Crd:facebook
အားလုံးပဲမင်္ဂပါရှင့် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေ...
အဲ့ဒီလိုတာ နှုတ်ဆက်နေရတာ တချို့လည်း ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံ သော်လည်း စိတ်၏ချမ်းသာခြင်း ကားမပြည့်စုံဖြစ်နေကြတယ်။ တနေ့တာ လုပ်ဆောင်နေကြတဲ့ အလုပ်ကိစ္စကိုယ်စီမှာ အကြောင်းတရာမတိုက်ဆိုင်မှုလေးတွေ ဖြစ်တယ်။ဒီတော့ စိတ်ရှုပ်ကြရတယ်၊စိတ်မကြည်မလင်ဖြစ်ရတယ် ..အဲ့တော့ စိတ်၏ချမ်းသာ ခြင်းက ဝေးသွားရော..
တနည်းပြောရရင် စိတ်ညစ်ကြတယ်။
ကိုယ်ကျန်းမာနေပေမယ့် စိမ်မချမ်းသာဘူးပေါ့။ကိုယ်၏ကျန်းမာခြင်းရော စိတ်၏ချမ်းသာ ခြင်းရော
သင်ဟာ ဤနှစ်မျိုးလုံး ကို နေ့တိုင်းနီးပါး ပိုင်ဆိုင်နေပြီလား??ဒါဆိုရင်တော့...သေချာပြီ သင်ဟာ ဝေခွဲတတ်တဲ့သူ၊နားလည်ပေးတတ်တဲ့သူ ၊ကိုယ်ချင်းစာတတ်တဲ့သူ ဖြစ်နေပါပြီ။ ဤနှစ်မျိုးကို မပိုင်ဆိုင်သေးဘူးဆိုရင်တော့.....
သင်နေ့တိုင်း ကိုယ့်ကိုယ်ကို သတိပေးပါ ငါ ဒီနေ့ ပျော်အောင်နေမယ်၊ငါကို ဘယ်သူမှ အဖက်မလုပ် ဘဲနေနေ ၊ဘယ်သူမှ ပျော်စရာ မဖန်တီးပေးပေး ငါပျော်အောင်နေရမယ်...စိတ်ဆင်းရဲစရာကို စိတ်ချမ်းသာစရာကို အစားထိုးမယ်။ ဤကမ္ဘာပေါ်မှာ ငါထက် စိတ်သောကတွေ၊စိတ်ဆင်းရဲစရာတွေ ရှိနေကြတဲ့ လူတွေ ထုနဲ့ထေးပဲ ဆိုပြီး တွေးနေလိုက်ပါ။ဤအရာကား ငါအတွက် မပြောပလောက်ဘူး ငါ့စိတ်နှလုံးသားကို ဘယ်သူကြောင့်မှာ အရောင်မပြောင်းခံနိုင်ဘူး ဆိုပြီး ခဏခဏရေရွတ်နေလိုက်ပါ။ အခြားသူနဲ့ယှဉ်ရင် ငါ့စိတ်ဆင်းရဲမှုက မြေမှုန့်လောက်ပဲရှိတယ်။အဲ့ဒါကို ဘာလို့ အရေးတယူ၊ဂရုတစိုက်နဲ့ ခေါင်းထဲထည့်ထားမှာလဲ။ခေါင်းလေးတယ် ၊စိတ်ပင်ပန်းတယ် ချက်ချင်းထုတ်ပစ်မှာပေါ့.....
ငါ ကိုယ်ချင်းစာ တရားမွေးရမယ် ဆိုတဲ့ စိတ်ကို သတိရတိုင်းရေရွတ်ပါ ငါ့ကို အကြောင်းတခုခုပဲဖြစ်ဖြစ်၊လုပ်ငန်းတခုခုကြောင့်ပဲဖြစ်ဖြစ် ငါ့မလုပ်တဲ့ ကိစ္စတခုကို အပြစ်တင်ပြောဆိုကြရင်... ငါ့လည်း သူနေရာမှာဆို သူ့လိုမြင်မိမှာ၊သူု့လိုပြောမိမှာ ဆိုတဲ့ကိုယ်ချင်းစာတရားထားမယ်။ ငါ့အပြစ်မဟုတ်ကြောင်းကို ရိုးရိုးသားသားနဲ့ ပြေပြေလည်လည် ရှင်းပြမယ်။ ဘယ်အရာမဆို ဒေါသတရား မပါတာအကောင်းဆုံးပါ။ဒေါသ သည် မလိုအပ်သော ပြသာနာများအားသယ်လာတတ်သောကြောင့် ဒေါသ အား ဤကဲ့သို့သော အခြေအနေမှာ အနားပေးထားလိုက်တာအကောင်းဆုံးပါ။
အကြီးအကျယ်မဟုတ်တဲ့ ကိစ္စတခုခုကို ချဲ့ကားပြီးပြောဆိုခြင်းကို ရှာင်ကျဉ်ပါ။ ချဲ့ကား သီဖွဲ့တာမျိုက ကဗျာ၊ရသ တွေမှာပါ ပဲကောင်းပါတယ်။ဤအချက်သည် ကိုယ့်ရဲ့ လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကို စိတ်ချမ်းသာခြင်းဝေးအောင်လုပ်မိနေတာပာပဲ။မလိုအပ်တဲ့စကားတွေက မဖြစ်သင့်တဲ့ ပြသာနာတွေ ဖြစ်စေနိုင်လို့ပါ။ အဲ့တော့ ပြသာနာတက်တယ် မိတ်ဆွေတယောက်လျော့သွားတယ်၊စိတ်ဆင်းရဲမှု ဝင်ရောက်လာတယ်...ဒါပါပဲ ဘာတွေများ အကျိုးဖြစ်ထွန်းလို့လဲ...ဒာကြောင့်မလုပ်မိပါစေနဲ့
အရာရာကို နားလည်တဲ့ မျက်စိနဲ့ကြည့်ပေးပြီး ကိုယ်ချင်းစာတရားကို နှလုံးသားထဲမှာ အမြဲထည့်ထားပါ။ ဘယ်အရာမဆို နားလည်မှုလွဲတာမျိုး ဖြစ်နိုင်လို့ပါ။ အဲ့ဒါကြောင့် နားလည်ပေးလိုက်ပါ ထပ်ပြောပါရစေ နားလည်ပေးလိုက်ပါ.. ...မိတ်ဆွေသစ်တိုးတယ် ...လူချစ်လူခင်ပေါတယ် ..ဘယ်လောက်ကောင်းတဲ့ လုပ်ရပ်လဲ ရယူလိုက်စမ်းပါ၊ နေ့တိုင်း ကျင့်သုံးလိုက်စမ်းပါ ...ထပ်ပြောမယ် နားလည်ပေးလိုက်ပါ
Steemit မိသားစုဝင်တွေလည်း ဤနှစ်မျိုးလုံးပြည့်စုံချင်ရင် အထက်မှာပြောပြတဲ့ အရာလေးတွေလိုက်နာကြည့်ပါ။ အဓိက အကျဆုံးအရေးကြီးက တော့ "ကိုယ့်စိတ်ကို ဘယ်သူကြောင့်မှ ၊မည်ကဲ့သို့သော အရာများကြောင့်မှ အထိခိုက်မခံပါနဲ့ ပြောရရင် စိတ်ဆင်းရဲ မခံပါနဲ့"။
ကိုယ့်စိတ်ကို ထိန်းချုပ်သူဟာ ကိုယ်ပဲဖြစ်ပါစေ။ ကိုယ့်စိတ်ရဲ့ အရှင်သခင်၊အမိန့်ပေးနိုင်သူက ကိုယ်ပဲဖြစ်ပါစေ။ ကိုယ့်စိတ်ကို မည်သို့သော အရောင်မှ အစွန်းထင်းမခံပါနဲ့။ ဒါမှ ငါနေ့တိုင်း ပျော်ပျော်နေမယ်၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာလုံးနဲ့ ပြည့်စုံအောင်နေမယ် လို့ မနက်အိပ်ယာထ တာနဲ့ အမိန့်ပေးထားလိုက်ပါ။ သင် စိတ်ကို သင်အမိန့်ပေးနိုင်သူ ဖြစ်ပြီဆိုရင်တော့ သေချာပြီ သင် နေ့တိုင်းပျော်ရွှင်ရတော့မှာပါ။ ဘဝဆိုတာနေတတ်ရင်ကျေနပ်စရာကြီးပါ အကောင်းဆုံးဖန်တီးပြီး အကြိုက်ဆုံးတွေ ရယူလိုက်ကြရအောင်....
ကျေးဇူးတင်ပါတယ် .....ဒီစာလေးဖတ်ပြီး တခုခုတော့ ပြောင်းလဲနိုင်ကြပါစေ...
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
စိတ်ချမ်းသာအောင်နေတတ်ဖို့အရေးကြီးတယ် 😁
စိတ်ချမ်းသာဖို့ အဓိကပဲ အမရေ့..
စိတ်ပဲ
အဓိက အဲ့ဒါ