Crd:facebook
အားလုံးပဲ မင်္ဂလာပါ ရှင့်......
ဒီနေ့ ရွာမှာအိမ်သစ်တက်တရားနာ ရှိတော့ စက်ကလေးကတကြော်ကြော်ပေါ့။ ဖွင့်လိုက်တဲ့ သီချင်းတွေကတော့ အများသားပါ။အမျိုးစုံကြိုးခုံနေတော့တာပဲ ။ ဖွင့်နေကြ ဆိုင်းသမားတွေရဲ့ ခွေကလည်း အခုနေအခါရွာမှာ ခေတ်စားဆုံးခွေပါပဲ။ ဆိုင်းခွေတွေကလည်းဖွင့်လိုက်ကြတာ အမျိုးမျိုး သော ဆိုင်းတွေ စုံလို့ပေါ့။
အခုတင်ပြချက်တာက ဖွင့်လိုက်တဲ့ သီချင်းတွေ၊ဆိုင်းတွေအများကြီးထဲကမှ ဆိုင်းဆရာ ရွှေဗဒင်း ရဲ့ နှလုံးသားကို အလှဆင် ဆိုတဲ့ ခေါင်းစဉ်လေးပါပဲ။ အရင်ဆုံး ဤကမ္ဘာလောကသားတွေ နှလုံးသားကို အလှဆင်ဖို့ဆိုရင် ပထမဆုံးအချက်အနေနဲ့ မေတ္တာ လိုအပ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ၊တစ်ယောက်တစ်ယောက် မေတ္တာ ထားတာဟာ အကောင်းတကာ့အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။ ကိုယ်ကမေတ္တာပေးတယ်ဆိုပါစို့ သူ့ဘက်က လက်မခံဘူးဆိုရင်ပဲထား ဤပေးလိုက်တဲ့ မေတ္တာ ဟာ ကိုယ်စီပဲပြန်လာမှာ မသေအချာပါပဲ။
ဥပမာ ပြောရရင် မိတ်ဆွေတို့ရဲ့ အိမ်ကို အသိမိတ်ဆွေဧည့်သည်လာ တယ် ဆိုပါစို့ ကောင်းသော အစားအစာ တွေနဲ့ တည့်ခင်းဧည့်ခံ ကြမှာပါပဲ။ ဧည့်သည်ပြန်မည်ဆိုတော့ လက်ဆောက်ပစ္စည်းတွေလည်း ပေးကြမှာပါ။ဧည့်သည်က အကြောင်းတစ်ခုကြောင့်ပဲဖြစ်ဖြစ် ၊အခြေအနေတစ်ရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် ဤလက်ဆောင်ကို မယူဖြစ်ရင် အိမ်ရှင်ပဲပြန်ရမှာပါပဲ။ ထိုနည်းတူ ကိုယ်ကပေးလိုက်တဲ့ မေတ္တာ ဟာ တစ်ဖက်က မယူရင်လည်း ကိုယ်ဆီပဲ ပြန်လာမှာပါ။
တစ်ယောက်နဲ့တစ်ယောက် အမုန်းတရား ဘေးထားပြီး နှလုံးသားကိုအလှဆင်ကြပါ။ ပြောရရင် မေတ္တာ ထားကြပါ။တစ်ဦးမေတ္တာတစ်ဦးမှာ အပြန်အလှန် ကောင်းသောအကျိုး ဖြစ်ထွန်းစေရန် မေတ္တာ ရှေ့ထားပြီး လက်တွဲကြပါ၊ကူညီကြပါ၊စောင့်ရှောက်ကြပါ။ "Give & Take" တဲ့ ကိုယ်က အရင်ပေးပြီးမှ ယူသောအလုပ်ကိုလုပ်ပါ။ ဘာပဲဖြစ်ဖြစ် အရင်ပေးဆပ်ပါ ပြီးမှ လိုချင်တာကို ပြန်လည်ရယူပါ။
မွေးရာပါ အရာမဟုတ်တဲ့ စိတ်ကောင်းစေတနာကောင်း ထားဖို့လည်း အရေးကြီးပါတယ်။ မွေးရာပါမဟုတ်ပေမယ့် အကျင့်တစ်ခုအနေနဲ့ လုပ်ယူလို့ ရပါတယ်။ ကိုယ့်မှာ ရှိပြီးသားဆိုရင်လည်း ဤကောင်းသောစိတ်ကလေးအား ဆက်လက် ထိန်းသိမ်းထားပါ။ မရှိသေးဘူး၊မပိုင်ဆိုင်သေးဘူဆိုရင်လည်း မွေးမြူကြပါ။
မိသားစု တစ်စုကနေ တစ်ရွာ၊တစ်ရွာကနေ တစ်အုပ်စု၊တစ်အုပ်စုကနေ တစ်မြို့နယ်၊တစ်မြို့နယ်ကနေ တစ်ခရိုင်၊တစ်ခရိုင်ကနေ တစ်ပြည်၊တစ်ပြည်ကနေ တစ်ကမ္ဘာလုံး အစရှိသဖြင့် ကောင်းသောစိတ်ထားလေးနဲ့ တစ်ဦးနဲ့တစ်ဦး မေတ္တာ တရား လက်ကိုင်ထားပြီး ပေါင်းသင်းဆက်ဆံခြင်းဟာ မိမိတို့နှလုံးသားကို အလှဆုံးနဲ့၊အကောင်းဆုံး အလှခြင်းပါပဲ။
ဤSteemit ကလူတွေလည်း နှလုံးသားအလှဆင်နိုင်ကြပါစေ။စိတ်ကောင်း စေနာကောင်းသော ဆိုင်းဘုတ်လေးချိတ်နိုင်ကြပါစေ ။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။
Msc လျှောက်ထားဆဲ
@thithisann
မေတ္တာဖြင့်အလှဆင်ကြပါ
အကောင်းဆုံးပါပဲရှင်
အားပေဲးပါတဗျ
ဟုတ်ကဲ့ပါ ရှင့် လိုအပ်တာရှိရင်လည်း ဝေဖန်ပေးပါ့အုံး
Congratulations @thithisann! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
အကြံပေးမယ်လေညီမလေး..pharesim ကို follow ပါ..hr1 ကို follow ပါ..ပြီးရင်စာပိုဒ်ခွဲရေးတဲ့အောက်မှာ ပုံတစ်ပုံစီ ကြည်နေတဲ့ပုံတွေကိုထည့်ပါ..တစ်ပိုဒ်ခွဲတိုင်းတစ်ပုံထည့်ပါ..တစ်ပိုဒ်မှာ စာလုံးရေ တစ်ရာရှိအောင်ရေးပါ...အဲ့လိုရေးပြီးရင် esteem app ကနေတင်မယ်ဆိုရင် ကမာလာမယ် esteemapp လာမယ် hr1 နဲ့ pharesim လာမယ်..ကမာက 0.62 esteemapp က 0.33 pharesim က 0.52 hr1 က 0.36..အဲ့လိုတွေရပါမယ်.တစ်ခါတလေအကုန်လုံးလာပြီးတော့ တစ်ခါတလေတော့မလာပါဘူး..အရေးကြီးတာက အဲ့လိုရေးရင် စာကလှသွားပြီးတော့ hr1 ကတော့ လာပါလိမ့်မယ်..ကျေးဇူးတင်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ် အကိုရေ့