ဝါးလုံးရှည်​နဲ့ မရမ်းမိပါ​စေနဲ့

in #myanmar7 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

အရင်​ဆို post​တွေ တစ်​​နေ့တစ်​ခု တင်​ဖြစ်​တယ်​။အခု​နောက်​ပိုင်း​တော့ မတင်​ဖြစ်​ဘူး။အ​ကြောင်းပြချက်​​တွေ အများကြီးနဲ့ မ​ရေးဖြစ်​ဘူး​ပေါ့​နော်​။ဒီ​နေ့​တော့ pro တင်​ရမယ့်​ ​ရက်​ရောက်​လို့လာပြန်​ပြီ​လေ။proအတွက်​ ဘာတင်​ရင်​​ကောင်းမလဲဆိုပြီး စဉ်းစားလာတာ ၂ရက်​​လောက်​ရှိပြီ။ကိုယ်​တင်​မယ့်​ post​လေး တစ်​ခုက အနည်းဆုံး​သော အသိ​ပေးတာ​လေးဖြစ်​ဖြစ်​၊အကြံ​ပေးတာ​လေးဖြစ်​ဖြစ်​ စာဖတ်​သူ​တွေကို တိုး​စေချင်​တာ အမှန်​ပါ။အခုလည်း တင်​ဖို့စဉ်းစားရင်း ​ခေါင်းစဉ်​​လေးတစ်​ခု မ​နေ့က ရလိုက်​တယ်​။

ကျွန်​မတို့​တွေအားလုံးမှာ ကိုယ်​စီ အခက်​အခဲ၊ပြသာနာဆိုတာ ရှိကြမြဲပါ။ပြသာနာချင်းတူချင်​မှ တူလိမ့်​မယ်​ ခံစား​နေရတဲ့ စိတ်​​ဝေဒနာ​တွေကလည်း အနည်းအများကွာပြီး ​ပေါက်​ကွဲတတ်​ကြလိမ့်​မယ်​။နေ့စဉ်​နဲ့အမျှ ပြသာနာဆိုတာ​တော့ တစ်​ခုမဟုတ်​တစ်​ခု ဖြစ်​ကြမှာပဲ။တစ်​ခုခု သ​ဘောထားချင်းလွဲတာ၊စကားပြိုင်​လုပြီး တစ်​​ယောက်​နဲ့တစ်​ယောက် စကားများ ရန်​ဖြစ်​ကြတာမျိုး၊အတိုင်​အ​ပေါက်​​တွေမညီဘဲ စိတ်​ဆိုးကြတာမျိုးစသည့်​ ကိစ္စ​သေး​သေး​လေး​တွေကအစ စိတ်​အ​နှောင့်​ယှက်​ဖြစ်​ကြမိမှာ ​သေချာပါတယ်​။

FB_IMG_1531394276113.jpg
Image source

သူငယ်​ချင်း​တွေ အချင်းချင်းကြားမှာ၊မိဘနဲ့သားသမီးကြားမှာ ၊ဇနီး​မောင်​နှံ​တွေကြားမှာ နားလည်​မှု​လေး​တွေလွဲကြမယ်​။စိတ်​​တွေဆိုးကြမယ်​။ဟုတ်​တယ် အဲ့လိုေ​​တွ​ ဖြစ်​ကြတာကို မဖြစ်​ပါနဲ့လို့ ​ပြောပိုင်​ခွင့်​မရှိဘူး၊​ဝေဖန်​ပိုင်​ခွင့်​မရှိဘူး။ အပြစ်​မြင်​လို့လည်း မရဘူး။ဒီလို စိတ်​အ​နှောက်​ယှက်​​တွေ၊စိတ်​ဆင်းရဲစရာ​လေး​တွေက မထင်​မှတ်​ဘဲဝင်​လာတယ်​။ကိုယ်​က လုပ်​ယူထားတာ မဟုတ်​သလို ဘယ်​ချိန်​ဖြစ်​မလဲဆိုတာကိုလည်း ကြိုမသိထားနိုင်​ဘူး။သူ့ဘာသာ ဝင်​လာတတ်​တဲ့ စိတ်​ခံစားချက်​​တွေဆို​တော့ ဖြစ်​တဲ့သူကို အပြစ်​တင်​လို့မရပြန်​ဘူး။

ဒါ​ပေမယ့်​ သတိ​ထားစရာ တစ်​ခု​တော့ ရှိတယ်​။ကျွန်​မတို့​တွေက စိတ်​ခံစားချက်​​တွေကို ​ရော​ထွေးတတ်​ကြတယ်​။ကိုယ့်​မှာ ပြသာ​နာလေးတစ်​ခုရှိပြီဆိုတာနဲ့ စိတ်​မကြည်​​တော့ဘူး။လူတစ်​​​ယောက်​နဲ့ ပြသနာတက်​ပြီဆိုတာနဲ့ အခြားလူ​တွေ​ပေါ်မှာ တက်​​ရောက်​တတ်​ကြတယ်​။ပြောရရင်​ ဝါးလုံးရှည်​နဲ့ သိမ်းရမ်း တာမျိုး​ပေါ့။အဲ့တာ အ​တော်​ဆိုးတဲ့ ဖြစ်​ရပ်​တစ်​ခုလို့ ကျွန်​မက​တော့မြင်​တယ်​။ ကိုယ်​ကပြသာနာတက်​လာတာက အခြားတစ်​​ယောက်​နဲ့ စိတ်​ညစ်​၊စိတ်​တို​နေတာကို ဘာမှန်းမသိ ၊ဘာမပြစ်​မှမရှိတဲ့ အခြားတစ်​​ယောက်​​ပေါ်မှာပါ ​ဒေါသ​တွေဖြစ်​၊အ​ကောင်းမမြင်​တာမျိုး​တွေ ဖြစ်​တတ်​တဲ့သူ​တွေအများကြီးပါ။

တကယ်​ပြင်​ရမယ့်​ အချက်​ပါ။ခင်​ဗျားတို့သာ ကိုယ့်​ကဘာမှမလုပ်​မိဘဲနဲ့ နှုတ်ဆက်​တာ​တောင်​ သူ့မှာစိတ်​ညစ်​​နေလို့ စကား​ကောင်း​ကောင်းပြန်​မ​ပြောတာမျိုး၊မျက်​နှာကြီးပုပ်​သိုးပြီး မတူသလို မတန်​သလို ဆက်​ဆံခံရရင်​ ဘယ်​လိုခံစားရလဲ သိကြမှာပါ။အားလုံးမှာ ကိုယ်​ဆီပြသာနာရှိကြတာပဲ။ဒါ​ပေမယ့်​ မ​ရော​ထွေးပါ​စေနဲ့။ တစ်​​ယောက်​နဲ့ဖြစ်​လာတဲ့ စိတ်​ခံစားချက်​ကို အခြားသူ​တွေ​ပေါ်မှာ မတက်​​ရောက်​ပါ​စေနဲ့။ အရမ်းကြီးမကြီးကျယ်​တဲ့ ကိစ္စ​တွေဆို အပြီးပြတ်​​အောင်​ တခါတည်းရှင်းခဲ့ပါ။တစ်​ခါတစ်​​လေ သ​ဘောထားကွဲလွဲမှု​လေး​တွေကို နားလည်​​သော မျက်​စိနဲ့ကြည့်​​ပေးပါ။

FB_IMG_1531394187478.jpg
Image source

လောကမှာ မိတ်​​ဆွေ​ကောင်းဆိုတာ ရှားတယ်​။ကိုယ်​က​ကောင်း​ပေမယ့်​ သူကပြန်​မ​ကောင်းတာမျိုး​တွေ အများကြီးပါ။ကိုယ့်​ဘက်​က ​ပေးဆပ်​​ပေမယ့်​ ဘာမှ ပြန်​မရတာမျိုး​တွေ ကြုံဖူးလိမ့်​မယ်​။ဒါ​ကြောင့်​ ကိုယ့်​မှာရှိပြီးသား၊ပိုင်​ဆိုင်​ပြီးသား မိတ်​​ဆွေ​တွေကို မဆုံးရှုံးပါ​စေနဲ့။အပြန်​အလှန်​ နားလည်​မှု​တွေထားပါ။ပြသာနာတစ်​ခုကို ရှင်းလင်း​တဲ့အထိ ထိပ်​တိုက်​​ဖြေရှင်းပါ။ဒါ​ကြောင့်​ ဘာမဟုတ်​တဲ့ ကိစ္စ​လေး​တွေ၊စိတ်​ခံစားချက်​​လေး​တွေ​ကြောင့်​ ​နောင်​တ​တွေမရချင်​ပါနဲ့။ကိုယ်​ဘက်​မှာ ပြသာနာနည်းနည်းရှိလို့ပဲဖြစ်​ဖြစ်​၊အကြီးကြီးပဲဖြစ်​ဖြစ်​ သူ့​ကြောင့်​မဟုတ်​ရင်​ မဆူမိပါ​စေနဲ့၊မ​အော်​မိပါ​စေနဲ့၊အခြားသူ​တွေ​ကြောင့်​ ရလာတဲ့ စိတ်​ခံစားချက်​ကို သူ့အ​ပေါ်မပုံချပါနဲ့။သူမှာ ဘာအပြစ်​မှမရှိဘူး။သူ ခင်​ဗျားပြသာနာကို သူမသိရှာဘူး။အပြစ်​ကင်းတဲ့ လူတသ်​​ယောက်​​ပေါ်မှာ ဝါးလုံးရှည်​နဲ့ သိမ်းမရမ်းမိပါ​စေနဲ့။

FB_IMG_1531394153883.jpg
Image source

အားလုံးမှာ မာနဆိုတာရှိကြမှာပါ။အဲ့မာန​လေး​တွေက ခင်​ဗျားတို့ သံ​ယောဇဉ်​ ကို တဖြည်းဖြည်း နဲ့ တိုက်​စားသွားနိုင်​တယ်​။အချင်းချင်း သ​ဘောထားကွဲလွဲတယ်​ စကား​တွေများကြတယ်​၊စိတ်​​တွေဆိုးကြတယ်​။အဲ့လိုနဲ့ သူကစကားစ​ပြောမှ ​ပြောမယ်​၊ကိုယ်​က စကားစမ​ပြောဘူး စသဖြင့်​ မာန​လေး​တွေထားကြလိမ့်​မယ်​။အဲ့လိုနဲ့ တစ်​​ယောက်​အ​ခေါ် တစ်​​ယောက်​​စောင့်​​နေရင်း တကယ်​စိမ်းသွားတတ်​ကြတယ်​။ဒါ​ကြောင့်​ မိတ်​​ဆွေ​တွေကို မဆုံးရှုံး ​​အောင်​ သတိထားဆင်​ခြင်​ပါ။

FB_IMG_1531394798100.jpg

ကျွန်​မတို့​တွေ ခံစားချက်​​တွေကို မ​ရော​ထွေးတာ အ​ကောင်းဆုံးပါ။တစ်​​ယောက်​​ကြောင့်​ဖြစ်​လာတဲ့ စိတ်​ဆိုး၊စိတ်​​ကောက်​တာ​လေးကို အခြားလူ၁၀၀​ပေါ်မှာ မတက်​​ရောက်​ပါ​စေနဲ့။အခြားလူ ၁၀၀နဲ့ မဆိုင်​ဘူးဆိုတာ သတိရပါ။တကယ်​​တော့ လူကိုထိန်းတာ စိတ်​၊စိတ်​ကိုထိန်းတာလည်းလူပဲ။ကိုယ့်​စိတ်​ကို မလွှတ်​​အောင်​ သတိတရားဆိုတာ ရှိဖို့လိုတယ်​။အဲ့သတိတရားကပဲ အမှားနည်း​စေတယ်​။အမှားနည်းတဲ့လူတစ်​​ယောက်​မှာ စိတ်​ဆင်းရဲမှု ဖြစ်​စရာ ရာခိုင်​နှုန်း နည်းတယ်​။စိတ်​မဆင်းရဲရင်​ လူက အလိုလိုတက်​ကြွပြီး အားလုံးနဲ့သဟဇာတ ဖြစ်​​စေတယ်​။အားလုံးနဲ့ သဟဇာတ ဖြစ်​ရင်​ ခင်​ဗျားက လူ​တောတိုးဖို့ မ​ကြောက်​​တော့ဘူး။အားမငယ်​​တော့ဘူး။လူ​တောတိုးရင်​ လူရာဝင်​ပြီ။လူရင်​ဝင်​တဲ့ သူတစ်​​ယောက်​ဟာ ​အောင်​မြင်​ဖို့ လမ်းစ​တွေရှိ​နေပြီ။အောင်​မြင်​သူတစ်​​ယောက်​ဖြစ်​ဖို့ ​ခြေလှမ်း​တွေ အား​ကောင်း​နေပြီ​ပေါ့။

လူ​တွေက တစ်​ခုခုဆို ဝါးလုံးရှည်​နဲ့ ရမ်းတတ်​ကြတယ်​။မိန်းက​လေးတစ်​​ယောက်​ မဟုတ်​တာ​တွေလုပ်ပြီးရင်​ အားလုံးကို အဲ့လိုထင်​ချင်​ကြတယ်​။ရဲတစ်​​ယောက်​ အကျက့်​ပျက်​ရင်​ ရဲတိုင်းအကျင့်​ပျက်​တယ်​ထင်​ကြတယ်​။ယောကျာ်း​လေးတစ်​​ယောက်​ ဆိုးသွမ်းရင်​ သူနဲ့​ပေါင်းတဲ့အားလုံးကို အဆိုးအ​ပေ​တွေလို့ထင်​မြင်​ကြတယ်​။အားလုံးကို သိမ်းပြီးမထင်​ပါနဲ့၊မ​ပြောပါနဲ့။အားလုံးက မတူကြပါဘူး။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ကိစ္စတစ်​ခုခု၊ပြသာနာတစ်​ခုခု ကို ဝါးလုံးရှည်​နဲ့ သိမ်းမရမ်းမိပါ​စေနဲ့။ ပိုင်​ဆိုင်​ပြီးသား မိတ်​​ဆွေ​တွေကို မဆုံးရှုံးမိပါ​စေနဲ့။နားလည်​​သော နှလုံးသားတစ်​စုံ ရှိတဲ့ လူတစ်​​ယောက်​ဖြစ်​​အောင်​ ကြိုးစား ပါလို့ တိုက်​တွန်းရင်း အဆုံးသတ်​ပါရ​စေ။


Author Thi Thi San
Msc 262@thithisann

Sort:  

သိပ်ကို ကောင်းတဲ့ ရေးသားချက်လေးပါ
ဖြစ်တတ်ကြတဲ့သဘာဝကို အသိစိတ်ကလေးက ထိန်းရတာပေါ့နော်
တော်ပါတယ် သမီးလေး

ဟုတ်​ ​ကျေးဇူးပါရှင့်

နားလည်နော့နှလုးံသားရှိသောလူသားများဖြစ်အောင်ကြိုးစားကြရမှာပါ

ကြိုးစားပါ

Right
ခံစားချက်​မ​ရော​ထွေးမိတာအ​ကောင်းဆုံးပါ...​ကောင်း​သောပိုစ့်​မို့ကြိုက်​နှစ်​သက်​ပါတယ်​....

မ​ရော​ထွေး​အောင်​ ​နေရမှာ

လက်မမကောင်း လက်မပါ အကုန် သိမ်းကြုံးပြောလို့ ဘယ်ရပါ့မလဲ နော့😊

ဟုတ်​တယ်​ သိမ်းရမ်းချင်​ကြတာ

ဓာတ်သဘောတွေ ဓာတ်ကူးတာပါ
စိတ်တို တဲ့အချိန် အဆင်မပြေတဲ့အချိန် တစ်ခြားသူ/
အလုပ်ပဲဖြစ်ဖြစ် ဆက်ပြီး ဒေါသဖြစ်မိစေတာမျိုးပါ
မကောင်းပါ အပျော်တွေသာ ဓာတ်ကူးသင့်ပါတယ်

အ​ပျော်​​တွေ ဓာတ်​ကူးတာ အ​ကောင်းဆုံး​ပေါ့​နော....

postတိုင်းအဆင့်မှီမှီတင်တာတွေ့ရပါတယ်
ရေသားချက်များကောင်းမွန်ပြီး အသိတရားပေးမှုတွေပါတာတွေ့ရပါတယ်။ ကောင်းသောpostတစ်ခုပါ။

ကျေးဇူးပါ ရှင့်

ညီမ Post‌တွေက အ‌တွေး‌တွေ ဖြစ်‌‌ပေါ်‌စေပြီး အသိ‌တွေ တိုး‌စေပါတယ။လူသားတိုင်း သတိထား ဆင်‌ ခြင်‌ရမယ့်‌အရာပါ။

ကျေးဇူးပါ ရှင့်

သိပ်မှန်တာပေါ့။ တစ်ချို့သိမ်းကြုံးရမ်းတဲ့သူတွေနဲ့ဆို ဘာလုပ်လုပ်အဆင်မပြေဘူးဗျာ။

ဟုတ်​တယ်​ သတိထားရမယ့်​ အချက်​တစ်​ခုပါ

လက်​မ မ​ကောင်းလက်​မ ​ခြေမမ​ကောင်း ​ခြေမ​ပေါ့​နော့

ဟုတ်​​တယ်​ ​ရော​ထွေးလို့မရဘူး

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ်တယ်ဗျာ တစ်ချို့က ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကြောင့် မိတ်ဆွေကောင်းတွေ ဆုံးရူံးခဲကြတယ်လေ 😊

ဟုတ်​တယ်​ ဆုံးရှုံး

သိပ်ကောင်းတဲ့ ပို့စ်လေးပါညီမလေးရေ

ကျေးဇူးပါ အမ​ရေ့

တွေးစရာ​တေ်ွ ကျန်​ခဲ့ပြန်​ပြီ

တွေး​တွေး....များများ​တွေး...

သိပ်ကိုကောင်းတဲ့စာလေးပါညီမရေ

ဟုတ်​ ​ကျေးဇူးပါရှင့်

ဒီဟာက 3days တောင်ဖြစ်နေပြီ Pro မရဘူးလား၊ဒါမှမဟုတ် pro post. မဟုတ်တာလား၊ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့မိတ်ဆွေတွေမဆုံးရှုံးပါစေနဲ့ဆိုတာ သိပ်ကြိုက်တယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ကွမ်းယာကြွေး၆၀၀ တောင်းလို့ဓားနဲ့ထိုးတယ်ဆိုတာ သွားပြီးသတိရပါတယ်၊

ဟုတ်​ ​ကျေးဇူးပါရှင့်