တကယ်တော့ steemit မှာစာရေးပြီးတင်နေရတဲ့ မျှော်လင့်ချက်က အပြင်က အဆိုတော်တွေ ရဲ့ မျှော်လင့်ချက်နဲ့တူတယ်။ ဘာလို့လဲဆိုတော့ အဆိုတော်တွေက သူတို့ စီးရီး အသစ်တွေ ၊သီချင်းအသစ်တွေ စထွက်ပြီဆို ရန်တွေခုန်ကြတယ်။ကိုယ့်သီချင်းလေး ပေါက်မှပေါက်ပ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေးတွေရှိကြတယ်။ ကျမတို့တွေလည်း ကိုယ့်တင်တဲ့ postက view တဲ့သူတွေရှိမှရှိပ့မလား၊ ကိုယ့်postကို ကြိုက်မှကြိုက်ပ့မလား။စိုးရိမ်စိတ်လေးတွေရှိကြမယ်ထင်ပါတယ်။
နောက်ပြီး အဆိုတော်တွေလည်း သူတို့မျှော်လင့်ထားသလို သူတို့သီချင်းတွေက မပေါက်ကြဘူး။သူတို့ ဒီသီချင်းကို ကြိုက်တယ်၊အားရတယ် ဒါပေမယ့် ပရိတ်သတ်က မကြိုက်ဘူး။ မထင်မှတ်ထားတဲ့ သီချင်းကြတော့ တအားပေါက်သွားတယ်။ အဲ့လောက်ပေါက်မယ်လို့ မထင်မိခဲ့ကြဘူး။ ကျမတို့တွေလည်း အဲ့ လိုဖြစ်ကြမယ် ၊ကြုံဖူးကြမယ်ထင်ပါတယ်။ ကျမ မနေ့က တင်တဲ့ post နဲ့ ဟိုတနေ့က တင်တဲ့ post နှစ်ခုမှာ ကျမရေးလို့ စိတ်ထဲမှာ ကျေနပ်ပြီး အားရတာက မနေ့ကတင်တဲ့ "ကောင်းခြင်းနှစ်ဖြာ ဖန်တီး ပါ" ဆိုတဲ့ post ဒါပေမယ့် ထင်သလောက် မviewကြဘူး။ အဲ..ဟိုတနေ့က postကြတော့ ထင်တာထက် ပိုသွားတယ် view တဲ့သူကော voteတဲ့သူကော။စိတ်ထဲမှာ တော့ စဉ်းစားမိနေတယ် အော်...ငါတို့ လည်း အဆိုတော်တွေလို ပါပဲ မျှော်လင့် ထားသလို မဖြစ်၊မထင်တာက ထဖြစ်နေတယ်လို့ပေါ့.။
အဖြစ်ကအဲ့လို ဆန်းကျယ်တာပါဆို....
အားလုံးကို ကျေးဇူးတင်ပါတယ်.....
@thithisann
Fb acc:thithisan
Mscလျှောက်ထားဆဲ
ဒဲါဟုတ်တဲာလေ၊ီလိုစာလေွးေများများရေးပဗျာ၊နောက်ဲအြဲတမ်းအားပေးနေပါတယ်steemitှာအောင်မြင်ပါဗျော။
ဟုတ်နေတာပဲ
feel
အ feel တလိုင်း
ဟားဟား ဟုတ်ပါပြီဗျာ
အဲ့လိုပါဆို
ကြိုးစားရေးနေလို့ စာမူခပေးခဲ့တယ်။
ကျေးဇူးပါ အကိုရေ့ နောက်လည်း ပေးပါလို့