လူပိုကြီးလား???

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာကြပါ​စေရှင့်​။

ဒီ​နေ့​တော့ သူငယ်​ချင်း​တွေ စကား​တွေစပ်​မိစပ်​ရာ ​ပြောကြရင်း ညီမ​လေးတစ်​​ယောက်​ရဲ့ ယူဆချက်​​လေးနဲ့ပတ်​သက်​ပြီး တင်​ပြချင်​ပါတယ်​။အဲ့​နေ့က ​ပြောတဲ့စကား​တွေအများကြီးရှိ​ပေမယ့်​ ကျွန်​မ​ဆွေး​နွေးဖို့ ​ရွေးချယ်​ထားတာက လူ့ဘဝကြီးနဲ့ပတ်​သက်​ပြီး မြင်​ကြတဲ့အမြင်​​လေးကို​ပြောပြမှာဖြစ်​ပါတယ်​။ တကယ်​​တော့ လူ့ဘဝကြီးက လုပ်​စရာအလုပ်​​​တွေအများကြီးရှိတယ်​တဲ့အပြင်​ မလုပ်​မ​နေလုပ်​ရမယ့်​အလုပ်​​တွေလည်း ရှိပါတယ်​။ ဘယ်​သူတစ်​ဦးတစ်​​ယောက်​ကမှ ဒါလုပ်​ပါဒါလုပ်​ပါလို့အမိန့်​မ​ပေးဘဲနဲ့လုပ်​​နေရတာမျိုးပါ။

FB_IMG_1532942796785.jpg
Image source

ဥပမာ-စားဝတ်​​နေ​ရေး....လူ့​လောကကြီးမှာ အသက်​ရှင်​​နေထိုင်​ဖို့ အာဟာရကအဓိကပါ။လူရဲ့ခွန်းအားရှိ​နေမှာ အစစအရာရာ လုပ်​​ဆောင်​နိုင်​မှာပါ။အပင်​​တွေရှင်​သန်​ဖို့အတွက်​ ဓာတ်​​မြေသြဇာ​တွေ ​ရေ၊​မြေ ​တွေအားလုံးပြည့်​စုံမှ ​နောင်​တစ်​ချိန်​မှာ အရိပ်​အာဝါသ​ကောင်း​ကောင်း​ပေးနိုင်​တဲ့၊သူတစ်​ပါးကို ပြန်​ပြီးအကျိုးပြုနိုင်​တဲ့ အပင်​ကြီးအဖြစ်​ရပ်​တည်​နိုင်​မှာပါ။လူ​တွေမှာလည်း ​နောင်​တစ်​ချိန်​မှာ အကျိုးပြုနိုင်​တဲ့ လူသားတစ်​​ယောက်​အဖြစ်​ရပ်​တည်​ဖို့ အာဟာဓာတ်​​တွေလိုအပ်​ပါတယ်​။ဒီ​နေရာမှာ အာဟာရဆိုတာ အစားအ​သောက်​ဆိုတာထက်​ ဘဝမှာ လိုအပ်​တဲ့ ကြိုးစားမှု၊ပြင်​ဆင်​မှု၊ခံနိုင်​ရည်​ရှိမှု​တွေ ကို​ပြောချင်​တာပါ။အဲ့ဒီအရာ​တွေကို လုပ်​​ဆောင်​နိုင်​ဖို့ လူတစ်​​ယောက်​မှာ အစားအ​သောက်​နဲ့​နေ့စဉ်​ဖြည့်​တင်း​နေမှ လုပ်​နိုင်​မှာဖြစ်​ပါတယ်​။ဒါ​ကြောင့်​ အစားအ​သောက်​ဖြည့်​တင်းဖို့ ကအဓိပါ။ခွန်းအားပြည့်​​နေမှဆက်​လုက်​နိုင်​မှာ​လေ။ဒါက စား​ဝတ်​​နေ​ရေးဆိုတဲ့ စားနိုင်​ဖို့​သောက်​နိုင်​ဖို့က ​ရှေ့ဆုံးကပါ။နောက်​ပြီး ဝတ်​စားဆင်​ယင်​ဖို့အတွက်​ကြိုးစားရပြန်​တယ်​။

FB_IMG_1532942810317.jpg
Image source

လူသား​တွေ...လူသား​တွေ အစားအ​သောက်​ပြည့်​စုံပြီဆိုတာနဲ့မလုံ​လောက်​​သေးဘူး ဝတ်​ဖို့ပါစဉ်းစားရပြန်​တယ်​။လူသားတစ်​​ယောက်​အ​နေနဲ့ လုံလုံခြုံခြုံ ဖြစ်​ဖို့၊လူ့အဆင့်​အတန်းမှီဖို့ ၊လူဘုံလယ်​မှာ တင့်​တယ်​ဖို့ အတွက်​ စားရယုံနဲ့မလုံ​လောက်​​တော့​ပေ။ဝတ်​နိုင်​ဖို့ပါလိုအပ်​လာပြန်​သည်​။ဒါ​ကြောင့်​ စား​သောက်​ဖို့ပြည့်​စုံပြီဆိုရင်​ ဝတ်​ဖို့ပါပြည့်​စုံ​အောင်​ ကြိုးစားရပြန်​တယ်​။ကဲ အခုဆို စားဖို့လည်းအဆင်​​ပြေပြီ၊ဝတ်​ဖို့လည်းပူစရာမလို​တော့ဘူး။ဒါဆိုပြည့်​စုံပြီလား...မပြည့်​စုံ​သေးပါဘူး။လူတစ်​​ယောက်​ အ​လေအလွင့်​ အိမ်​​ခြေရာ​ခြေမရှိတဲ့သူမျိုးကို ဘယ်​သူကမှ လူရာသွင်းစကားမ​ပြောချင်​ကြ​ပေ။ဒါကပင်​ လူ့အဆင့်​အတန်းတိုင်းတဲ့​နေရာမှာ တစ်​ခုအပါအဝင်​ဖြစ်​သည်​ဟု ယူ​ဆလို့ရသည်​။

FB_IMG_1532942832615.jpg
Image source

လူသားတစ်​​ယောက်​ဖြစ်​သည်​လာပြီဆိုကတည်းက စားဝတ်​​နေ​ရေး ဤသုံးပါးအား အလိုလိုလုပ်​ကိုင်​ဖို့တာဝန်​ရှိပြီးသားဖြစ်​သည်​။အဲ့ဒီအချက်​ ၃ချက်​သည်​ လူ့ကျင့်​ဝတ်​​တွေရဲ့ အ​ခြေခံကျဆုံး မဖြစ်​မ​နေလုပ်​​ဆောင်​ရမည့်​ အချက်​​တွေပင်​။သုံးပါးလုံးပြည့်​စုံမှ သာမန်​လူတန်းစားအဖြစ်​ သတ်​မှတ်​ခံရမည်​မဟုတ်​ပါ​လော။သာမန်​အဆင့်​က​နေမှ ဘဝအာဟာရ​ပေါင်းထည့်​ပြီး ရရှိလာတဲ့ ဘဝကိုကျ​တော့ သူ​ဌေး​ဘောစိ အဆင့်​အတန်း​ရောက်​သွားပြီ​ပေါ့။ဒီဘဝ​ရောက်​ဖို့ပဲ အားလုံး​သော လူ​တွေကြိုးစား​နေကြခြင်းဖြစ်​ပါတယ်​။ကြိုးစား​နေရင်းကြုံ​တွေ့နိုင်​တဲ့ ကံကြမ္မာ အလှည့်​အ​ပြောင်းဒဏ်​ကိုလည်း ကြံ့ကြံ့ခံနိုင်​ဖို့ လိုအပ်​ပါ​သေးတယ်​။ကျွန်​မတို့​တွေ ကြိုးစားတိုင်းလဲကျဖူးကြမှာပါ။လဲကျဖူးသူတိုင်းကပဲ ပန်းတိုင်​ကို ဆွတ်​ခူး သွားကြတာပါ။ဒါ​ကြောင့်​ လဲကျရင်ုပန်​ထဖို့​တော့လိုတယ်​​နော်​။လဲကျတိုင်း​နောက်​ကျကျန်​ခဲ့ပြီလို့ မသတ်​မှတ်​လိုက်​ပါနဲ့ ​ရှေ့ဆက်​ဖို့ အနားယူတာလို့ပဲ သတ်​မှတ်​ပြီး ​ရှေ့ဆက်​​လျှောက်​ဖို့ အားပြန်​ဖြည့်​ပါ။စိတ်​ဓာ​တွေပိုပြီးတက်​ကြွလာဖို့ ကံကြမ္မာ က အချိန်​​ပေးလိုက်​တယ်​လို့ပဲ ယူဆပြီး ပန်းတိုင်​ဆီဆက်​သွားပါ။

FB_IMG_1532942738151.jpg
Image source

သူငယ်​ချင်း​ညီမ​လေးက ​ပြောတယ်​ လူ​တွေ တစ်​​နေ့​သေရမှာပဲ ဘာလို့အလုပ်​တွ၊မနာလိုမှု​တွေ၊အပြိုင်​ဆိုင်​​တွေ လုပ်​​နေကြလဲ မသိတဲ့။သူ​ပြောတာ က ကျန်​တဲ့သူ​တွေက လက်​မခံတာ​တော့အမှန်​ပါ။တချို့သူ​တွေက​တော့ အဲ့ဒါလည်း ဟုတ်​တာပဲ တစ်​​နေ့​သေကြရမှာ..​သေရင်​ဘာမှယူသွားလို့မရဘူးတဲ့​လေ။လူ့ဘဝကြီးထဲ ဘယ်​သူကမှ မဖိတ်​​ခေါ်ဘဲ သိပ်​တဆိတ်​​ရောက်​လာတဲ့ မင်းကို ပြန်​သွားတဲ့အခါ လူ​လောကကြီးက အသိအမှတ်​ပြုတာ​တော့ ခံရသင့်​တာ​ပေါ့။မင်း​လောကကြီးကို နှုတ်​ဆက်​ချိန်​​ကောင်း​ကောင်းမရဘူး။ဘယ်​ချိန်​ထွက်​သွားပါ့မယ်​လို့ သူ့ကို ကတိမ​ပေးနိုင်​ဘူး။ဒါ​ပေမယ့်​ ​လောကကြီးထဲ​ရောက်​လာပြီဆိုတာနဲ့ လူ့ကျင့်​ဝတ်​​တွေ လုပ်​​ဆောင်​ရ​တော့မယ်​။အဲ့လိုလုပ်​​ဆောင်​​နေရင်းနဲ့ပဲ အပြိုင်​အဆိုင်​​တွေ၊မနာလိုမျို​တွေ၊​လောဘ​တွေက ဖြစ်​​ပေါ်လာတတ်​ပါ။ ဒါ​တွေကို မ​တွေ့ချင်​ရင်​​တော့ မင်း ​လူ့ကျင့်​ဝတ်​​တွေ ဘာတစ်​ခုမှမလုပ်​ဘဲ​နေဖို့ပဲရှိ​တော့တယ်​။ ဒါ​ပေမယ့်​ အဲ့ဒါ​တွေ ကို အတတ်​နိုင်​ဆုံး​ရှောင်​ကြဉ်​နိုင်​​အောင်​​တော့​နေဖို့လိုတယ်​။ဒါမှလည်း လူသားဆန်​​တော့မယ်​​ပေါ့။လူသားဆန်​မှာ မင်းကို​လောကကြီးက အသိအမှတ်​ပြု​ပေးမှာပါ။တကယ်​​တော့ ​လောကကြီး..​လောကကြီးဆိုတာ လူသား​တွေနဲ့ဖွဲ့စည်းထားတာပဲ။အဲ့လူသား​တွေ အသိအမှတ်​ပြုဖို့ဆိုရင်​ မင်းလူ့​လောကကြီးထဲ​နေထိုင်​ခဲ့စဉ်​က အပင်​ကြီးလို အရိပ်​အာဝါသ​ကောင်း​ကောင်း​ပေးနိုင်​ခဲ့မှ မင်းကို အသိအမှတ်​ပြုကြမှာ။ အဲ့လို အသိအမှတ်​ပြု​ပေးတာခံရဖို့ မင်းကိုယ်​တိုင်​ လုပ်​​ဆောင်​ရမှာ ပဲဖြစ်​တယ်​။အပင်​တစ်​ပင်​ကြီးထွား ဖို့ ပြုစုပျိုး​ထောင်​ ​မြေသြဇာ​ကျွေးမယ့်​ သူရှိ​ပေမယ့်​ မင်းကျ​တော့ ကိုယ်​တိုင်​ ကြီးထွားရင့်​သန်​ဖို့ နည်းလမ်း​တွေကိုယ်​တိုင်​ရှာရမှာပဲဖြစ်​တယ်​။

FB_IMG_1532943037903.jpg
Image source

အခုသူငယ်​ချင်းညီမ​လေး​ပြောသလို တစ်​​နေ့​သေရမှာပဲ ဘာမှမလုပ်​ဘဲ​နေလိုက်​မယ်​ဆိုရင်​ မင်းဟာ လူဖြစ်​လာပြီး ဖြစ်​ရကျိုးမနပ်​တဲ့ လူပိုကြီးဖြစ်​​နေ​တော့မယ်​။မင်းလိုလူကို ထမ်းထားရတဲ့ ကမ္ဘာ​မြေကြီးအားနာဖို့​ကောင်းပါတယ်​။ဒါ​ကြောင့်​ လူ့ဘဝ​ရောက်​တုန်း တန်​ဖိုးရှိတဲ့ လူသားတစ်​​ယောက်​ဖြစ်​ခွင့်​ရ​နေတုန်း လက်​လွှတ်​မခံပါနဲ့။မင်းဆိုတာ အားလုံးရဲ့ စံနမူနာ ဖြစ်​​အောင်​ အရိပ်​​ကောင်း​ကောင်း​ပေးခဲ့လိုက်​ပါ။လူတိုင်းက​တော့ ​သေမျိုး​တွေပါပဲ။ဒါ​ပေမယ့်​ မ​သေခင်​မှာ လူ့​လောကအလုပ်​​တွေ ​ကောင်း​ကောင်းမွန်​မွန်​လုပ်​သွားပါလို့ တိုက်​တွန်းပါရ​စေ။
@thithisann
Msc 262
Author Thi Thi San

Sort:  

တန်​ဖိုးရှိတဲ့လူတစ်​​ယောက်​ဖြစ်​ဖို့နည်းလမ်းများကတကယ့်​ကိုမှတ်​သားလိုက်​နာရမှာပါ....

တန်​ဖိုးရှိတဲ့လူတစ်​​ယောက်​ဖြစ်​​အောင်​ကြိုးစားရမှာ​ပေါ့

မိတ်ဆွေ လူ့ ဘဝကို အကျိုးရှိဖို့ 
တစ်ခုခုကို ဆုံးဖြတ်လိုက် တဲ့

ဆုံးဖြတ်​ချက်​မှန်​ဖို့လည်းလိုတယ်​​​နော....

သင်‌ ‌ကော သိပြီးပြီလား ။လူ့ဘဝကို ဘာလုပ်‌ဘို့ လာတာလဲဆိုတာ။

လူသားမှန်​ရင်​ လူ့တန်​ဖိုးတက်​​အောင်​ကျင့်ကြံရမှာ​ပေါ့​လေ

အား​ပေးသွားပါတယ်​ဗျာ ☺ ☺

ကျေးဇူးပါရှင်

အတတ်နိုင်ဆုံးကြိုးစား နေသွားပါ့မယ် ညီမ😊ကျေးဇူးပါ

ဟုတ်​ပါပြီအမ​ရေ့

အားပေးသွားပါတယ် ညီမလေးရေ ။

ကျေးဇူးပါ

အရမ်းတန်းဖြိးရှိတယ်ဗျာ

ဟုတ်​ကဲ့ပါ

ညီမစာလေးက တကယ်ကောင်းလိုက်တာ

ကျေးဇူးပါအမ

သိပ်ကောင်းတဲ့အရေးအသားပါ

ကျေးဇူးပါ

တန်ဘိုးကြီးတဲ့ စာသားများပါပဲ။

ဟုတ်​ အား​ပေးလို့​ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.