စေတနာ(၁)

in #myanmar7 years ago (edited)

ကျွန်​​တော့်​ဘဝမှာ အမှတ်​တမဲ့မှ အမှတ်​တရရှိခဲ့ဖူး​သောအ​ကြောင်း​လေးတစ်​ခုကို ပြန်​​လည်​​ဖော်​ပြချင်​ပါတယ်​။တကယ်​​တော့ဒီအ​ကြောင်း​လေးဟာ ကျွန်​​တော့်​ဘဝတစ်​ဆစ်​ချိုးမှာ အ​ပြောင်းအလဲတစ်​ခုဖြစ်​​စေခဲ့ပါတယ်​။အမှတ်​တမဲ့ ဖြစ်​ပျက်​ခဲ့တဲ့အ​ကြောင်းအရာ​တွေဟာ ကျွန်​​တော်​တို့အတွက်​ များပြား​နေပါလိမ့်​မယ်​။ဒါ​ပေမဲ့​မမေ့သွား​လောက်​တဲ့ အဖြစ်​အပျက်​​လေး​တွေက​တော့ ကျွန်​​တော်​တို့ရင်​ထဲမှာ​ အမြဲတမ်းထင်​ကျန်​ရစ်​​နေပါလိမ့်​မယ်​။

 လွန်​ခဲ့တဲ့ ၆နှစ်​​လောက်​က​ပေါ့။၆နှစ်​ဆိုတဲ့ အတိုင်းအတာဆို​ပေမဲ့ ကျွန်​​တော့်​ရင်​ထဲမှာ​တော့ မ​နေ့တ​နေ့ကလို့ပါပဲဗျာ။အဲ့တုန်းကကျွန်​​တော်​ ဖုန်းအ​ရောင်းဆိုင်​တစ်​ခုမှာ အ​ရောင်းဝန်​ထမ်းအ​နေနဲ့ အလုပ်​စလုပ်​​နေတဲ့အချိန်​​ပေါ့။မနက်​က​နေညအထိအလုပ်​ ထဲမှာပဲ ကျွန်​​တော့်​ရဲ့အချိန်​ကိုကုန်​ဆုံး​စေခဲ့ပါတယ်​။တစ်​ရက်​ပြီးတစ်​ရက်​ စားဝတ်​​နေ​ရေးအတွက်​ ဘဝမျက်​နှာဖုံးအမျိုးမျိုးနဲ့ရုန်းကန်​လှုပ်​ရှား​နေရတာ​ပေါ့ဗျာ။ဒါ​တွေဟာဘဝနိယာမသ​ဘောတရား​တွေမဟုတ်​ပါလား။မိမိအနာဂတ်​လှပဖို့အတွက်​ ​နေ့စဉ်​ ကျွန်​​တော်​ တို့ ခန္ဓာကိုယ်​ ခွန်​အား​တွေ ဥာဏ်​အား​တွေသုံးပြီးကြိုးပမ်း​နေရတာပဲ​လေ။ငွေရှာနိုင်​မှ ​ငွေစုနိုင်​မှ ကိုယ်​ချမ်းသာ​နေနိုင်​မယ်​။စိတ်​ချမ်းသာဖို့အတွက်​ဆိုရင်​​​တော့ စိတ်​ညစ်​စရာ​တွေကို​မေ့ပစ်​ထားရုံပဲ​ပေါ့။လူရယ်​လို့ဖြစ်​လာပြီဆိုရင်​ ဆင်းရဲခြင်း ချမ်းသာခြင်းတစ်​ခုခုနဲ့​တော့ ကြုံရမှာပဲ​လေ။ဒါ​တွေနဲ့ပဲ သံသရာကမလွတ်​ကင်းနိုင်​တာ​ပေါ့။Screenshot_2017-11-07-21-01-43-1.png

 ဒီသံသရာက လွတ်​​မြောက်​နိုင်​ဖို့ဆိုရင်​ တရားဘာဝနာအားထုတ်​ပြီး ဒါန သီလများများပြုလုပ်​ကြရမှာပါ။ကျွန်​​တော်​လည်းတတ်​နိုင်​သ​ရွေ့ ကြုံ ကြိုက်​သ​ရွေ့​တော့ ပြုလုပ်​​နေပါတယ်​။ဒီလိုနဲ့ဘဝကို ဖြတ်​သန်းကြရမှာ

ပဲ​လေ။ကျွန်​​တော်​ရဲ့ဘဝတ​လျှောက်​မ​မေ့နိုင်​စရာအ​ကြောင်းက​တော့......။

ဒီဇင်​ဘာည​လေးတစ်​ည။အဲ့ဒီညက လဆန်းပိုင်းဖြစ်​သည့်​အ​လျှောက်​​ကောင်းကင်​ထက်​ဝယ်​ ကြယ်​​တွေစုံလို့ လမင်းကြီးကလည်း တစ်​ခြမ်းတည်းနဲ့ အလင်း​ရောင်​​တွေ ​ပေး​နေလို့်​ပေါ့။ခါတိုင်းအလုပ်​ဆင်း​နေကျအချိန်​ထက်​ ကျွန်​​တော်​​နောက်​ကျမှ ဆင်းရပါတယ်​။ ထူးထူးဆန်းဆန်းထိုညမှ ဆိုင်​မှာ ​ရောင်းအား​ကောင်းပြီး စာရင်းချူပ်​​နေရတာနဲ့​နောက်​ကျသွားတာ​ပေါ့။ဆိုင်​ပိတ်​ပြီးမှ ကျွန်​တော်​လည်းအိမ်ကို ပြန်​ရတာ​ပေါ့။ကျွန်​​တော်​လည်းဆိုင်​ကယ်​​လေးထုတ်​ပြီး ​မောင်းပြန်​ခဲ့တာ​ပေါတယ်​။ကျွန်​​တော့်​အိမ်​နဲ့ဆိုင်​နဲ့က နည်းနည်း​တော့​မောင်းရပါတယ်​။အချိန်​ကလည်းလူသွားလူလာပြတ်​​နေတဲ့အချိန်​ဆိုဖြစ်​​နေပါပြီ။ကျွန်​​တော်​လည်း သီချင်း​လေးညည်းပြီး ဆိုင်​ကယ်​ကိုပုံမှန်​​မောင်းလာခဲ့ပါတယ်​။Screenshot_2017-11-07-21-02-26-1.png

 ကျွန်​​တော်​​နေတဲ့ရပ်​ကွက်​​လေး​ရောက်​ဖို့နည်းနည်းအလိုလည်း​ရောက်​​ရော ကျွန်​​တော့်​​ရှေ့​တည့်​တည့်​မိန်းမကြီးတစ်​​ယောက်​ လက်​လှမ်းတား​နေတာကို​တွေ့လိုက်​ရပါ​တော့တယ်​။ရုတ်​တရက်​ ကျွန်​​တော်​လည်းလန့်​သွားတာ​ပေါ့ ဒီအချိန်​ကြီး ဒီလိုမျိုးတစ်​ခါမှမကြုံဖူးဘူး​လေ။ကျွန်​​တော်​ဆိုင်​ကယ်​ကိုရပ်​သင့်​မရပ်​သင့်​စဉ်းစားရင်း အဲ့လက်​လှမ်းတား​နေ​သောမိန်းမကြီး​အား​ကျော်​လာခဲ့ပါတယ်​။ထိုမိန်းမကြီးကကျွန်​​တော့်​အား "သား​လေး သား​လေး ခဏ​နေပါဦးကွယ်​ အန်​တီဒုက္ခ​ရောက်​​နေလို့ပါကွယ်​ ခဏရပ်​ပါဦး" လို့လှမ်း​အော်​ပြီး တားပါ​တော့တယ်​။ကျွန်​​တော့်​စိတ်​ထဲ မတင်​မကျဖြစ်​သွားပါတယ်​။ဒုက္ခ​ရောက်​​နေလားမသိ ဟန်​​ဆောင်​​နေတာလားမသိ တစ်​ခုခု​ပေါ့။သိတယ်​မဟုတ်​လားအခု​ခေတ်​က အလိမ်​အညာ​ခေတ်​။မထူးပါဘူးလို့ဆိုပြီး ကျွန်​​တော်​ဆိုင်​ကယ်​ကိုဘရိတ်​အုပ်​လိုက်​ပါ​တယ်​။ဒီ​တော့မှ ​စောနက အန်​တီကြီးက ကျွန်​​တော့်​ဆီ အားကိုးတ​ပြေးလာပါ​တော့တယ်​။ကျွန်​​တော့်​ဆီလည်း​ရောက်​​ရော "ငါ့သားရယ်​ အန်​တီ့ကိုတစ်​ခု​လောက်​ကူညီပါ​နော်​ အန်​တီက ဒီမြို့ကမဟုတ်​ပါဘူး ဒီမြို့မှာ တာဝန်​ကျ​နေတဲ့ အန်​တီ့သမီးဆီလာတာပါ ဒီလည်း​ရောက်​ရော အန်​တီ့ပိုက်​ဆံအိတ်​ ခါးပိုက်​နှိုက်​ခံရပါတယ်​ အိတ်​ထဲမှာ အန်​တီ့သမီးလိပ်​စာရယ်​ ဖုန်းနံပတ်​ရယ်​ပိုက်​ဆံအကုန်​ပါသွားပါတယ်​".."အဲ့​တော့ကျွန်​​တော်​ကဘယ်​လိုကူညီ​ပေးရမလဲဗျ "-ကျွန်​​တော်​က စကားဖြတ်​​ပြောလိုက်​ပါတယ်​။"အန်​တီ့ကိုဖုန်းတ​စ်​​ချက်​​လောက်​​ခေါ်​ပေးနိုင်​မလားအိမ်​ကိုဆက်​ချင်​လို့်​ပါပြီး​တော့ပိုက်​ဆံ​လေးနဲနဲ​ချေးပါလားကွယ်​ အန်​တီပြန်​​ပေးမှာပါအခု​လော​လောဆယ်​​တော့အန်​တီဒုက္ခ​ရောက်​​နေလို့ပါ"..ကျွန်​​တော်​လည်းခဏ​တော့​တွေ​ဝေသွားပါတယ်​ ညကြီးအချိန်​မ​တော်​အလိမ်​အညာ​တွေလား​ပေါ့ ထိုမိန်းမပုံကြည့်​ရတာ​တော့ ရိုးရိုးသားသားပုံစံ။ထားလိုက်​ပါ​လေဆိုပြီးကိုယ့်​စိတ်​ထဲက​တွေးရင်း -"အန်​တီကဘယ်​​လောက်​လိုချင်​လို့လဲပိုက်​ဆံကကျွန်​​တော်​လည်းအလုပ်​ကပြန်​လာတာဆို​တော့သိပ်​များများ​တော့မပါဘူးဗျ"ကိုယ်​လည်းလကုန်​မှပိုက်​ဆံမြင်​ရတာကိုလကုန်​ခါနီးပြီဆိုကုန်း​ကောကိစရာကိုမရှိတာ..။"မများပါဘူးသားရယ်​၅၀၀၀တည်းပါအန်​တီလည်းဘာမှမစားရ​သေးဘူးကွဲ့"ဒါမှဒုက္ခကိုယ့်​မှာကမနက်​တည်းက၃၀၀၀ထည့်​လာတယ်​လမ်းမှာဆိုင်​ကယ်​တစ်​ခုခုဖြစ်​ရင်​ပြင်​ဖို့​ပေါ့။နေ့လည်​ကလက်​ဘက်​ရည်​ဆိုင်​သွား​တော့လည်းသူငယ်​ချင်းကရှင်း​ပေးသွားသည်​။ဒါ​ကြောင့်​ပိုက်​ဆံကမသုံးရ​သေးဘဲ၃၀၀၀လုံးရှိ​နေ​သေး။ထိုအန်​တီကံ​ကောင်းတယ်​ဆိုရမလား။"​ရော့အန်​တီ ကျွန်​​တော့်​မှာလည်း၃၀၀၀ပဲပါတယ်​လကုန်​ခါနီးဆို​တော့ကျွန်​​တော်​လည်းမ​ချောင်​လည်​ဘူးဗျ"​ပြော​ပြောဆိုဆိုထောင်တန်​သုံးရွက်​ကိုထုတ်​​ပေးလိုက်​သည်​။ထိုအန်​တီမှ "ရပါတယ်​ကွယ်​​ငါ့သား​လေးကူညီတာနဲ့တင်​​ကျေးဇူးတင်​လှပါပြီ​အန်​တီပြန်​​ဆပ်​ပါ့မယ်​"ကျွန်​​တော်​လည်း ရပါတယ်​ပြန်​မ​ပေးနဲ့ကျွန်​​တေည်​တတ်​နိုင်​သ​လောက်​ကူညီတာပဲဘယ်​လိုမှမ​အောင့်​​မေ့ပါနဲ့" လို့ပြန်​​ပြောလိုက်​ပါတယ်​။Screenshot_2017-11-07-21-02-09-1.png

ထို​​နောက်​အန်​တီကြီးအားသူ့အိမ်​​ဖုန်း​ခေါ်​ပေးပြီးထမင်းဆိုင်​ပါတစ်​ခါတည်းပို့​ပေးလိုက်​ပါ​တော့တယ်​။



ဆက်​လက်​​ရေးသားပါမည်​။
Written by @thihazaw12(MSC.076)
photos from google image

Sort:  

စေတနာအကျိုးခံစားပုံလေးကို ဆက်စောင့်ဖတ်နေပါမယ်

ဟုတ်​ကဲ့ပါ ​ကျေးဇူးပါ

စေတနာဟာကံဖြစ်ပါသည်

ဟုတ်​ပါတယ်​အကို

ကိုယ့်မှာရှိတာအကုန်လုံးပေးတယ်။စေတနာသဒ္ဒါတရားတကယ်ကောင်းတာပဲ။

Waiting next..

ဟုတ်​ကဲ့ ​ကျေးဇူးပါ

waiting . . . . . . .

စောင့်မျှော်နေပါအုံးမည်

ဟုတ်​ကဲ့ အားရှိသွားပါတယ်

စေတနာ​ကောင်းလျှင်​ ကံ​ကောင့းမည်

ဟုတ်​ပါတယ်​ဗျ

ကူညီဖို့ ကိုပင် မကူညီရဲ ဖြစ်နေတဲ့
ခေတ် ကာလ အနေအထားကို ဆင်ခြင် မိပါတယ်