အခုချိန်မှာ နာမည်အကြီးဆုံး ၊သတင်း ထဲအပါဆုံး၊ကြောက်စရာကောင်းလောက်အောင် လုယက်မှု အဖြစ်ဆုံးဆိုတဲ့ မြို့ကိုပြောပါဆိုလျှင် မန္တလေး ဟုပြောရပေမည်။ အားလုံးလည်း သတင်းတွေကြားကြမှပါ။ အတော်လေးဆိုးတဲ့အခြေအနေ သို့ရောက်နေပြီဟု သုံးသပ်မိသည်။ မိန်းကလေးတွေသာ မလုံခြုံသည်မဟုတ် ယောက်ျား လေးတွေပါ မသွားရဲမလာရဲ ဖြစ်နေကြပြီ။ တစ်နေ့ကို တစ်ခုမက ဖြစ်ပျက်နေသော လုယက်မှုတွေ သည် လူကိုပါ အန္တာရာယ်ပေးသွားကြပြန်သည်။ ပစ္စည်းလုယုံတင်မက လူပါ ဓားနဲ့ ထိုးခြင်း၊ဖြတ်ခြင်း များပါ အကြောက်မရွံ လုပ်ရဲကြသည်။
လုယက်မှု အများဆုံးနှစ်ဟု အမည်သွင်ပေတော့မယ်။ မနက်မိုးလင်း ဘယ်လမ်းမှာ ဘယ်သူလုခံလိုက်တယ်၊ ညနေမိုးချုပ် ဘယ်နေရာမှာ လူကို ဓားနဲ့ လှီးပြီး ဘာပစ္စည်းယူသွားတယ်။ ကြားရတဲ့ သတင်း တကယ်ကိုကြောက်စရာကောင်းနေပါပြီ။ ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စောင့်ကြည့်ယုံပေါ့။ လူနှစ်ယောက်ဆိုရင်တောင် မိုးချုပ်အပြင်မသွားရဲအောင်ဖြစ်နေပြီ။ ဖြစ်လိုက်တဲ့အမှုတိုင်းလည်း လုယက်မှု၊လုယက်မှုတိုင်းလည်း အနည်းဆုံးလူ၂ယောက် မဟုတ်ရင် အုပ်စုလိုက်လုတာ များသည်။ အတော်လေးတော့ ကြောက်ဖို့ကောင်းတာအမှန်ပင်။ မနေ့ကလည်း ရတနာပုံကျောင်းသူအချင်းချင်း ရန်ဖြစ်စကားများရာမှ ခဲတံချွန်ဓားနဲ့ ၅ချက် ခြစ်တဲ့အမှု တွေ့လိုက်ရသေးသည်။ ဘယ်လိုမျိုး အမှုတွေ အဖြစ်စဖူး ဆက်တိုက်ဖြစ်နေသလော ရွှေမန်းမြို့ကြီးရယ်။ အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့ အခုတော့ မခိုရဲအောင် ချိန်းချောက်မှုတွေများနေပြီ။ အမြန်ဆုံး အမှုတွေ ကင်းရှင်းပါစေ။ ရွှေမန်းမြို့ကြီး သာယာပါစေ။
Msc 262@thithisann
အယ် ... မန်းလေး လာရမှာ ကြောက်ကြောက်
ညီမတို့တောင် ဘယ်မှမသွားရဲဘူးအကို့