိုက်တာပါ
အားပေးနေပါတယ်နော်
ကျေးဇူးတင်ပါတယ်နော်
မမြင်နိုင်တာကံတရာဆိုပေမယ့်လဲ
မြင်နိုင်တာတွေကိုဆင်ခြင်သုံးသပ်သွားပါလေ
ဒီလိုပဲစိတ်ကူးမိပါတယ်
goodပါတယ်ဗျာ
ဆိုတစ်ခါ ကောင်းတစ်လှည့်ဆိုတာ ကံပေါ့နော် ကိုသူရ
ညီကတော့ ကံဆိုးရင်လည်း ကံကောင်းအလှည့်ကိုစောင့်နေတတ်ပြီ
စိတ်ရှည်စွာနဲ့စောင့်နိုင်သူသာ အသီးအပွင့်တွေကိုခူးပြီးစားသုံးနိုင်လိမ့်မယ်ညီရေ
အတွေးစိတ်ကူးလေးတွေကောင်းပါတယ်လေ
စိတ်ကူးပေါ်လာတာနဲ့ချရေးလိုက်တာဟ
ပေးဆပ်မှုတွေများရင်နာကျင်ခံစားရတက်တယ်
အမှန်ပါပဲဗျာ
သိပ့်မှန်တဲ့ရေးသားမှုလေးတွေပါ
ကျေးဇူးပါဗျာ
အဆင်ပြေလာနိုင်ပါစေနော်
ကျေးဇူးပါဗျာ
ဒီလိုစာတွေဖတ်ရတာ ဗဟုသုတရ ရှိစေပါတယ်နော်
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
အရေးကြီးတာကတော့မိမိရဲ့စိတ်ပါပဲလေ
အဲ့ဒါအဓိကအကျဆုံးပါပဲ
စိတ်ကူးလေးကကောင်းပါတယ်
ကျေးဇူးပါဗျာ
ဖတ်လို့ကောင်းပါတယ်ရှင်
ဟုတ်ပါပြီဗျာ
အရေးအသားတွေအတုယူသွားတယ်ကိုသူရရေ
အေးပါညီရေ
ဘာပြောပြောကြိုးစားလျက်ပါဗျာ
ဟုတ်ကဲ့ပါ
ကျွန်နော်လည်းကြိုးစားနေပါတယ်
အားပေးနေပါမယ်
ကျေးဇူးတင်ပါတယ်ဗျာ
မပေးလာတော့လဲဖန်တီးယူရမှာပေါ့ရှင်
ဒါပေါ့ဗျာ ဒီလိုပဲလုပ်ယူရမှာပါဗျာ
စိတ်ကူးအတွေးလေးတွေကကောင်းပါတယ်
ဟုတ်ကဲ့
ယခုလိုပြောကြားပေးလို့အထူးကျေးဇူးတင်ပါတယ်ဗျာ
မလျော့သောဇွဲလေးသာအဓိကလို့မြင်ပါတယ်
ဒါလည်းမှန်ကန်တဲ့စကားလေးပါဗျာ
အတွေ့ကြုံလေးတွေကတိုက်ဆိုင်မှုလေးတွေတော့ရှိနေပါတယ်
တိုက်ဆိုင်မှုရှိလို့ဝမ်းသာမိပါတယ်
ဒီလိုပြုံးတက်လာတာကလူတွေကသင်ကြားပေးသွားပါလေ
ဒါအမှန်ပါပဲဗျာ
အဆိုးအကောင်းတွေကအမြဲပြောင်းလဲနေတက်ပါတယ်ရှင်
ဟုတ်ပါတယ်ခင်ဗျာ
အချိန်မရလို့မန့်မရေးခဲ့တော့ဘူးနော်
အားပေးနေမယ်
ရပါတယ်ဗျာ
အားပေးမှုအတွက်ကျေးဇူးပါနော်
အောင်မြင်ပါစေနော်
ဟုတ်ပါပြီညီမလေးရေ
ကျေးဇူးပါနော်
ယခုလိုမိတ်ဆွေသူငယ်ချင်းများကလာရောက်အားပေးခြင်းများအတွက်
အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ