စဉ်းစားစေချင်သည်

in #myanmar8 years ago (edited)

အားလုံးဘဲ မင်္ဂလာပါခင်ဗျာ ကျွန်တော်ရေးချင်တာလေးကတော့ ပီးခဲ့တဲ့အပါတ်ကအဆက်ဖြစ်တဲ့ အများစုမှားတတ်တဲ့ သပ်ပုံလေးတွေပြန်စုစည်းပြီး ဘယ်ဟာကအမှန် ဘယ်လိုသုံးနေတာကတော့အမှားဆိုတာကို ဆက်လက်ရေးသားဖေါ်ပြချင်ပါတယ် ဒါပေမယ့် အခြေအနေတစ်ခုအရ ကြားဖြတ်ဒီဟာလေးကိုရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ လေးငါးရက်လောက်အတွင်းမှာ အပြောင်းအလဲ အထူးအဆန်းတော်တော်များများဖြစ်ပျက်သွားကြတာ အားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုအပြောင်းအလဲတွေကို ခုတုံးလုပ်ပြီးစီးပွားရှာချင်တဲ့သူတွေကတစ်မျိုးရှိလေတော့ ကျွန်တော်ရေးတဲ့စာက တစ်ဦးဦးကိုထိခိုက်စေလိုသောစိတ်မရှိတာအမှန်ပါ ကျွန်တော်တို့မြန်မာတွေ ခေတ်ပညာတတ်တွေဖြစ်နေပြီး သူများပြောစကားယုံ သူတစ်ပါးပါးစပ်ဖျားလမ်းဆုံးနေကြတာကို မကြည့်ရက် မမြင်ရက်လို့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

Screenshot_2018-03-26-00-41-08.png

ဟိုတစ်နေ့က အကယ်ဒမီပေးပွဲအပြီး အားလုံးသိကြတဲ့အတိုင်းဘဲ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်၊ နေတိုး အစရှိတဲ့သူတွေအကယ်ဒမီရကုန်ကြရော အဲ သူတို့ရတာအသာထား ဖေ့ဘုတ်ပေါ်မှာ သူတို့ရုပ်ရှင်သရုပ်ဆောင်နာမည်တွေသုံးပြီး ပေ့တွေဖွင့် ပြီးတော့ အကယ်ဒမီရလို့ ဘာကိုမဲဖောက်ပေးမယ် like လုပ်ပါ ကွန်းမန့်မှာ ကြိုက်နှစ်သက်ရာ ဂဏန်းသုံးလုံးရေးပါ share ပေးကြပါဆိုတဲ့ပို့စ်တွေ တော်တော်များများမြင်ကြတွေ့ကြလိမ့်မယ်ထင်ပါတယ်။ အမလေးဗျာ ရှယ်လိုက်ကြတဲ့သူတွေမနည်းမနောဘဲ ကွန်းမန့်မှာလဲ ဂဏန်းသုံးလုံးက မန့်လိုက်သေးဗျ။ အမလေးကိုယ့်နဲ့အသိတွေတောင်ပါလိုက်သေး။ အော် လူတွေလူတွေ ဒါကဘာလုပ်တာဘာကြောင့် ပေ့ကို like လုပ်ခိုင်းပြီး Share ခိုင်းတာဆိုတာ တစ်ချက်လောက်ရှင်းပြပါရစေ။

Screenshot_2018-03-26-00-39-40.png

ခုခေတ်မှာက ဈေးကွက်စီးပွားရေးအရ ဖေ့ဘုတ်ပေါ်မှာ ငွေရှာကြတဲ့သူတွေ ဒုနဲ့ဒေးပါဘဲ တစ်ချို့လည်းသိကြမယ်လို့ထင်ပါတယ် တစ်ခ်ျု့လည်း ဖေ့ဘုတ်မှာငွေရှာတယ်ဆိုတာ ရီစရာဟာသပြောတယ်ထင်ချင်ထင်ကြပါလိမ့်မယ်ဗျာ။ ဖေ့ဘုတ်မှာပေ့ထောင်မယ် like များများရအောင်လုပ်မယ်။ ပြီးရင် ကိုယ်ပိုင် website သို့မဟုတ် blog တစ်ခုခုနဲ့ချိတ်မယ်၊ ကိုယ့် website သို့မဟုတ် blog မှာ ကြော်ငြာထည့်မယ်။ ကိုယ်ထည့်တဲ့ ကြော်ငြာအမျိုးအစားပေါ်မူတည်ပြီး လူဦးရေ ဘယ်လောက်ဒီ website သို့မဟုတ် ဒီ blog ကို ဝင်ရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ကြော်ငြာတွေပေါ့။ အဲဒီတော့ လူတွေကို သူတို့ကိုယ်ပိုင် site တွေထဲဝင်လာအောင်လုပ်မယ် ကြော်ငြာခရမယ် ဒါကြောင့်ပေ့တွေထောင်တယ် ပေ့နဲ့ site တွေချိတ်ပြီး ပေ့မှာသတင်းတွေ ဟာသတွေ လူစိတ်ဝင်စားမယ့်အရာတွေတင်မယ်။

Screenshot_2018-03-26-00-40-58.png

ကဲ ကျွန်တော်ပြောပြတာကတော့ အကြမ်းဖျင်းသဘောလောက်ပါဘဲ တစ်ချို့သိပြီးသားဖြစ်ပါလိမ့်မယ်ဗျာ မသိသေးတဲ့သူတွေအဖို့တော့ သိအောင်ပြောပြရခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူမေားပြောတာတွေမယုံကြပါနဲ့ သေချာစဉ်းစားပြီး ချင့်ချိန်ပြီးမှ ယုံကြပါဘဖေ့ဘုတ်ပေါ်မှ သတင်းမှန်သမျှသည် ၅၀% ကအမှားတွေဖြစ်ပါတယ်လို့ တင်ပြပါရစေဗျား
Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit facebook & me
MSC-129

Sort:  

ဟုတ်တယ်သက်ရေ အာ့ကိုမသိတဲ့လူတွေအဟုတ်ထင်ပြောချင်ပါဘူးအေ

အော် like လုပ်ပါ ဖုန်းနံပါတ် မန့်ပါ ပြီးရင် Share လိုက်ပါဆိုတာ ဒီလိုမျိုးတွေလားဗျ တကယ်မသိခဲ့ပါဘူးအစ်ကို ကျွန်တော်က ဒီလိုဘဲ စနောက်ပြီးမျက်ခွက်ပြောင်တယ်ထင်ခဲ့တာဗျ

ဟုတ်ပါ့ဗျာ

iphoneမဲဖောက်ပေးမယ့်ပို့စ်ကို အားရပါးရရှယ်နေကြတာမြင် ဂျင်းအကြီးကြီး ထည့်ခံနေကြရတဲ့ အချောင်လိုခြင်နေသူတွေ တော်တော်သနားမိတယ်အစ်ကိုရေ

You have a minor typo in the following sentence:

Thet Naing Min (@thetnaingmin).
It should be they instead of thet.

thet is the first name of my name.

မသိတာတွေသိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါခင်ဗျ

ဟုပ်​တယ်​ တချိုfbမှာအဲ့လိုရှာ​နေကြတယ်

ဟုတ်ပါတယ် အချို့လုပ်နေတဲ့သူတွေ တစ်မျိုးထင်မှာဆိုးလို့ အကြမ်းဖျင်းလောက်ဘဲဖော်ပြပေးခြင်းဖြစ်ပါတယ်

Thz sharing bro,​ရေးအသားရှယ်​ဘဲ😁😁

ဟီးးးး အပြင်မှာတွေ့ရင် မုန့်ဝယ်ကျွေးရမယ်

အဲ့တာတွေ ယုံကိုမယုံတာ

report ပါထုပြစ်

Like & Share ထဲမှာ အန်တီ မပါဘူး ရယ် ..
ဆရာကြီး "သတ်ပုံ" မှားနေပါတယ် ..
"ဈေးကွက် စီးပွားရေး " ပါနော် ..

ဟုတ်ကဲ့ပါတီတီရေ ပြန်ပြင်လိုက်ပါ့မယ်ခင်ဗျာ
ရေးရတာက ရမ်းရေးရတော့ မလွယ်ဘူးဗျ

ခုမှစုံအောင်သိတော့တယ်

အဲ့လိုညီမရေ

ဒီလို ပါပဲ အကိုရာ fb ဆိုတာကြီးက

ပီးခဲ့တဲ့>>ပြီးခဲ့တဲ့
သပ်ပုံ>>သတ်ပုံ
စည်းပွားရေး>>စီးပွားရေး

မှန်တယ်ညီရေ တစ်ချို့ဟာတွေပြန်ပြင်ပြီးဘီ တစ်ချို့ဟာတွေတော့ ရှာမတွေ့လို့မပြင်နိုင်တော့ပါ

ရေးရတာက ရမ်းရေးရတော့ မလွယ်ဘူးညီရေ

Like & share​တွေအများကြီးဘဲ...​တွေ့လိုက်​တယ်​...😀😀

ဟုတ်ပါ့ လူပြိန်းတွေပေါ့ညီမရေ

ကျေးဇူးတင်​ပါတယ်​ ဆင်​ခြင်​လို့ရတာ​ပေါ့ဗျာ

ဟုတ်​တယ်​ FB တင်​မကဘူး မဲ​ပေါက်​လို့ဖုန်းဝင်​တာလဲ အချိန်​​ပေါင်းမနဲ လှည့်​ပတ်လိမ်​​နေကြတာ

ဟုတယ်​တယ်​ အစ်​ကို​ရေ ​နောက်​ဆုံး​ပေါ် iphone ၁၀လုံးတို့၊ ​နောက်​ဆုံး​ပေါ် samsung အလုံး ၂၀တို့ ​တွေး​နေရတယ်​ ဟား....။

Share မေ အယ်ကိုရေ..😁😁ခ်ခ်

ဟုတ်ကဲ့။ခုလိုပညာပေးတာ ကျေးဇူးပါနော်

ခုမှပဲသေချာသိတော့တယ်
ကျေးဇူးပါ

ဟိုနေ့က iphoneမဲဖောက်မယ့်ပို့တွေတွေ့လိုတောင် ရီခြင်မိတယ်

‌ကျေးဇူးပါအစ်‌ကို‌ရေ။

Congratulations @thetnaingmin! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @thetnaingmin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!